တတ်လို့မဟုတ်ဘူးနော် ကိုယ်ပိုင်မှတ်စုကလေးကို ပြန်ရေးထားတာပါ သူငယ်ချင်းတို့လည်း မှတ်လို့ရတာပေါ့။ I hope to you in a better day. The best preparation for work is not thinking about work, talking about work, or studying for work: it is work.Knowledge is the candle, lightening your life, brightening your brain and shining your future.All the grammar you need to know.ပိုစ်တင်နိုင်အောင် ကြိုးစားနေပါတယ် သူငယ်ချင်းတို့ရေ နည်းနည်းကလေး ကျန်းမာရေး မကောင်းလို့နော်။

Wednesday, January 11, 2012

စနစ်တကျပုဒ်ဖြတ်ခြင်း

၂၀၀၃ ခုနှစ် ခရစ္စမတ်ကာလတုန်းက ဗြိတိန်နိုင်ငံမှာ မျှော်လင့်မထားဘဲ ရောင်းအားအကောင်းဆုံးစာရင်းမှာ ပါဝင်သွားခဲ့တဲ့ စာအုပ်တစ်အုပ်ကတော့ Lynn Truss ရေးတဲ့ Eats, Shoots and Leaves (စားတယ်၊ ပစ်တယ်၊ ထွက်သွားတယ်) ဆိုတဲ့စာအုပ်ပဲဖြစ်ပါတယ်။
စာအုပ်အမည်ကို ဟာသတစ်ခုကနေ ရယူထားတာဖြစ်ပါတယ်။ ပန်ဒါဝက်ဝံတစ်ကောင်က ကော်ဖီဆိုင်တစ်ဆိုင်ထဲကို ၀င်သွားပါသတဲ့။ ပန်ဒါဝက်ဝံက အသားညှပ်မုန့်တစ်ခုကို စားတယ်။ သေနတ်ကိုထုတ်၊ လေထဲထောင်ပစ်ပြီး တံခါးပေါက်ကနေ ထွက်သွားမလို့လုပ်ပါသတဲ့။ အဲဒီတော့ စားပွဲထိုးကနားမလည်တာနဲ့ ပန်ဒါဝက်ဝံကို ဒါကဘာလုပ်တာလဲလို့ မေးပါတယ်။ ၀က်ဝံက တောရိုင်းတိရစ္ဆာန်တွေအကြောင်းရေးသားထားတဲ့ စနစ်တကျပုဒ်ဖြတ်မထားတဲ့ စာအုပ်တစ်အုပ်ကိုပြပါသတဲ့။ စာအုပ်ထဲမှာ “Panda. Large black-and - white bear-like mammal, native to China. Eats, shoots and leaves.” (ပန်ဒါဝက်ဝံ၊ အဖြူနှင့်အမည်းနှစ်ရောင်စပ်ဝက်ဝံနှင့်တူသော အရွယ်အစားကြီးသော နို့တိုက်သတ္တ၀ါ၊ တရုတ်နိုင်ငံမှ ပေါက်ဖွား။ စားသည်၊ ပစ်သည်၊ ထွက်ခွာသွားသည်။) လို့ရေးထားတယ်။ (Eats shoots and Leaves= ရွက်နုနှင့် သစ်ရွက်များစားသည်။) လို့ဆိုရမယ့်အစား ကော်မာပိုထည့်မိလို့ အဓိပ္ပာယ်ပြောင်းသွားတာဖြစ်ပါတယ်။ Shoot ကို noun အနေနဲ့သုံးရင် ရွက်နု၊ Verb အနေနဲ့သုံးရင် ပစ်သည်လို့ အဓိပ္ပာယ်ပြောင်းပါတယ်။) စာရေးသူက ပုဒ်ဖြတ်မမှန်ကန်ရင် နားလည်မှုလွဲမှားနိုင်ကြောင်း၊ ဒါမှမဟုတ် ရှုပ်ထွေးမှုဖြစ်နိုင်ကြောင်းပြတာဖြစ်ပါတယ်။ ပုဒ်ဖြတ်ရခြင်း ရည်ရွယ်ချက်ကတော့ အဓိပ္ပာယ်တတ်နိုင်သလောက် ရှင်းလင်းစေဖို့ ဖြစ်ပါတယ်။
Full-stop
ပြည့်စုံတဲ့ ၀ါကျအဆုံးမှာ သုံးရပါတယ်။ ကော်မာလောက်နဲ့ မလုံလောက်ပါဘူး။ သီးခြားမရပ်တည်နိုင်တဲ့အထူးပြပုဒ်များအတွက်တော့ Full-stop ကိုမသုံးရဘူး။ ဥပမာ if the outstanding amount is not paid. (ကျန်ရှိနေသော ငွေပမာဏကို မပေးချေပါက။) လို့သုံးရင်မမှန်ဘူး။ အခုခေတ်အသုံးနှုန်းမှာ ယေဘုယျအားဖြင့် အတိုကောက်စကားလုံးတွေနောက်မှာ Full-stop ကိုမထည့်တော့ဘူး။
