တတ်လို့မဟုတ်ဘူးနော် ကိုယ်ပိုင်မှတ်စုကလေးကို ပြန်ရေးထားတာပါ သူငယ်ချင်းတို့လည်း မှတ်လို့ရတာပေါ့။ I hope to you in a better day. The best preparation for work is not thinking about work, talking about work, or studying for work: it is work.Knowledge is the candle, lightening your life, brightening your brain and shining your future.All the grammar you need to know.ပိုစ်တင်နိုင်အောင် ကြိုးစားနေပါတယ် သူငယ်ချင်းတို့ရေ နည်းနည်းကလေး ကျန်းမာရေး မကောင်းလို့နော်။

Monday, April 30, 2012

လက်ဆင့်ကမ်းခြင်း


Certainly not! (လုံးဝပဲ)
You use certainly not! as a stronger way of saying 'no' in answer to a question:
လုံးဝပဲ certainly not!ကို မေးခွန်းကို အငြင်းအနေဖြင့် ပြောရာတွင် ပိုမို ထိရောက်အောင် ပြောဆိုရာတွင် အသုံးပြုသည်။
  • 'Are you going to give up work now you are 60?'
    အခုအသက် ၆၀ ရှိပြီဆိုတော့ အလုပ်က အနားယူတော့မှာလား။
    'Certainly not! I'm fit and healthy and well able to work.'
    လုံးဝပဲ။ ငါက ကျန်းမာတယ်။ ပြီးတော့ အလုပ်လုပ်နိုင်သေးတယ်။
  • 'Did you lend Jack your car?'
    Jack ကို မင်းကားငှားလိုက်လား?
    Certainly not! He is a very bad driver.'
    လုံးဝပဲ။ သူက အရမ်းဆိုးတဲ့ ကားမောင်းသမားလေ။

Hardly (ဝေးပါသေးတယ်)


You say hardly when something seems very unlikely or unreasonable to you:
ဝေးပါသေးတယ် hardlyကို သင့်အတွက် တစ်စုံတစ်ခုသည် မဖြစ်နိုင် (သို့) ကျိုးကြောင်းမသင့်လျော်ပါက အသုံးပြုနိုင်သည်။
  • Will Sara be at Meg's wedding?'
    Sara က Meg ရဲ့ မင်္ဂလာဆောင်မှာ ရှိမှာလား။
    'Hardly! She used to be engaged to the groom.'
    ဝေးပါသေးတယ် သူမက သတို့သားနဲ့ အရင်တုန်းက စေ့စပ်ဖူးတယ်လေ။
  • Will we reach the hotel before dinner?'
    ဟိုတယ်ကို ညစာမစားခင်လောက်ရောက်နိုင်မလား။
    'Hardly! We've still 150 kilometres to go.
    ဝေးပါသေးတယ်။ နောက်ထပ် ကီလိုမီတာ ၁၅၀ လောက်သွားရဦးမယ်။


I've no idea (မပြောတတ်ဘူး)


You say I've no idea when you wish to emphasize that you do not know the answer to something:
မပြောတတ်ဘူး I’ve no idea ကို တစ်စုံတစ်ခုနှင့်ပတ်သက်၍ အဖြေမသိကြောင်းကို
အလေးပေး ပြောလိုသည့်အခါတွင် အသုံးပြုနိုင်ပါသည်။
  • 'Where has Jim gone?'
    Jim ဘယ်သွားလဲ
    'I've no idea. He left without saying anything.'
    မပြောတတ်ဘူး။ သူက ဘာမှမပြောပဲထွက်သွားတာပဲ။
  • I've no idea why Ben and Tom quarrelled.
    Ben နဲ့ Tom ဘာကြောင့်စကားများလဲတော့ မပြောတတ်ဘူး။
    They've always been such good friends.
     သူတို့က အမြဲတမ်း သူငယ်ချင်းကောင်းတွေ ပဲ။


It's just that
(အဲ့ဒါကတော့)


You say it's just that when you are giving a reason for something or explaining something:
အဲဒါကတော့ it’s just thatကို အကြောင်းတစ်စုံတစ်ရာနှင့်ပတ်သက်၍ အကြောင်းပြချက်ပေးလိုသောအခါ (သို့) ရှင်းပြလိုသော အခါတွင် အသုံးပြုနိုင်ပါသည်။

