တတ်လို့မဟုတ်ဘူးနော် ကိုယ်ပိုင်မှတ်စုကလေးကို ပြန်ရေးထားတာပါ သူငယ်ချင်းတို့လည်း မှတ်လို့ရတာပေါ့။ I hope to you in a better day. The best preparation for work is not thinking about work, talking about work, or studying for work: it is work.Knowledge is the candle, lightening your life, brightening your brain and shining your future.All the grammar you need to know.ပိုစ်တင်နိုင်အောင် ကြိုးစားနေပါတယ် သူငယ်ချင်းတို့ရေ နည်းနည်းကလေး ကျန်းမာရေး မကောင်းလို့နော်။

Sunday, February 27, 2011

TOEFL IELTS SAT GMAT

Thursday, February 24, 2011

U Thant


U Thant - Cuban Missile Crisis Eases

U Thant


U Thant - Cuban Missile Crisis Eases

vocabulary

causing an angry reaction, usually intentionally; causing thought about interesting subjects (တမင်တကာ) ဒေါသထွက်စေသော။ စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာများအပေါ် တွေးတောစေခြင်း။

The provocative move came after Thailand demanded Cambodia remove a stone tablet carrying a message in Khmer that accused Thai troops of invading Cambodian territory.

Foreign Ministry secretary Chavanond Intarakomalayasut said the provocative nationalist was seen by the Cambodians as a person with the potential to hurt public order.
The movie is philosophically provocative and achingly sad, touching the mind and the heart with equal measure.

Wednesday, February 23, 2011

IDIOM

ဒီတပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ တင်ပြပေးထားတဲ့ အီဒီယံ အသုံးအနှုန်းများမှာ all the breaks, break the news, break even, break the ice နဲ့ take a break တို့ကို တင်ပြပေးသွားပါမယ်။

ပထမဦးဆုံး အီဒီယံအသုံးအနှုန်းမှာ all the breaks ဖြစ်ပါတယ်။ Break ဆိုတဲ့ ဝေါဟာရရဲ့ ကြိယာ သို့ နာမ် အဖြစ် အသုံးပြုနိုင်ပါတယ်။ ဒီ နေရာမှာတော့ နာမ်အဖြစ် အသုံးပြုထားပါတယ်။ Break ရဲ့  ကြိယာအဓိပ္ပါယ်က ချိုးတာ၊ ခွဲတာ၊ အက်တာ ဖြစ်ပေမယ့် အခု နာမ်အဖြစ်သုံးထားတဲ့ နေရာမှာတော့ ခဏရပ်နားတာ၊ အားလပ်ချိန်၊ အခွင့်အလမ်း စသဖြင့် ဆိုလိုပါတယ်။ All = အားလုံး၊ the breaks = အခွင့်အလမ်း၊ ရပ်နားချိန် ဆိုတော့ စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်ကတော့ ရပ်နားတဲ့အချိန်၊ အခွင့်အလမ်း အားလုံးတို့ ဆိုလိုတာ ဖြစ်ပါတယ်။ ဒီနေရာမှာ break ကို ကံကောင်းတဲ့ ဖြစ်ရပ်ကိုလည်း ရည်ညွန်းပြီးသုံးလို့ရပါတယ်။

အားကစားနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
We should have beaten those guys. We have a better team. But the football took all the lucky bounces for them. What can you do when the other team gets all the breaks.

ဒီမောင်တွေကို ကျနော်တို့က အနိုင်ရဖို့ ကောင်းတာဗျ။ ကျနော်တို့ အသင်းက တကယ်တော့ ခြေပိုသာတယ်။  ဒါပေမဲ့ဗျာ ဘောလုံးက သူတို့ လက်ထဲချည်းပဲ ရောက်ရောက်သွားတယ်။ သူတို့ဖက်က အခွင့်အလမ်းတွေ အားလုံးရနေတော့လည်း ကျနော်တို့ ဘယ်တတ်နိုင်မလဲ။
နောက်ထပ်တင်ပြပေးမယ့် အီဒီယံအသုံးကတော့ break the news ဖြစ်ပါတယ်။ ဒီနေရာမှာ ကြိယာ (verb) အဖြစ် သုံးထားပြီး အဓိပ္ပါယ်ကတော့ ချိုးသည်၊ ခွဲသည်၊ အက်စေသည်၊ ချိုးဖောက်သည် ဖြစ်ပါတယ်။ The news ကတော့ သတင်းဆိုတော့ စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်ကတော့ သတင်းကို ချိုးတာ ဖြစ်ပါတယ်။ အီဒီယံဆိုတဲ့ သွယ်ဝိုက်အဓိပ္ပါယ်ကတော့ သတင်းကို ပထမဦးဆုံး ကာယကံရှင်ကို အသိပေးတာ၊ အကြောင်းကြားတာ ဖြစ်ပါတယ်။ အထူးသဖြင့် စိတ်မကောင်းစရာ၊ ဝမ်းနည်းစရာ သတင်းဆိုရင်တော့ အရိပ်အခြေကြည့်ပြီး ဖြေးဖြေးပြောသင့်ရင်လည်း ပြောရမယ်လို့ ဆိုရမှာပါ။

ဒီ အသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
That old fellow who runs our mail room has been with us for 30 years. But, he can’t handle the work anymore. So, I am going to have to break the news to him that is time for him to retire.

