တတ်လို့မဟုတ်ဘူးနော် ကိုယ်ပိုင်မှတ်စုကလေးကို ပြန်ရေးထားတာပါ သူငယ်ချင်းတို့လည်း မှတ်လို့ရတာပေါ့။ I hope to you in a better day. The best preparation for work is not thinking about work, talking about work, or studying for work: it is work.Knowledge is the candle, lightening your life, brightening your brain and shining your future.All the grammar you need to know.ပိုစ်တင်နိုင်အောင် ကြိုးစားနေပါတယ် သူငယ်ချင်းတို့ရေ နည်းနည်းကလေး ကျန်းမာရေး မကောင်းလို့နော်။

Wednesday, December 7, 2011

words for word

ဒီနေ့တော့ သူငယ်ချင်းတို့ရေ မှတ်ခဲ့တာလေးတော့ English ကိုလေ့လာကြတဲ့ ငါတို့အားလုံး တစ်ခါတစ်ရံ မှတ်တတ်တဲ့ သတိလွတ်သွားတတ်တဲ့ In time နဲ့ On time မကွဲတတ်တာလေးကို မှတ်ခဲ့တယ်နော်။
အဲဒါလေးကို မျှလိုက်ချင်တယ်နော်။
               In time ဆိုတာ အချန်မီ၊ On time ဆိုတာ သတ်မှတ်ချိန် အတိအကျလို့ မှတ်ထားနော်။

                The train will arrive on time, so we must get to the station in time.
     ရထားက အချိန်အတိအကျ ၀င်လာမှာဆိုတော့ တို့တတွေ ဘူတာရုံကို အချိန်မီရောက်နေဖို့ လိုတာပေါ့။
at times ဆိုတာက ရံဖန်ရံခါလို့ မှတ်ထားဦးနော်။

He is a nice man but he is very queer at times.
သူသဘောတော့ ကောင်းပါရဲ့ ဒါပေမယ့် တစ်ခါတလေကျတော့ ကြောင်တောင်တောင်နိုင်တယ်။

time after time ဆိုတာက အထပ်ထပ် အခါခါ လို့ဆိုတယ်။
Once in a while ဆိုတာက တစ်ခါတလေ
Once in a blue moon ဆိုတာက ဖြစ်တောင့်ဖြစ်ခဲ တစ်ခါတလေ။
all his born days ဆိုတာက တစ်သက်လုံး တစ်ဘ၀လုံးလို့ အဓိပ္ပါယ်ရတယ်နော်။
in a moment / in a second/ in a tick / in less than no time/ in no time တို့ဟာ မကြာမီ မဆိုသလောက် အချိန်အတွင်းလို့ အဓိပ္ပါယ်ရတယ်နော်။

ကြာတဲ့အချိန်ကိုပြောချင်ရင်တော့။
For/ since +နဲ့ သုံးနှုန်းကြပါတယ်။
For a long time/ for ages/ since the year dot အရမ်းကြာပြီ လို့ ပြောလေ့ရှိတယ်။
I have been working there in this shipping line for ages.

ကြာတဲ့အချိန်ကို တစ်နည်းပြောကြည့်အောင်နော်။
 Fleeting ဆိုတာ ခဏတဖြုတ်လို့မှတ်၊
သူနဲ့တွဲလိုက်ရင်တော့ Fleeting glimpse/ fleeting visit/ fleeting smile / fleeting moment/ fleeting appearance/ စသည်ဖြင့် တွဲသုံးတတယ်နော်။
transient ဆိုတာ ခဏပန်း၊ယာယီ လို့ပြောတာ။ သူနဲ့တွဲလိုက်ရင်---
transient problems/ transient pleasure/ transient feeling/ transient population စသည်ဖြင့် သုံးတယ်နော်။

Persistent ဆိုတာ ဆက်တိုက်၊ထပ်တလဲလဲ လို့ပြောတာ။သူနဲ့တွဲလိုက်ရင်တော့။
persistent cough/ persistent problems/ persistent smell/ persistent failure စသည်ဖြင့် တွဲသုံးတယ်နော်။

inexorable ဆိုတာ မနားမနေလို့ပြောတာနော်။ သူနဲ့တွဲသုံးလိုက်ရင်တော့---
inexorable crisis/ inexorable rise/ inexorable pressure/ inexorable decline.

lingering ဆိုတာ တာရှည် ဆိုတဲ့ အဓိပ္ပါယ်ကိုပြောတာနော်။ သူနဲ့တွဲသုံးလိုက်ရင်တော့--
Lingering illness/ lingering doubt/ lingering kiss/ lingering perfume.

ကြာညောင်းနေပြီဖြစ်သော အီလေးနေသော ဆိုတဲ့စကားကိုတော့ protracted ဆိုတဲ့စကားလုံးနဲ့ တွဲလိုက်နော်။
Protracted negotiations/ protracted discussions/ protracted arguments/ protracted lunch break စသည်ဖြင့်သုံးတယ်လို့ မှတ်ထားနော်။
သူငယ်ချင်းတို့ရေ-- ဒီနေ့တို့လည်း ဒီလောက်ပဲ မှတ်လိုက်တော့မယ်နော်။

0 comments:

Post a Comment