  • I'd like to go to the wedding. It's just that - I have to work that day.
    ငါက မင်္ဂလာဆောင်ကို သွားချင်ပါတယ်။ အဲ့ဒါက ငါအဲ့ဒီနေ့မှာ အလုပ်လုပ်ရမှာ မို့လို့ပါ။
    I know 1 said that I would finish the work by this afternoon. It's just that it is taking much longer than I thought it would.
    ဒီနေ့ နေ့လည်ခင်းမှာ အလုပ်ကို အပြီးလုပ်မယ်လို့ပြောခဲ့တာငါသိပါတယ်။ အဲ့ဒါကတော့ ငါမှန်းတာထက် အချိန်ပိုကြာသွားလို့ပါ။


What's the matter? (ဘာဖြစ်နေတာလဲ။)



You say what's the matter? when you ask why someone is upset, angry, etc:
ဘာဖြစ်နေတာလဲ what’s the matterကို တစ်စုံတစ်ယောက်အား ဘာအတွက်ကြောင့် ၀မ်းနည်း၊ စိတ်ဆိုးနေသည် စသည်တို့ကို မေးရာတွင် အသုံးပြုသည်။
  • Jane is crying. What’s the matter with her?
    Jane ငိုနေတယ်။ သူမဘာဖြစ်နေတာလဲသိဘူး။
    What's the matter with Ben? He's just left the house looking furious
    Ben ဘာဖြစ်နေတာလဲ။ အိမ်ထဲကနေ အခုလေးတင်ပဲ စိတ်ဆိုးနေတဲ့ပုံနဲ့ ထွက်သွားတယ်။

 
 
http://www.myanmar-network.net/forum/topic/show?id=3423487%3ATopic%3A603389&xgs=1&xg_source=msg_share_topic မှကူးယူဖော်ပြပါသည်။


Wednesday, April 25, 2012

ကမ္ဘာ့အံ့ဖွယ် သုတပန်းခင်းများ


-The only bird that can fly backwards is the humming bird.
-နောက်ပြန်ပျံသန်းနိုင်သည့် တစ်မျိုးတည်းသောငှက်မှာ “ငှက်ပိတုန်း” ဖြစ်သည်။

-The giant squid has the largest eyes in the world.
- ကမ္ဘာ့အကြီးဆုံးမျက်လုံးပိုင်ရှင်မှာ ဧရာမရေဘ၀ဲကောင်ဖြစ်သည်။

-An ostrich’s eye is bigger than its brain.
-ငှက်ကုလားအုတ်၏ မျက်လုံးသည် ၄င်း၏အုံးနှောက်ထက် ပို၍ကြီးမား၏။

-A rat can survive longer without water than a camel.
ကြွက်သည် ကုလားအုတ်ထက် ရေမရှိပဲ အချိန်ကြာမြှင့်စွာ အသက်ရှင်နိုင်သည်။

-A dolphin sleeps with one eye open.
-လင်းပိုင်သည် မျက်လုံးတစ်ဖက်ဖွင့်၍ အိပ်စက်သည်။

-A crocodile cannot stick its tongue out.
-မိချောင်းသည် ၄င်း၏ လျှာကိုအပြင်သို့မထုတ်နိုင်ပါ။

-A goldfish has a memory span of three seconds.
-ရွှေငါးတစ်ကောင်၏ မှတ်ဥာဏ်မှာ သုံးစက္ကန့်မျှသာကြာရှည်သည်။

-Camels will spit if they are annoyed.
-ကုလားအုတ်များသည် စိတ်အနှေက်အယှက်ပြုခံရလျှင် တံတွေးဖြင့် ထွေးတက်သည်။

-Only female mosquito bites.
-ခြင်အမများသာ ကိုက်တက်သည်။

-A mammal's blood is red, an insect's blood is yellow and a lobster's blood is blue.
-နို့တိုက်သတ္တ၀ါ၏သေသွေးသည် အနီရောင်၊ ပိုးမွှား၏သွေးသည် အ၀ါရောင်၊ ပုဇွန်တုပ်၏သွေးသည် အပြာရောင်အသီးသီးဖြစ်ကြသည်။

-Loud, fast  music makes termites chew faster.
-ကျယ်လောင်ပြီး မြန်ဆောင်သောဂီတသံသည် ခြကောင်များအား အစားအစာကို ပိုမိုလျင်မြန်စွာ ၀ါးစားစေသည်။