စာပို့ခန်းမှာ လုပ်နေတဲ့ အဖိုးကြီးဟာ ကျနော်တို့နဲ့ အတူတူ အလုပ်လုပ်တာ အနှစ် ၃၀ ရှိသွားပြီ။ ဒါပေမဲ့ အခုတော့ သူဟာ သူ့အလုပ်ကို ကောင်းကောင်း မလုပ်နိုင်တော့ဘူး။ ဒါကြောင့် အငြိမ်းစားယူဖို့ အချိန်တန်ပြီလို့ သူ့ကို စပြီအသိပေးရတော့မယ် ဖြစ်ပါတယ်။
ဆက်လက်တင်ပြမယ့် အီဒီယံအသုံးကတော့ break even ဖြစ်ပါတယ်။ Break = ချိုးတာ၊ ခွဲတာ၊ Even = မျှတခြင်း ဆိုတော့ လုံးကောက် အဓိပ္ပါယ်ကတော့ ချိုးတဲ့နေရာမှာ မျှမျှတတ ချိုးတာ၊ ခွဲတာ ဖြစ်ပါတယ်။ ဒီအသုံးကို အီဒီယံ သဘောအရတော့ စီးပွားရေးအရောင်းအဝယ်မှာ သုံးလေ့ရှိတာ တွေ့ရပါတယ်။ အရှုံးနဲ့အမြတ်က ဘဲစားဘဲခြေ ဖြစ်တယ်၊ ဇတူဖြစ်တယ်၊ တနည်း မြတ်လည်းမမြတ် ရှုံးလည်းမရှုံး အရှုံးနဲ့အမြတ် ကာမိတယ်ဆိုရင် break even သုံးနိုင်ပါတယ်။

ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာ ကို လေ့လာကြည့်ရအောင်ပါ။
My first year was pretty tough. In fact, we lost money. This second year, I think, we will break even. And, now we are getting more customers. Next year, we expect to make a healthy profit.

ကျနော်တို့ ပထမနှစ်တုန်းက အတော်လေး အခက်အခဲနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ငွေတောင် အရှုံးပေါ်တယ်လို့ ဆိုနိုင်တယ်။ ဒီ ဒုတိယနှစ်မှာတော့ ကျမတို့ ရင်းစား ပြန်ရနိုင်လိမ့်မယ်လို့ ထင်တာပါပဲ။ အခုတော့ ကျနော်တို့ဆီ လာရောက်အားပေးစားသောက်ကြတဲ့ လူတွေ များလာတော့ နောက်နှစ်အတွက်တော့ အမြတ်အတော်လေး ရလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
နောက်ထပ် တင်ပြမယ့် အီဒီယံအသုံးကတော့ break the ice ဖြစ်ပါတယ်။ Break = ခွဲတာ၊ ချိုးတာ နဲ့ ice = ရေခဲ ဆိုတော့ စကားစုတခုလုံးရဲ့  လုံးကောက်အဓိပ္ပါယ်ကတော့ ရေခဲကို ခွဲတာ ဖြစ်ပါတယ်။ အီဒီယံအဓိပ္ပါယ်ကတော့ တစိမ်းတယောက်နဲ့ မိတ်ဆက်ပေးခံရတဲ့အခါ ဘယ်လို စကားပြောရမလဲလို့ အကြံအိုက်တဲ့ အချိန်မျိုးမှာ တခုခုကို စပြီးတော့ ပြောလိုက်ခြင်းအားဖြင့် ရှက်အမ်းအမ်း ဖြစ်နေရာကနေ ခင်မင် ရင်းနှီးမှု ရရှိလာတယ်၊ ပြောရဲဆိုရဲ ရှိလာတဲ့ အခြေအနေမျိုးကို ဖန်တီးပေးနိုင်ရင် break the ice လို့ ပြောဆိုနိုင်ပါတယ်။ ကျမတို့ မြန်မာမှာလည်း အေးတိအေးစက်နိုင်လှတဲ့သူကို ရေခဲတုံးလို့ တင်စားခေါ်ဝေါ်တာ သောတရှင်များလည်း အသိပဲဖြစ်ပါတယ်။ တဖက်နဲ့တဖက် ဆက်ဆံရေး နွေးထွေးမှုရှိလာတယ် ဆိုလိုရှိရင် ဒီ အေးဆက်တဲ့ အနေအထားကနေပြီးတော့ နွေးသွားတာကို ရည်ညွန်းပြောလေ့ရှိပါတယ်။