Question mark
သုံးပုံသုံးနည်းကတော့ သိသာထင်ရှားပါတယ်။ သတိပြုရမယ့်အချက်ကတော့ မေးခွန်းကိုတစ်ဆင့်ပြန်ပြောရင် မေးခွန်းတွေမဟုတ်တော့ဘဲ အဆိုပါဝါကျမှာလို ကတ္တားနောက်ကြိယာလိုက်တဲ့ အစီအစဉ်အတိုင်းသုံးရမယ်။ ဒါကြောင့် Question mark လည်း မလိုတော့ဘူးဆိုတာပဲဖြစ်ပါတယ်။ ‘Are you going to London next week?’ (နောက်အပတ်မင်းလန်ဒန်ကို သွားမှာလား) - Question mark လိုတယ်။ The Chairman asked if I was going to London the following week. (နောက်အပတ်ကျွန်တော် လန်ဒန်သွားမသွားဥက္ကဋ္ဌကမေးပါသည်။) - Question Mark မလိုတော့ဘူး။
 Semi-colon
ပုဒ်ဖြတ်တွေထဲမှာ နားမလည်ကြဆုံး ပုဒ်ဖြတ်ဖြစ်ပါတယ်။ Semi-colon ကကော်မာထက်စာရင် Full-Stop နဲ့ပိုပြီးနီးစပ်တယ်။ ကော်မာအစား မသုံးရဘူး။ တစ်ခါတစ်ခါ Full-stop နဲ့ Semi-colon နှစ်သက်ရာသုံးနိုင်တဲ့ အနေအထားမျိုးလည်းရှိတယ်။ Semi-colon အသုံးပြုပုံကတော့-- ဆက်စပ်နေတဲ့ ၀ါကျနှစ်ခုအကြားမှာ သုံးနိုင်တယ်။ I wrote the letter: John posted it. (ကျွန်တော်စာရေးတယ်၊ ဂျွန်ကစာတိုက်ကို ပို့ပေးတယ်။) ဒီနေရာမှာ Semi-colon အစား ကော်မာတစ်ခုတည်း သုံးရင်မှားပါတယ်။ ကော်မာနဲ့ and တွဲပြီး ဒါမှမဟုတ် ကော်မာနဲ့ but တွဲပြီးသုံးရင်တော့မှန်ပါတယ်။
- စာရင်းတစ်ခုမှာပါနေတဲ့ စကားလုံးတစ်လုံးချင်းမဟုတ်တဲ့ စကားလုံးစုတွေအကြားမှာ သုံးနိုင်ပါတယ်။ (ယခင်အချက်မှာလိုပဲ ဖြစ်ပါတယ်။)
 Comma
ကော်မာတချို့က ကော်မာကို ဖောဖောသီသီသုံးလေ့ရှိတယ်။ တချို့လည်း ချွေချွေတာတာသုံးကြတယ်။ ကော်မာကို လွတ်လပ်စွာသုံးနိုင်ပါတယ်။ အောက်ဖော်ပြပါ အရေးကြီးတဲ့စည်းမျဉ်းတွေကို လိုက်နာမယ်ဆိုရင် ပြီးပါတယ်။
- သီးခြားရပ်တည်နိုင်တဲ့ စကားစုပုဒ် ဒါမှမဟုတ် ၀ါကျတွေအကြားမှာ ကော်မာချည်းသက်သက် မသုံးရဘူး။ (Semicolon အပိုင်းမှာလည်း ရှင်းပြထားပါတယ်။ )
- အထူးပြုပုဒ်နောက်က သီးခြားရပ်တည်နိုင်တဲ့ပုဒ်လိုက်မယ်ဆိုရင် ကော်မာခံပြီးမှ သီးခြားရပ်တည်နိုင်တဲ့ပုဒ်ကို ရေးလေ့ရှိပါတယ်။ ဒါပေမဲ့ သီးခြားရပ်တည်နိုင်တဲ့ပုဒ်နောက်က အထူးပြုပုဒ်လိုက်မယ်ဆိုရင်တော့ ကော်မာသုံးလေ့မရှိဘူး။ ဥပမာ မိုးရွာနေပေမဲ့ သူလမ်းလျှောက်ထွက်တယ်ဆိုတာကို ကော်မာပါ၊ မပါနှစ်မျိုးရေးပုံကို လေ့လာကြည့်ပါ။ ကော်မာနဲ့ရေးတာက အထူးပြုပုဒ်ရှေ့မှာရှိလို့ Although it was raining, he went for a walk. ဖြစ်ပြီး ကော်မာမပါဘဲရေးတာက အထူးပြုပုဒ်က နောက်ကလိုက်လို့ He went for a walk although it was raining. ဖြစ်ပါတယ်။
 Colon