-A blue whale's tongue weights more than an elephant.
-ဝေလငါးအပြာ၏လျှာသည် ဆင်ကြီးတစ်ကောင်ထက် ပို၍ လေးသည်။

-Bats always exit a cave to the left.
-လင်းနို့များ ဂူထဲမှ အပြင်သို့ထွက်လျှင် ၀ဲဘက်သို့ ပျံသန်းတက်ကြသည်။

-Tigers have striped skin, not just striped fur.
-ကျားများ၏သားမွေးများသာမက အရေခွံပါ အစင်းကျားများ ဖြစ်သည်။

-The heart of a giraffe weights more than 25 lb, and is 2 feet wide.
-သစ်ကုလားအုတ်၏ နှလုံသည် (၂၅) ပေါင် ကျော်လေးပြီး အကျယ် နှစ်ပေရှိသည်။

-Elephants are not afraid of mice.
-ဆင်များသည် ကြွက် ကိုမကြောက်ပါ။

-Camels have three eyelids to protect their eyes from blown sand.
-ကန္တာရအတွင်းရှိ သဲမှုန်များမှ ကာကွယ်ရန် ကုလားအုတ်များတွင် မျက်ခွံသုံးထပ်စီရှိကြသည်။

-Slugs have four noses.
-ပတ်ကျိတွင် နှာခေါင်းပေါက်လေးခုရှိသည်။

-Snakes are immune to their own venom.
-မြွေများသည် ၄င်းတို့၏ကိုယ်ပိုင်အဆိပ်ကို ခံနိုင်စွမ်းရှိသည်။

-The fastest bird is the peregrine falcon and can fly faster than 190 miles per hour.
-အမြန်ဆုံးပျံသန်းနိုင်သော ငှက် မှာ "ပယ်ရာဂရင်းန်" လင်းယုန်ငှက်ဖြစ်ပြီး တစ်နာရီလျှင် မိုင်(၁၉၀) နှုန်းမက ပျံသန်းနိုင်သည်။

-Mosquitoes are attached to the colour blue more than any other colour.
-ခြင်များသည် အခြားအရောင်များထက် အပြာရောင်၏ ဆွဲဆောင် ခြင်းကို ပို၍ခံရသည်။

-Cats cannot taste sweet things.
-ကြောင်များသည် ချိုသောအရသာကိုမခံစားနိုင်ပါ။

-The largest egg is laid by the ostrich and can be 8 inches in length and 6 inches in diameter.
-ကမ္ဘာ့အကြီးဆုံးဥမှာ ငှက်ကလားအုတ်၏ ဥဖြစ်ပြီး၊ အလျှား (၈) လက်မ၊ အချင်း (၆) လက်မရှိသည်။

Tuesday, April 24, 2012

တံခါးပိတ်ပြီး လက်ယပ်ခေါ်နေသော လွှတ်တော်

တံခါးပိတ်ပြီး လက်ယပ်ခေါ်နေသော လွှတ်တော်
( မောင်မောင်ဝမ်း )

အစိုးရဘက်က ပြဌာန်းထားသော ကျမ်းသစ္စာဆိုချက်တွင်..အင်္ဂလိပ်လို..uphold ဆိုတာကို ရှင်းပြချင်ပါသည်..အဓိပ္ပါယ်က..(To maintain or affirm against opposition - မဆန့်ကျင်ဘို့ အတည်ပြုရမည်၊ထိန်းသိမ်းပါမည် ၊ To prevent from falling or sinking - ပျက်စီးမသွားအောင် တားဆီးပါမည် ) ......စဉ်းစားကြည့်ပါ....NLD ရွေးကောက်ပွဲမှာလူထုကို ကတိပေးထားတာက...၂၀၀၈ ဖွဲ့စည်းပုံပြင်မယ်ဆိုတာ ...အဓိကမူ...ဒီကိစ္စကို လွယ်လွယ်လေး ခပ်ပေါ့ပေါ့လုပ်လိုက်ရင်...လူထုကို ပေးထားတဲ့ကတိဖျက်ရာမရောက်ဘူးလား...NLD လုပ်ရပ်မှန်တယ်....ဒီကိစ္စဟာ...လူထုဆန္ဒကို ရွေးကောက်ပွဲအပြီးမှာ ထပ်ဆင့်ဖော်ဆောင်တာ