လွန်ခဲ့တဲ့ ညက ဧည့်ခံပွဲပါတီတခုကို တက်ရောက်ခဲ့သူ လူငယ်တဦးက သူ့မိတ်ဆွေကို ပြန်ပြောပြတဲ့ George Crow ပေးတဲ့ ဥပမာတခုကို လေ့လာကြည့်ရအောင်ပါ။
Somebody introduced me to this very lovely girl. At first, we didn’t know what to say to each other. But, finally we managed to break the ice by talking about a movie. Now I am taking her to a show Saturday night.

ကျနော်ကို လူတယောက်က သိပ်ပြီး လှတဲ့မိန်းကလေးတယောက်နဲ့ မိတ်ဆက်ပေးခဲ့တယ်။ ပထမတော့ ကျနော်တို့ တယောက်နဲ့ တယောက် ဘာ စပြောရမှန်းမသိဘူး။ နောက်ဆုံးကျတော့ ရုပ်ရှင်အကြောင်းပြောရင်းနဲ့ ကျနော်တို့ နှစ်ဦး ခင်မင်ရင်းနှီးလာခဲ့ကြတယ်။ စနေနေ့ညကျရင် ကျနော် သူ့ကို ပွဲကြည့်ဖို့ ခေါ်သွားမယ်။
နောက်ဆုံး တင်ပြမယ့် အီဒီယံအသုံးကတော့ take a break ဖြစ်ပါတယ်။ Take = ယူပါ၊ Break -= ခေတ္တရပ်နားပါ ဆိုတော့ စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်ကတော့ ခေတ္တရပ်နားကြစို့ လို့ အဓိပ္ပါယ်ရပါတယ်။ အီဒီယံအဓိပ္ပါယ်ကလည်း တခုခုကို ဆက်တိုက်လုပ်နေရကနေ ခေတ္တရပ်နားတာကို ရည်ညွန်းပြောဆိုတာ ဖြစ်ပါတယ်။

ည ၁၀ နာရီအထိ တောက်လျှောက် စာကြည့်လာသူ ခေတ္တရပ်နားရအောင်လို့ ပြောတဲ့ George Crows ပေးတဲ့ ဥပမာ ကို လေ့လာကြည့်ရအောင်ပါ။
It’s ten o’clock now, let’s take a break and have a cup of coffee.

၁၀ နာရီ ထိုးပြီလေ။ ဒါကြောင့် ခဏလောက် နားကြပြီး ကော်ဖီ တခွက်လောက် သောက်ကြရအောင်။

TOEFL IELTS SAT GMAT

TOEFL IELTS SAT GMAT

Monday, February 21, 2011

သီချင်းကလေးနားထောင်ကြည့်



                                                 nightwish

မကြာသေးခင်ကပဲ Gary Moore ရှောသွားပါတယ်။ ဒီသီချင်းဟာ Gary Moore သီချင်းဖြစ်ပြီး Nightwish ကပြန်လုပ်ထားထာပါ။ Nightwish က ဖင်လန်နိုင်ငံက Symphonic Metal Band တခုပါ။ Over The Hills And Far Away ကို ဒီသီချင်းစာသားအရ (တောင်စွယ်နေကွယ်)လို့ ဘာသာပြန်ရင် ရမယ်ထင်ပါတယ်။ ဒီသီချင်းထဲကကောင်ကို ဓါးပြမှုနဲ့မှားပြီးထောင်ချလိုက်တော့ ထောင်ထဲကနေ မိန်းမလွမ်းချင်း လို့ပဲဆိုပါတော့။ Music ကောင်းတယ်၊ နားထောင်ကြည့်။

Over The Hills And Far Away
[a Gary Moore cover tune]

They came for him one winter's night.
Arrested, he was bound.
They said there'd been a robbery,
his pistol had been found.

They marched him to the station house,
he waited for the dawn.
And as they led him to the dock,
he knew that he'd been wronged.
"You stand accused of robbery,"
he heard the bailiff say.
He knew without an alibi,
tomorrow's light would mourn his freedom.

Over the hills and far away,
for ten long years he'll count the days.
Over the mountains and the seas,
a prisoner's life for him there'll be.