အသုံးကျမယ့် စည်းမျဉ်း ၂ ခုကိုဖော်ပြပါတယ်။
- ၀ါကျတစ်ကြောင်းကနေ နောက်တစ်ကြောင်းကို တိုက်ရိုက်ဆက်စပ်သွားတဲ့အခါ ဒါမှမဟုတ် တိုက်ရိုက်ဦးတည်သွားတဲ့အခါ colon ကိုသုံးပါတယ်။ ဥပမာ He looked out of the window: the sky was cloudy and overcast. (ပြူတင်းပေါက်အပြင်ကို သူကြည့်လိုက်တယ် - ကောင်းကင်မှာ တိမ်ဖုံးပြီးမည်းမှောင်နေပါတယ်။)
- စာရင်းတစ်ခုကို ဖော်ပြဖို့၊ ဒါမှမဟုတ် ဥပမာတစ်ခုကိုဖော်ပြဖို့ colon ကိုသုံးပါတယ်။ (ဥပမာ “for example:” “as follows:” (အောက်ပါအတိုင်း ဖြစ်ပါသည်) ဆိုပြီးသုံးလေ့ရှိတယ်။ မျဉ်းတိုအသုံးဝင်ပေမယ့် အတိအကျအဓိပ္ပာယ်ဖော်ပြဖို့ခက်တဲ့ ပုဒ်ဖြတ်အမှတ်အသားတစ်မျိုးဖြစ်ပါတယ်။ အောက်ပါတို့အတွက် သုံးနိုင်ပါတယ်။
- ထပ်ဖြည့်အတွေးတစ်ခုကို ဖော်ပြဖို့သုံးနိုင်တယ်။ We shall arrive on Monday -at least, I hope  so. (ကျွန်တော်တို့ တနင်္လာနေ့မှာရောက်ပါမယ်- အနည်းဆုံးတော့ ကျွန်တော်က အဲဒီလိုမျှော်လင့်ပါတယ်။)
- အတွေးတစ်ခုမပြီးခင် နောက်တစ်ခုက ကြားဖြတ်တာမျိုး၊ အတွေးတစ်ခုနဲ့တစ်ခု ဆက်စပ်မှုပြတ်တောက်နေတာမျိုးကို ဖော်ပြဖို့သုံးနိုင်တယ်။ ဥပမာ Winston Churchill- whom I briefly met when I was a child - had a career in Parliament which spanned 65 years. (၀င်စတန်ချာချီဟာ- ကျွန်တော်ကလေးဘ၀က ခဏလေးတွေ့ဖူးတာပေါ့ - လွှတ်တော်အမတ်လုပ်သွားတာ ၆၅ နှစ်ကြာခဲ့တယ်။)
 Quotation marks (inverted commas)
လက်သည်းကွင်း (တိုက်ရိုက်ဖော်ပြချက်)
- စကားလုံးတစ်လုံးတည်းကို တိုက်ရိုက်ကိုးကားဖော်ပြတဲ့အခါ ဒါမှမဟုတ် စကားလုံးကို ထူးခြားတဲ့နည်းလမ်းနဲ့ သုံးထားတဲ့အခါ တစ်ခုတည်းလက်သည်းကွင်းအစုံ single quotation marks (‘ ‘) ကိုသုံးပါတယ်။
- ပြောစကားကို တိုက်ရိုက်ကိုးကားဖော်ပြရာမှာ တစ်ခုတည်းလက်သည်းကွင်းအစုံ (‘ ‘) ဒါမှမဟုတ် နှစ်ခုပေါင်းလက်သည်းကွင်းအစုံ (“ “) ကိုသုံးနိုင်တယ်။ တိုက်ရိုက်ကိုးကားဖော်ပြတဲ့အထဲမှာ နောက်ထပ်တိုက်ရိုက်ကိုးကားဖော်ပြချက်ပါနေရင် လက်သည်းကွင်းပုံစံ ၂ ခုရှိတဲ့အထဲက ပင်မကိုးကားချက်အတွက် သုံးထားတဲ့ အပြင်ကလက်သည်းကွင်းနဲ့မတူတဲ့ လက်သည်းကွင်းပုံစံကို လွှဲသုံးပါ။ စာအုပ်တိုက်တွေမှာ ကိုယ်ပိုင်သတ်မှတ်ထားတဲ့ စာဟန်ရှိကြပါတယ်။ ဒါကြောင့် အထက်မှာ ဆွေးနွေးဖော်ပြခဲ့တဲ့အချက်တွေကို ယတိပြတ်လိုက်နာရမယ့် မူသေစည်းမျဉ်းတွေလို့မယူဆဘဲ လမ်းညွှန်ချက်သဘောသာ ယူဆကြဖို့ဖြစ်ပါတယ်။
အထက်ပါသင်ခန်းစာများအား Myanmar Network မှ ဖြစ်ပြီး နေ့စဉ်အခမဲ့အင်္ဂလိပ်စာသင်ခန်းစာများ လေ့လာလိုပါက www.myanmarnetwork.net တွင် သွားရောက်လေ့လာနိုင်သည်။