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ကြားဖြတ်ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ်တွေ အများစု အနိုင်ရရှိခဲ့တယ်ဆိုတာ..အားလုံးအသိဖြစ်ပါတယ်…သို့သော် လွှတ်တော် တက်ခါနီးဆဲဆဲမှာ ကျမ်းသစ္စာ ကျိန်ဆိုခြင်း စာသားနဲ့ ပတ်သက်လို့ အငြင်းပွားစရာ ကိစ္စကဖြစ်လာတယ်..ဒီကိစ္စဟာ သာမန်ကြည့်မယ် ဆို…အသေးဖွားလေးလိုလို…ကျော်လွှားသွားရင်ပဲဖြစ်တော့မရောင်ရောင် ပြောဆိုနေတဲ့ ခပ်ညံ့ညံ့ လွှတ်တော် ကိုယ်စားလှယ်ဆိုသူများရဲ့အင်တာဗျူးများကိုလည်း နားထောင်လိုက်ရပါတယ်….။

လွှတ်တော် ကိုယ်စားလှယ် တဦးဖြစ်တဲ့ ဦးခင်ရွှေ ကဆို….၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ပါဝင်တဲ့ ကျမ်းသစ္စာ ကတိပြုချက် ( အင်္ဂလိပ်လို ) ဟာနဲ့ တလွဲ ဒီမိုကရေစီဖွံ့ဖြိုးနေတဲ့.. နိုင်ငံတွေက… ကျမ်းသစ္စာ ကျိန်ဆိုချက်တွေကို မဆီမဆိုင် ကိုးကားပြီးပြောသွားလေရဲ့…ပြောသွားတော့လည်း အင်္ဂလိပ်လို တလွဲတွေချည်းပဲ…သူပြောသွားတာက………

အမေရိကန်မှာ ဆိုရင် - I will support to defend of the constitution.

ဂျာမနီမှာ ဆိုရင် - Defend of the visit law.

ဂျပန်မှာ ဆိုရင် - I will protect of the defend of the national chatter.

ဂရိမှာလည်း ဒီတိုင်းပဲ...

အိန္ဒယမှာ ဆိုရင် - Will to the best of the ability of the protect of the defend.

ဖိလစ်ပိုင်မှာ ဆိုရင် - Defend of the constitution.

စင်္ကာပူမှာ ဆိုရင် - l will preserve, protect of the defend of the Constitution of the Republic of Singapore.

ဒီလိုမျိုးသစ္စာ ဆိုပြီးမှသာလျှင် လွှတ်တော်ထဲ ၀င်လို့ရတယ်... ဒါကြောင့်မို့လို့ ဘယ်လိုပဲ ဖြစ်ဖြစ် ဟောင်း အဲ့ဘား ပြည်သူတစ်ယောက်နဲ့ နေမယ်ဆိုရင်တော့ ရီစပက် ဆိုတဲ့ စကားလုံးနဲ့ နေလို့ရတယ်။ လွှတ်တော်ထဲ ၀င်မယ်ဆိုရင်တော့ ဒီဖန့်ဆိုတဲ့ စကားလုံးနဲ့မှ ၀င်လို့ရတယ်။ DBV နဲ့ အင်တာဗျူးမှာ ဒေါက်တာခင်ရွှေ ပြောသွားတဲ့ စကား အချို့ပါ။ မေးတာနဲ့ ဖြေတာ တလွှဲစီ ဖြစ်ရတဲ့ အထဲ အဓိပ္ပါယ် မသိပဲ ရွတ်ပြသွားတာ တော်တော်ဆိုးတယ်။ ( facebook မှာ တယောက်တင်ထားတဲ့ ဟာပါ )

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ..ကျမ်းသစ္စာကျိန်ဆိုချက်မှာ..အင်္ဂလိပ်လိုသူပြောသွားတဲ့အထဲက ( defend ) ကာကွယ်ပါမည် ဆိုတာ တလုံးမှ မပါဘူး…မဆီမဆိုင်တွေ ငါ့စကားနွားရပြောသွားတယ်. …ဒါက ၂၀၀၈ ဖွဲ့စည်းပုံထဲက ကျမ်းကျိန်ချက်



SCHEDULE FOUR

Form of Oaths or Affirmation

(Refer to Section 125)

I ................ do solemnly and sincerely promise that as an elected representative

of the Pyithu Hluttaw/ the Amyotha Hluttaw/ the Region or State Hluttaw, I will uphold

and abide by the Constitution of the Union. I will be loyal to the Republic of the

Union of Myanmar and citizenry and hold always in esteem non-disintegration

of the Union, non-disintegration of national solidarity and perpetuation of sovereignty.