He knew that it would cost him dear,
but yet he dare not say.
Where he had been that fateful night,
a secret it must stay.
He had to fight back tears of rage.
His heart beat like a drum.
For with the wife of his best friend,
he spent his final night of freedom.

Over the hills and far away,
he swears he will return one day.
Far from the mountains and the seas,
back in her arms he swears he'll be.
Over the hills and far away.

Over the hills and,
over the hills and,
over the hills and far away.

Each night within his prison cell,
he looks out through the bars.
He reads the letters that she wrote.
One day he'll know the taste of freedom.

Over the hills and far away,
she prays he will return one day.
As sure as the rivers reach the seas,
back in his arms he swears she'll be.

Over the hills and far away,
he swears he will return one day.
Far from the mountains and the seas,
back in her arms he swears he'll be.

Over the hills and far away,
she prays he will return one day.
As sure as the rivers reach the seas,
back in his arms is where she'll be.

Over the hills,
over the hills and far away.

Over the hills,
over the hills and far away.

TOEFL IELTS SAT GMAT

TOEFL IELTS SAT GMAT

TOEFL IELTS SAT GMAT

TOEFL IELTS SAT GMAT

TOEFL IELTS SAT GMAT

TOEFL IELTS SAT GMAT

TOEFL IELTS SAT GMAT

Saturday, February 19, 2011

TOEFL IELTS SAT GMAT

IDIOM

Water စကားလုံးနှင့်ပတ်သက်သောအသုံးပြုသောအသုံးအနှုန်းများ

ဒီတပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ တင်ပြပေးထားတဲ့ အီဒီယံ အသုံးအနှုန်းများမှာ water down, test the water(s) နဲ့ fish out of water တို့ကို တင်ပြပေးသွားပါမယ်။
ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ water down ဖြစ်ပါတယ်။ Water = ရေ၊ Down = အောက်ဖက် ဖြစ်ပါတယ်။ Water ကို Down နဲ့ တွဲသုံးထားတဲ့ အီဒီယံအဓိပ္ပါယ်က ထိရောက်မှုကို လျော့နည်းအောင်၊ အားပျော့အောင်၊ ပြင်းထန်မှုကို သက်သာအောင် ပြုလုပ်တဲ့ သဘောမျိုးဖြစ်ပါတယ်။ တခုခုကို ရေနဲ့ရောလိုက်တဲ့အခါ အဲဒီ အရောခံရတဲ့ နဂိုရှိရင်က အားပျော့၊ အာနိသင် လျော့သွားတာ။ ဟင်းတွေဘာတွေဆိုရင်လည်း ရေရောလိုက်ရင် ကျဲသွားတဲ့ သဘောဖြစ်ပါတယ်။ ဒါကြောင့် တခုခုကို အားလျော့စေတယ်၊ အားနည်းစေတယ်၊ အာနိသင်လျော့စေချင်တယ်ဆိုရင် water down ဆိုတဲ့ အသုံးအနှုန်းကို သုံးစွဲနိုင်ပါတယ်။
ဒီ အသုံးနဲ့ ပတ်သက်လို့ George Crows ပေးထားတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
The new policy is a water down version of the old one. So, it will not protect the worker’s rights.

ပေါ်လစီအသစ်က အဟောင်းမှာပါတာထက် အားပျော့နေတော့ အလုပ်သမားတွေရဲ့  အခွင့်အရေးကို အကာအကွယ် ပေးနိုင်မှာ မဟုတ်ဘူး။
ဒုတိယတင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ test the water or test the waters ဖြစ်ပါတယ်။ Test = စမ်းသပ်သည်။ Water = ရေ တို့ ဖြစ်ပါတယ်။ အကယ်၍ waters ဆိုရင် ရေပြင် လို့ အဓိပ္ပါယ်ရှိပါတယ်။ စကားစုတခုလုံးရဲ့  လုံးကောက်အဓိပ္ပါယ်က ရေ သို့မဟုတ် ရေပြင်ကို စမ်းသပ်ကြည့်သည် ဖြစ်ပါတယ်။ အီဒီယံအသုံးမှာတော့ တခုခုကို စမ်းသပ်ကြည့်တာ။ မြန်မာစကားမှာတော့ မြေစမ်းခရမ်းပျိုး သဘောဖြစ်ပါတယ်။ ရေကို အေးသလား၊ ပူသလား စမ်းသပ်သလို၊ ရေပြင်ဟာ သွားရေးလာရေးအတွက် အန္တရာယ်ကင်းသလား၊ လှိုင်းချက်အနေအထား ဘယ်လိုရှိသလဲဆိုတာကို အရင်စူးစမ်းလေ့လာတဲ့ သဘောဖြစ်ပါတယ်။ ဒါကြောင့်မို့ တခုခုကို မပြုလုပ်ခင် ဘယ်လောက်အောင်မြင်မှု ရှိသလဲ၊ ဘယ်လောက်လက်ခံနိုင်စရာ ရှိမလဲဆိုတာကို အစမ်းသဘော ပြုလုပ်တာကို ရည်ညွှန်းပြောဆိုတာ ဖြစ်ပါတယ်။
ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးထားတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
Our company is testing the water to see if our new advertisement will increase our sale.