Monday, January 9, 2012

မှားယွင်းတတ်သည့် သဒ္ဒါနဲ့ဝေါဟာ အသုံးများ


ဝေါဟာရစကားလုံးတစ်လုံးကို ၀ါကျများမှာ ထည့်သွင်းရေးသားတဲ့အခါ အဲ့ဒီဝေါဟာရ ရဲ့လုပ်ဆောင်ချက် (Function) ကိုခွဲခွဲခြားခြားသိရှိနားလည်ဖို့လိုပါတယ်။ နောက်ပြီးတော့ အဲ့ဒီစကားလုံးရဲ့ အဓိပ္ပါယ်ကိုလည်း တိတိကျကျနားလည်ဖို့လိုပါတယ်၊ ဒါမှသာ မှန်ကန်တဲ့ဝါကျတည်ဆောက်ပုံနဲ့အသုံးအနှုန်းကိုရေးသားနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ မကြာခဏဆိုသလို မှားယွင်းသုံးစွဲတတ်တဲ့ဝေါဟာရစကားလုံးတွေကိုဆက်ပြီး လေ့လာဖို့ဖော်ပြလိုက်ပါတယ်။

Alternative and alternate

ပေးထားတဲ့စကားလုံးနှစ်လုံးဟာ စာလုံးပေါင်းခြင်း ဆင်တူနေတာကြောင့် အဓိပ္ပါယ်ကွဲပြားမှုကို သတိထားကြည့်ဖို့လိုပါတယ်။