In addition, I will carry out the responsibilities uprightly to the best of my ability.

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ထဲမ၀င်ပဲ ဆိုင်းငံ့နေမှု့သည်..ဝေါဟာရပြသနာမဟုတ်ပါ ..ယုံချက်ချက်ပြသနာဖြစ်သည်..ဒီကိစ္စကိုပေါ့ပေါ့သဘောထားမရပါ..။ အစိုးရဘက်က ပြဌာန်းထားသော ကျမ်းသစ္စာဆိုချက်တွင်..အင်္ဂလိပ်လို..uphold ဆိုတာကို ရှင်းပြချင်ပါသည်..အဓိပ္ပါယ်က..
(To maintain or affirm against opposition - မဆန့်ကျင်ဘို့ အတည်ပြုရမည်၊ထိန်းသိမ်းပါ
မည် ၊ To prevent from falling or sinking - ပျက်စီးမသွားအောင် တားဆီးပါမည် ) ......စဉ်း
စားကြည့်ပါ....NLD ရွေးကောက်ပွဲမှာလူထုကို ကတိပေးထားတာက...၂၀၀၈ ဖွဲ့စည်းပုံပြင်မယ်ဆိုတာ ...အဓိကမူ...ဒီကိစ္စကို လွယ်လွယ်လေး ခပ်ပေါ့ပေါ့လုပ်လိုက်ရင်...လူထုကို ပေးထားတဲ့
ကတိဖျက်ရာမရောက်ဘူးလား...NLD လုပ်ရပ်မှန်တယ်....ဒီကိစ္စဟာ...လူထုဆန္ဒကို ရွေးကောက်
ပွဲအပြီးမှာ ထပ်ဆင့်ဖော်ဆောင်တာ....။

.အရပ်ထဲ ရွာထဲမှာ ပြောသလို ရမ်းတုတ် ရမ်းပြော ရမ်းလုပ်လို့ ရတဲ့ အရာမဟုတ်…အရေးကြီးပါတယ်..လွှတ်တော်ထဲမှာ ဖြေရှင်းတယ်ဆိုတာ….တရားရုံးတရုံးမှာ ထုချေရသလိုဖြစ်ပါတယ်…အချက်အလက်တွေ အထောက်အထားတွေ ယုတ္တိသဘောတရားတွေ လက်ခံနိုင်မှု့တွေနဲ့ ပေါင်းစပ်ကြိုးစားရတဲ့ အမျိုးပါ…ကိုယ်ထင်တာ မြင်တာတွေနဲ့ ရမ်းပြောလို့မရ။ ဥပမာပြောမယ်ဆိုရင်တောင်မှ…ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုခေါင်းဆောင်ဖြစ်တယ်။( မင်းပြောမှလား ငါတို့ သိတယ်လို့ ခွန်းတုန့်မပြန်ပါနဲ့ဦး ) ဆက်ရှင်းပါမယ်…..အရင်ပြောနေတဲ့ လူထုခေါင်းဆောင်ဆိုတာ လူထုကသတ်မှတ်ပေးထားတဲ့ ခေါင်းစဉ်….အခု လူထုခေါင်းဆောင်ဆိုတာ ဥပဒေအရပါ..( Legally ) လူထုခေါင်းဆောင်ဖြစ်သွားတယ်….။

တခါ ( defend ) ကာကွယ်ပါမည် ဆိုတဲ့စကားလုံးသုံးရအောင်လည်း…၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဒီမိုကရေစီ အင်္ဂါရပ်များနဲ့ညီညွတ်အောင် ဆောင်ရွက်ထားတဲ့ အရာမဟုတ်…ဒီစကားလုံးကို ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်နေတဲ့နိုင်ငံ ၊ လူ့အခွင့်ရေးဖွံ့ဖြိုးတဲ့ နိုင်ငံများမှာ ပြင်စရာမလိုလောက်တဲ့ အနေထားမို့ သုံးတာ….။

အမေရိကန်ပြည်ထောင်စုမှာ ကိုယ်စားလှယ်တွေကို လူထုကရွေးချယ်တင်မြှောက်အပြီး… ကွန်ဂရက်မစခင် ကျမ်းသစ္စာ ကျိန်ဆိုရပါတယ် ( နိုင်ငံတော်တော်များများလည်း ဒီအတိုင်းပါပဲ )…

A solemn affirmation or declaration, made with an appeal to God for the truth of what is

affirmed. The appeal to God in an oath, implies that the person imprecates his vengeance and

renounces his favor if the declaration is false, or if the declaration is a promise, the person

invokes the vengeance of God if he should fail to fulfill it. A false oath is called perjury.”