ကျနော်တို့ ကုမ္မဏီက ကြော်ငြာသစ်တွေထုတ်ပြီး အရောင်းပိုကောင်းလာမလားဆိုတဲ့ ရှေ့ ပြေးစမ်းသပ်မှုတွေ ပြုလုပ်နေပါတယ်။
နောက်ဆုံးတင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ fish out of water ဖြစ်ပါတယ်။ Fish = ငါး၊ Out of = အပြင်ကို ထွက်လာသည်၊ အပြင်ကိုရောက်နေသည်၊ Water = ရေ တို့ ဖြစ်ကြပြီး စကားစုတခုလုံးရဲ့  လုံးကောက်အဓိပ္ပါယ်မှာ ရေအပြင်ရောက်နေတဲ့ ငါး ဖြစ်ပါတယ်။ ရေထဲမှာ အသက်ရှင်တဲ့ ငါးအနေနဲ့ ရေအပြင်ဖက်၊ ကုန်ပေါ်ရောက်နေမယ်ဆိုရင် ဘယ်လိုအသက်ရှင် နေမလဲဆိုတာကို စဉ်းစားကြည့်ပါ။ တကယ်လည်း နေ့စဉ်ဘဝမှာ ကိုယ့်သာမန် အသိုင်းအဝိုင်း၊ ကိုယ်နေထိုင်နေကြ လှုပ်ရှားသွားလာနေကြ အပေါင်းအသင်းတွေကြားမဟုတ်တဲ့ အနေစိမ်းတဲ့ ပတ်ဝန်းကျင်ထဲ ရောက်နေတာကို ဆိုလိုပါတယ်။ တနည်းအားဖြင့် နေရထိုင်ရ ခက်ခဲတဲ့သဘောမျိုး၊ ကိုယ်နဲ့ ပတ်ဝန်းကျင် မရင်းနှီးတဲ့အတွက်ကြောင့် မနေတတ် မထိုင်တတ်၊ အူကြောင်ကြောင်၊ စိတ်ထဲမလုံမလဲ ဖြစ်တတ်တဲ့ သဘောမျိုးကို fish out of water လို့ ပြောဆိုသုံးစွဲနိုင်ပါတယ်။
ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးထားတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
I felt like a fish out of water at the director’s party. All of the guests are famous and rich. I am just ordinary compare to all of them.

ကျနော်တယောက် ဒါရိုက်တာရဲ့  ပါတီကိုရောက်နေတာ မနေတတ်မထိုင်တတ် ဖြစ်လိုက်တာဗျာ။ ဧည်သည်တွေအားလုံးက နံမည်ကြီး လူချမ်းသာတွေ။ သူတို့နဲ့ နှိုင်းယှဉ်လိုက်ရင် ကျနော်က အညတရသာမန် လူတယောက်ပါ။