Alternate ဟာ နာမ၀ိသေသနစကားလုံးဖြစ်ပြီး (နှစ်ခု၊နှစ်ရပ်) တစ်ခုခြားတစ်ထပ်စီ၊ တစ်ကန့်စီဖြစ်သော၊ တစ်လှည့်စီဖြစ်သော လို့ အဓိပ္ပါယ်ရပါတယ်။

ဥပမာဝါကျကိုလေ့လာကြည့်ပါ.။

He only comes to work on alternate days. (သူအလုပ်ကို တစ်ရက်ခြားစီ လာဆင်းတယ်)

Alternative ကတော့ နာမ၀ိသေသနာလိုရော၊ နာမ်လိုရော သုံးနိုင်ပါတယ်.။ နာမ၀ိသေသန ဆိုရင် “အခြားသော၊ သမားရိုကျမဟုတ်သော” လို့အဓိပ္ပါယ်ရပြီး နာမ်ဆိုရင် “အခြားနည်းလမ်း၊ ရွေးချယ်စရာ” လို့ဆိုလိုပါတယ်။ အောက်မှာပေးထားတဲ့ ဥပမာဝါကျများကို လေ့လာကြည့်ပါဦး။

We will make an alternative arrangement if these plans don’t suit you. (ဒီအစီအစဉ်တွေဟာ မင်းနဲ့မကိုက်ညီဘူးဆိုရင် အခြားအစီအစဉ်တွေ ငါတို့လုပ်ပေးမယ်)

I had to go. There was no alternative.

(ကျနော်ထွက်သွားခဲ့ရတာပေါ့၊ အခြားရွေးစရာမှမရှိတာကိုး။

Xxxxxxxxxxxxxx

Altogether and all together

စကားလုံးနှစ်လုံးရဲ့အဓိပ္ပါယ်က တူတူပဲလို့ ထင်စရာရှိတယ်။ တကယ်တော့မတူပါဘူး။ ဒါကြောင့်မို့ဒီလိုစကားလုံးမျိုးသုံးတဲ့အခါ သတိထားသုံးဖို့လိုအပ်ပါတယ်၊ အဓိပ္ပါယ်ကိုလည်း တိတိကျကျသိရ ပါမယ်။

Altogether ကို “လုံးဝ၊အားလုံး၊အပြည့်အ၀၊လုံးလုံးလျားလျား၊အားလုံးပေါင်း၊ အားလုံးခြုံငုံလိုက်သော်” စသည့် ဖြင့် အဓိပ္ပါယ်တွေရှိပါတယ်။ သူ့ရဲ့ Function က ကြိယာဝိသေသန စကားလုံးပါ။

အောက်မှာပေးထားတဲ့ဝါကိများကို လေ့လာကြည့်ပါ။

I don’t altogether agree. (ကျနော်လုံးဝသဘောမတူဘူး)

It is altogether wrong to ill-treat animals. ( တိရစ္ဆာန်တွေကို မညှာမတာ ပြုမူတာဟာ လုံးဝမှားယွင်းတယ်)

All together ကတော့ “တစ်ယောက်ချင်းဆီ၊ တစ်ခုချင်းစီ ပါဝင်တဲ့ အားလုံးစုစုပေါင်းအရေအတွက်" ကိုဆိုလိုတာပါ။ ဥပမာဝါကို ဖတ်ကြည့်လိုက်ရင် အဓိပ္ပါယ်ရှင်းသွားပါလိမ့်မယ်။

They all went out together. (သူတို့အားလုံးအပြင်ကို သွားခဲ့ကြတယ်)

She put the glasses all together in the sink. ( သူ(မ)ဟာ ဖန်ခွက်တွေအားလုံးကို ပန်းကန်ဆေးကန်ထဲ ကို ထည့်ထားလိုက်တယ်)

လေ့လာရင်းတိုးတက်နိုင်ပါစေ

ခင်မင်စွာဖြင့်

အလင်္ကာည


Read more: မှားယွင်းတတ်သည့် သဒ္ဒါနှင့် ဝေါဟာရအသုံးအနှုန်းများ - Myanmar Network