ဆိုလိုရင်းအနှစ်ကို ဆီလျှော်အောင်တင်ပြပါမယ်….ကျမ်းသစ္စာ ကျိန်ဆိုတယ်ဆိုတာ အတည်ပြုပြဌာန်း ထားချက်များသည် အမှန်များဖြစ်ပါသည် ဒီအတိုင်း လိုက်နာပါမည် ဆိုတာကို ဘုရားသခင်ဆီ လျှောက်ထား ကတိပြုလိုက်တာ….။ဒါတွေကို ကတိပြုပြီးရင် လိုက်နာရမည်..သို့မဟုတ်က..( လူသားမဆိုထားဘိ ) ဘုရားသခင်ကတောင် ဒဏ်ခတ်မည်။ ကတိသစ္စာပြုပြီး..လိုက်နာရန်ပျက်ကွက်ခြင်းကို မုသားသက်သေခံခြင်း လို့ခေါ်တယ်။

ဒီလိုကိစ္စမျိုးကို ပေါ့ပေါ့ဆဆ ကျော်လွှားသွားသင့်ပါသလား…..။ပြင်စရာ မလိုလောက်အောင်နီးပါးရှိနေသော ဖွဲ့စည်းပုံအခြေခံဥပဒေအတွက် အကြောင်းမဟုတ်လှပေမဲ့…ပြင်စရာ အများကြီးနဲ့ ပြည့်နှက်နေသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို…လွယ်လွယ်ကူကူနဲ့..တို့ကတော့ လူထုက တရားဝင်ရွေးချယ်တင်မြှောက်လိုက်တဲ့..လွှတ်တော် ကိုယ်စားလှယ်တွေဖြစ်ပြီ…လွှတ်တော်ထဲ ၀င်ကြစို့ ဆို လုပ်လို့မရ..လွှတ်တော် တံခါးဝမှာ..ဆီးပိတ်ထားသော ကျမ်း သစ္စာကျိန်ဆိုခြင်း..ဆိုတဲ့ အရာကြီးရှိနေပါတယ်…ဒီတံခါးနောက်ကနေ..လက်ယပ်ခေါ်နေမှု့များကို…..လူပြိန်းဆန်သည်ဟုပြောချင်ပါသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဟာ ဘာ့ကြောင့် နဂိုက ဒီကိစ္စကို စမလုပ်တာလဲ
လွှတ်တော်တွင်း ကိစ္စကို နဂိုက ကြိုတင်ပြင်ဆင်ပြီးလုပ်ဆောင်ရန် ဘောင်မ၀င်နိုင်ပါ။ ယခင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ…တရားဝင်မှတ်ပုံတင်ထားတဲ့ ပါတီတောင်မှ မဟုတ်ပါ… မှတ်ပုံတင်ပြီး သည့် တိုင်အောင်လည်း….လူထုကရွေးချယ်တင်မြှောက်အပ်နှင်းထားတဲ့ ( Mandate ) ပါဝါ မရှိသေးပါ…..ယခု အချိန်ကာလသည်…ထိုကဲ့သို့သော ကိစ္စများကို ထောက်ပြပြောဆိုရန် ဥပဒေပါ အခွင့်အရေးများနှင့်အညီ ကိုက်ညီနေပြီဖြစ်သောကြောင့်….ဖွင့်ဟညွှန်ပြလိုက်ခြင်းဖြစ်သည်ဟုယုံကြည်မိပါတယ်။( ၁၉၉၀ ခုနှစ်က အကြောင်းအရာများနဲ့ အငြင်းပွားမယ်ဆိုရင်တော့…အဓိပ္ပါယ်တွေ အများကြီးထွက်နိုင်ပါတယ်..သို့သော် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က လိုလိုလားလား တဆစ်ချိုးပြောင်းလည်း ဦးတည်သွားခြင်းကိုတော့ မျက်ခြေမပြတ်မိဘို့ လိုကောင်းလိုပါလိမ့်မည် )