Tuesday, February 15, 2011

ဆရာဦးမြကြိုင်၏ နည်းစနစ်လေ့လာရန်

ဆရာဦးမြကြိုင်၏ နည်းစနစ်လေ့လာရန်

ဆရာဦးမြကြိုင်၏ နည်းစနစ်လေ့လာရန်

ဆရာဦးမြကြိုင်၏ နည်းစနစ်လေ့လာရန်

ဆရာဦးမြကြိုင်၏ နည်းစနစ်လေ့လာရန်

ဆရာဦးမြကြိုင်၏ နည်းစနစ်လေ့လာရန်

Monday, February 14, 2011

ဆရာဦးမြကြိုင်၏ နည်းစနစ်လေ့လာရန်

ဆရာဦးမြကြိုင်၏ နည်းစနစ်လေ့လာရန်

လေ့လာရန်

Sunday, February 13, 2011

အသိပေးခြင်း

အင်္ဂလိပ်စာနဲ့ပတ်သတ်ပြီး အနည်းအငယ် ပြောချင်ပါတယ် မိတ်ဆွေတို့ ယနေ့ခေတ်သည် နေ့စဉ်နှင့်အမျှ ဖွံ့ဖြိုးတိုးတက်နေတာလည်း လူတိုင်းအသိပင်ဖြစ်ပါတယ်။ ထို့နည်းတူစွာ လူမှုဆက်သွယ်ရေးကဏ္ဍဟာလည်း တစ်နေ့ထက်တစ်နေ့ လိုအပ်လာပါတယ်။ ထိုလိုအပ်ချက်များသည် အများကြီးဖြစ်နေစေဦးတော့ အဓိက အရေးကြီးသော အခန်းတစ်ခုကို မလွဲမသွေ တင်ပြရရင် ဘာသာစကားပင်ဖြစ်ပါသည်။ ထိုဘာသာစကားသည် ကမ္ဘာသုံးဖြစ်သော အင်္ဂလိပ်စာပင် ဖြစ်ပါသည်။ ထိုအင်္ဂလိပ်စာကို နိုင်ငံတော်တော်များများမှာ နေထိုင်းကြတဲ့ လူသားတိုင်းနည်းပါး လေ့လာနေကြသည်မှာ မငြင်းနိုင်ပေ။ ဒါကြောင့်လည်း နိုင်ငံတိုင်းမှာ ပညာရေးကဏ္ဍတွင် ပြဋ္ဌာန်းစာအဖြစ် ထည့်သွင်းခြင်းပင်ဖြစ်သည်မဟုတ်ပါလား။ ဒါကြောင့် ကျွန်ုပ်တို့အားလုံး အင်္ဂလိပ်စာကို မလွဲမသွေ လေ့လာသင့်သည်ဟု ပြောပါရစေ။ လေ့လာသည်များကိုလည်း တတ်နိုင်သမျှ ပေးဝေခြင်းဖြင့် သင်ကြားနိုင်အောင်လေ့လာသည်ဟုလည်း ပြောပါရစေ။ ဒါကြောင့် အခုလို တတ်နိုင်သမျှ ပေးဆပ်ခြင်းသာ ဖြစ်ပါတယ် တတ်လို့မဟုတ်ပါ၊ တတ်ကျွမ်းပါသည်လို့လည်း ဘယ်သောအခါမှ မခံယူဝံ့ပါ၊ ဒါကြောင့် စာဖတ်သူများ အနေဖြင့် ယူသင့်တာများကို ယူဆောင်ပြီး ထားသင့်တာများကို ထားခဲ့ကြပါလို့ တောင်းပန်ပါတယ်၊ အခုလို ရေးသားခြင်းသည် သင်ယူမှုနဲ့ လေ့လာမှုတို့မှ တဆင့် ပြန်လည်ပေးဆပ်ခြင်းပါ၊ အင်္ဂလိပ်စာသည် အသက်ရှိ သတ္တ၀ါတစ်ကောင်လို အမြဲတမ်းဖွံ့ဖြိုးနေသည်မို့ ကျွန်ုပ်တို့အနေနဲ့ အားလုံးကို မသိနိုင်ပါ။ မသိလို့ မသိဘူးလို့ ပြောခြင်းကိုလဲ အပြစ်မယူစေချင်ပါ။ အင်္ဂလိပ်လူမျိုးသည်ပင် အကုန်မသိ နိုင်ပါဟု မှတ်ယူစေ ချင်ပါသည်။ ဘာကြောင့်မသိသနည်းဟုမေးလျှင် အင်္ဂလိပ်စာသည် အမျိုးမျိုးကွဲလွဲ နေသည်မဟုတ်ပါလော။ စင်ကာပူ အင်္ဂလိပ်၊ သြဇီအင်္ဂလိပ်၊ စသည်ဖြင့်ကွဲပြားနေလို့ပင်ဖြစ်ပါသည်။ ထို့အပြင် အင်္ဂလိပ်စာလုံး အားလုံးတို့ဟာ အင်္ဂလိပ်စာမဟုတ်ပါ။ ဘာကြောင့်လည်းဟု ပြောရလျှင်ဖြင့် အားလုံးသိသော ငှက်ပျောသီးဆိုတဲ့(banana)ဟာ အာဖရိကစကား (shampoo) ဟာ အိန္ဒိယစကားပါ တစ်ခြားသော စကားလုံးများလည်း အများပင်ရှိပါသေးသည်။ ဒါကြောင့် တစ်ချို့စကားလုံးတွေဟာ မွေးစား စကားလုံးများဟု သိစေချင်ပါသည်။
       သဒ္ဒါစကားအနည်းအငယ် ပြောပါရစေ စာရေးခြင်းအတတ်ကို တတ်ချင်ရင် သဒ္ဒါကိုလေ့လာရမည်မှာ မလွဲပေ လုံးဝရှောင်လွဲလို့မရပေ။ မည်သည့်စာရေးနည်းစာအုပ်ကိုပင်လေ့လာလေ့လာ အကောင်းဆုံးပင် ဖြစ်သည် သို့သော် မရောစေချင်ပါ နည်းစနစ်ကို ယူလိုက်ခြင်းသာ အကောင်းဆုံး ဖြစ်ပါသည်။ ဘာကြောင်းနည်း သဒ္ဒါဟူက ယေဘုယျ မုချမမှတ်ရဟု ရှေ့ဆရာများဆိုခဲပြီမဟုတ်လော။ မှန်ပေသည် တစ်ချို့စာအုပ်များမှာ ၀ါစင်္ဂ ရှစ်မျိုးကို ပြဆိုထားသော်လည်း၊ တစ်ချို့စာအုပ်များမှာ ၀ါစင်္ဂကို ကိုးမျိုးပြထားတာကို တွေ့ရသည်၊ ထိုကဲ့သို့ ယူသောသူကိုလည်း အပြစ်မတင်သင့်ပေ သူ့အယူအဆအရ Article သုံးလုံးကို Adjective အနေဖြင့် သီးခြားယူဆနေခြင်းပင် ဖြစ်ပါသည်။
           ကျွန်ုပ်အနေဖြင့် ဒီဘလော့ကို ရေးသားတွင် ကိုယ်တိုင်ရေးသားခြင်းဖြင့်လည်းကောင်း အခြားသောဆိုက်များမှ လေ့လာပြီး ပြန်လည် ဖော်ပြခြင်းဖြင့်လည်းကောင်း မျှဝေပေးခြင်း ဖြစ်ပါသည်။ မရှင်းလင်းသောအရာများကိုလည်း shareman009@gmail.comကို စာရေးပြီးမေးမြန်းနိုင်ပါတယ်။ အမှန်ကို ၀န်ခံရလျှင် ကျွန်ုပ်သည် တကယ်မတတ်ပါ သိသလောက်ဖြင့် မျှဝေခြင်းသာဖြစ်ပါသည်။
       သင်္ခန်းစာများကို ရေးသားရာတွင် ကဏ္ဍအသီးသီးခွဲပြီး ရေးသားပါမည်။ ရေးသားရာတွင်လည်း အခြေခံမှ စတင်ပြီး ရေးသားမည် ဖြစ်ပါသည်။ အဆင့်မြင့် သီးသန့်သိလိုလျှင် ကဏ္ဍတစ်ခုဖြင့် ဖော်ပြပြီး ရေးသာပါမည်။ လေ့လာရန်အတွက် ဗီဒီယိုဖိုင်များကိုလည်း တတ်နိုင်သမျှ စုဆောင်းပြီးတင်ပေးပါမည်။ ကြိုက်နှစ်သက်လျှင် ဒေါင်းလုပ်၍ယူကြပါ။ မေးခွန်းများကို ပြန်လည်ဖြေရာတွင် ရက်အနည်းငယ် ကြာခဲ့လျှင် သည်းခံပေးကြပါရန်တောင်းပန်ပါတယ်။ မေးခွန်းမေးသူများခဲ့လျှင် တစ်လစသည်ဖြင့်ကြာနိုင်ပါသည်။ ဗီဒီယိုဖိုင်များ အသံဖိုင်းများကို ဒေါင်းလုပ်လုပ်ရာတွင် အဆင်မပြေပါက ပြန်လည်ပြောပေးကြပါနော်။
ဆေးပညာရပ်နှင့်ပတ်သတ်သောအရာများကို ပြည့်စုံအောင် ဖြေဆိုနိုင်မည် မဟုတ်ပါ။
    IF YOU WANT TO SPEAK ENGLISH, SPEAK IT.
    IF YOU WANT TO WRITE ENGLISH, WRITE IT.


