တတ်လို့မဟုတ်ဘူးနော် ကိုယ်ပိုင်မှတ်စုကလေးကို ပြန်ရေးထားတာပါ သူငယ်ချင်းတို့လည်း မှတ်လို့ရတာပေါ့။ I hope to you in a better day. The best preparation for work is not thinking about work, talking about work, or studying for work: it is work.Knowledge is the candle, lightening your life, brightening your brain and shining your future.All the grammar you need to know.ပိုစ်တင်နိုင်အောင် ကြိုးစားနေပါတယ် သူငယ်ချင်းတို့ရေ နည်းနည်းကလေး ကျန်းမာရေး မကောင်းလို့နော်။

Saturday, December 10, 2011

 Idioms and Expressions ကဏ္ဍမှာ cut a deal, backroom deal, sweetheart deal နဲ့ no big deal အီဒီယံအသုံးအနှုန်းများကို တင်ပြပေးထားပါတယ်။

ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ cut a deal ဖြစ်ပါတယ်။ Cut =  ဖြတ်သည်၊ A = တခု၊ Deal = သဘောတူညီမှု တို့ ဖြစ်ကြပါတယ်။ စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က သဘောတူညီမှုတခုကို ဖြတ်လိုက်သည် ဖြစ်ပါသည်။ အီဒီယံအသုံးသဘောအရတော့ အထူးသဖြင့် စီးပွားရေး၊ နိုင်ငံရေးမှာ တဖက်နဲ့တဖက်၊ တဦးနဲ့တဦး နားလည်းမှု ရယူတာ၊ အပေးအယူ ရယူတဲ့ သဘောမျိုးဖြစ်ပါတယ်။ Cut a deal က အပေးအယူ တည့်တဲ့သဘောလည်း ဖြစ်ပါတယ်။

ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ အောက်ပါဥပမာကို လေ့လာကြည့်ရအောင်ပါ။

The two political parties tried to cut a deal with the annual budget, but both sides refused to give in. So, we might face a government shutdown.

နိုင်ငံရေး ပါတီနှစ်ရပ်စလုံးက နှစ်ပတ်လည် အသုံးစရိတ်နဲ့ ပတ်သက်လို့ အပေးအယူတည့်ဖို့ ကြိုးစားကြည့်ကြသေးတယ်။ ဒါပေမဲ့ နှစ်ဖက်စလုံးက မလျှော့ကြတော့ အစိုးရနားပိတ်ရမယ့် အခြေအနေ ဖြစ်လာလိမ့်မယ်။

ဒုတိယတင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းက backroom deal ဖြစ်ပါတယ်။ Backroom = အနောက် (ဖက်) ခန်း၊ Deal = သဘောတူညီမှု တို့ ဖြစ်ကြပါတယ်။ စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က အနောက်ဖက်ခန်းမှာ ရရှိတဲ့ သဘောတူညီမှု ဖြစ်ပါတယ်။ အီဒီယံဆိုတဲ့ သွယ်ဝိုက်အဓိပ္ပါယ်ကလည်း ရှင်းပါတယ်။ အနောက်ခန်းဆိုကတည်းက တိတ်တိတ်လျှို့ ဝှက်လုပ်တာ၊ ပေါ်ပေါ်ထင်ထင်မဟုတ်ဘဲ လက်သိပ်ထိုးလုပ်တဲ့ သဘောတူညီမှုမျိုးကို ဆိုလိုခြင်းဖြစ်ပါတယ်။ ဒါကြောင့် ရှေ့ ကျတော့တမျိုး နောက်ကွယ်မှာတော့ တိုးတိုးတိတ်တိတ် အချင်းချင်းကြား အပေးအယူလုပ်တာကို backroom deal လို့ ရည်ညွှန်းပြောကြပါတယ်။

ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ အောက်ပါဥပမာကို လေ့လာကြည့်ရအောင်ပါ။

The foreign oil company gave the government officials a lot of money in the backroom deal they made earlier.

ဒီ နိုင်ငံခြားရေနံကုမ္မဏီက အစောပိုင်း လက်သိပ်ထိုးလုပ်ခဲ့တဲ့ သဘောတူညီမှုမှာ အစိုးရအရာရှိတွေကို ငွေတွေအများကြီးပေးခဲ့တယ်။

နောက်ထပ်တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ sweetheart deal ဖြစ်ပါတယ်။ Sweetheart = ချစ်သူရည်စား၊ Deal = သဘောတူညီမှု တို့ ဖြစ်ကြပါတယ်။

0 comments:

Post a Comment