ယခု အငြင်းပွားဖွယ်ဖြစ်နေသော ကျမ်းသစ္စာ ကျိန်ဆိုခြင်း(Oaths or Affirmation ) သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ရွေးကောက်ပွဲတွင် ပြည်သူအား ပေးထားသော ကတိကို စတင်အကောင်ထည်ဖော်ခြင်းပင်ဖြစ်ပေသည်။ လွှတ်တော်တွင်းမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ၀င်ရောက် ဆောင်ရွက်ရန်အခြေနေမပေးသော်လည်း…လွှတ်တော်တွင်း ရှိနေသော…ပါတီအသီးသီး ၊ တသီးပုဂ္ဂိုလ အသီးသီးကနေ..ဒီကိစ္စကို စတင် တင်ပြဆွေးနွေး…ဖြင့်စတင်နိုင်မယ်လို့ ထင်ပါတယ်… .လွှတ်တော်ပြင်ပမှာ ရှိနေတဲ့ ပြည်တွင်း ပြည်ပ ဒီမိုကရေစီအင်အားစုများမှလည်း…၀ိုင်းဝန်း ဖိအားပေး ကြိုးစားလုပ်ဆောင်ဘို့လိုပါလိမ့်မည်။

ယခု ကိစ္စသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ( ဈေးသည် စကားနဲ့ပြောရရင် ) ဈေးဦးဖောက်ဖြစ်ပါတယ်…ဈေးဦးဖောက်မှာ…အလားအလာမကောင်းရင်…ဈေးရောင်းမကောင်းတတ်ဆိုတဲ့ ဗမာတွေ အယူအဆလိုဖြစ်သွားမှာ စိုးရိမ်မိပါတယ်…..အောင်မြင်ခဲ့မယ်ဆိုရင်…၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၏ ပထမဆုံးပြင်ဆင်ချက် ( First Amendment ) အဖြစ် သမိုင်းတွင်နေပါလိမ့်မယ်…အမေရိကန်ပြည်ထောင်စုရဲ့ ပထမဆုံး အခြေခံဥပဒေပြင်ဆင်ချက် ( Bill of Right )ဟာ လူသန်းပေါင်းများစွာ ကိုနှစ်ပေါင်းများစွာ စောင့်ရှောက်သွားနိုင်သလို မြန်မာနိုင်ငံရဲ့ (Oaths or Affirmation amendment ) ဟာလည်း ဒီမိုကရေစီ ပြတင်းပေါက်ကိုစတင်ဖွင့်လှစ်ပြီး အာဏာရှင် တံတိုင်းကြီးကို စတင်ရိုက်ချိုးမဲ့ အစဦးဖြစ်ပါလိမ့်မယ်။


အားလုံးကိုလေးစားစွာဖြင့်

( မောင်မောင်ဝမ်း )

Monday, April 23, 2012

အတိုအထွာကလေးများ





 အတိုအထွာကလေးများ

(1)          Mercury one way, Iron one way - ပြဒါးတစ်လမ်း သံတစ်လမ်း            
(2)          Hand free jasmine                         - လက်လွတ်စပယ်
(3)          Don’t make the teacher                 - ဆရာမလုပ်နဲ့
(4)          I want to break the water             - ရေချိုးချင်တယ်
(5)          Today, the sun is open                  - ဒီနေ့နေပွင့်တယ်
(6)          Please open the fire                      - ကျေးဇူးပြုပြီး မီးဖွင့်ပါ
(7)          Close the fire                                - မီးပိတ်လိုက်တော့
(8)          Stomach not hungry?           - ဗိုက်မဆာဘူးလား
(9)          Water enter run                           - ရေ၀င်ပြေး
(10)       Yesterday, My nose closed   - မနေ့က နှာခေါင်းပိတ်တယ်
(11)       Body is hot                                 - ကိုယ်ပူနေတယ်
(12)      Insert the force to the phone        - ဖုန်းအားသွင်းလိုက်
(13)      Song ear erect                    - သီချင်းနားထောင်
(14)      Ride you shoe                              - ဖိနပ်စီးတော့
(15)       Catch the big market           - ဈေးကြီးမိလာတယ်
(16)      House will come alive            - အိမ်ရှင်လာလိမ့်မယ်
(17)      Air climbed already                        - လေတက်သွားပြီ
(18)      Market are climbing                       - ဈေးတွေတက်သွားပြီ
(19)      Give black                                    - မဲပေးကြပါ
(20)      Eat the pig’s son?                         - ၀က်သားစားသလား
(21)      Trick of the rivers                          - မြစ်တို့၏ မာယာ