MAY YOU BE HIGHLY EFFECTIVE PERSON IN THE WORLD.

                   အားလုံးချမ်းမြေ့နိုင်ကြပါစေလို့
                          ဆုတောင်းရင်းဖြင့်
                                                       ကြယ်စင်ကလေး (ရေနံ့သာ)


             

Thursday, February 10, 2011

Of studies

TO SPEND TOO MUCH TIME IN STUDIES,IS SLOTH; TO USE THEM TOO MUCH FOR ORNAMENT, IS AFFECTATION; TO MAKE JUDGEMENT WHOLLY BY THEIR RULES, IS THE HUMOUR OF A SCHOLAR; THEY PERFECT NATURE, AND ARE PERFECTED BY EXPERIENCE FOR NATURAL ABILITIES ARE LIKE NATURAL PLANTS, THAT NEED PRUNIG BY STUDY; AND STUDIES THEMSELVES DO GIVE FORTH DIRECTIONS TOO MUCH AT LARGE, EXCEPT THEY BE BOUNDED IN BY EXPERIENCE.
CRAFTY MEN CONTEMNS STUDIES, SIMPLE MEN ADMIRE THEM,AND WISE MEN USE THEM, FOR THEY TEACH NOT THEIR OWN USE; BUT THAT IS A WISDOM WITHOUT THEM, AND ABOVE THEM, WON BY OBSERVATION.

READ NOT TO CONTRADICT AND CONFUTE, NOR TO BELIEVE AND TAKE FOR GRANTED, NOR TO FIND TALK AND DISCOURSE,BUT TO WEIGH AND CONSIDER.SOME BOOKS ARE TO BE TASTED, OTHERS TO BE SWALLOWED,AND SOME FEW TO BE CHEWED AND DIGESTED;THAT IS,SOME BOOKS ARE TO BE READ ONLY IN PARTS; OTHERS TO BE READ,BUT NOT CURIOUSLY; AND SOME FEW TO BE READ WHOLLY,AND WITH DILIGENCE AND ATTENTION. SOME BOOKS ALSO MAY BE READ BY DEPUTY,AND EXTRACTS MADE OF THEM BY OTHERS; BUT THAT WOULD BE ONLY IN THE LESS IMPORTANT ARGUMENTS, AND THE MEANER SORT OF BOOKS; ELSE DISTILLED BOOKS ARE,LIKE COMMON DISTILLED WATERS, FLASHY THINGS.
READING MAKETH A FULL MAN, CONFERENCE A READY MAN, AND WRITING AN EXACT MAN; AND, THEREFORE,IF A MAN WRITE LITTLE, HE HAD NEED HAVE A GREAT MEMORY; IF HE CONFER LITTLE, HE HAD NEED HAVE A PRESENT WIT; AND IF HE READ LITTLE, HE HAD NEED HAVE MUCH CUNNING,TO AEEM TO KNOW THAT HE DOTH NOT.
 

Tuesday, February 8, 2011

IDIOM

IDIOMဆိုတာ အတော်ကို အနက်သဘောကောက်ရတာ အတော်ကို ခက်ခဲလှပါတယ်။ အမှန်အတိုင်း ပြောရပါစေ။ ဒီလိုရေးသားခြင်းသည် ကိုယ်ပိုင်မဟုတ်ပါ တစ်ခြားသော ပညာရှင်များ တစ်ခြားသော ဆိုက်များကို အမှီပြုပြီးလည်းကောင်း ပြန်လည်ကူပြီးသော်လည်းကောင် လေ့လာထားသမျှကို ပြန်လည်းတင်ပြခြင်းဖြစ်ပါ။ အပြစ်ရှိခဲ့လျှင်တော့ တောင်းပန်ပါတယ်နော်။
ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ water down ဖြစ်ပါတယ်။ Water = ရေ၊ Down = အောက်ဖက် ဖြစ်ပါတယ်။ Water ကို Down နဲ့ တွဲသုံးထားတဲ့ အီဒီယံအဓိပ္ပါယ်က ထိရောက်မှုကို လျော့နည်းအောင်၊ အားပျော့အောင်၊ ပြင်းထန်မှုကို သက်သာအောင် ပြုလုပ်တဲ့ သဘောမျိုးဖြစ်ပါတယ်။ တခုခုကို ရေနဲ့ရောလိုက်တဲ့အခါ အဲဒီ အရောခံရတဲ့ နဂိုရှိရင်က အားပျော့၊ အာနိသင် လျော့သွားတာ။ ဟင်းတွေဘာတွေဆိုရင်လည်း ရေရောလိုက်ရင် ကျဲသွားတဲ့ သဘောဖြစ်ပါတယ်။ ဒါကြောင့် တခုခုကို အားလျော့စေတယ်၊ အားနည်းစေတယ်၊ အာနိသင်လျော့စေချင်တယ်ဆိုရင် water down ဆိုတဲ့ အသုံးအနှုန်းကို သုံးစွဲနိုင်ပါတယ်။
ဒီ အသုံးနဲ့ ပတ်သက်လို့ George Crows ပေးထားတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
The new policy is a water down version of the old one. So, it will not protect the worker’s rights.

ပေါ်လစီအသစ်က အဟောင်းမှာပါတာထက် အားပျော့နေတော့ အလုပ်သမားတွေရဲ့  အခွင့်အရေးကို အကာအကွယ် ပေးနိုင်မှာ မဟုတ်ဘူး။
ဒုတိယတင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ test the water or test the waters ဖြစ်ပါတယ်။ Test = စမ်းသပ်သည်။ Water = ရေ တို့ ဖြစ်ပါတယ်။ အကယ်၍ waters ဆိုရင် ရေပြင် လို့ အဓိပ္ပါယ်ရှိပါတယ်။ စကားစုတခုလုံးရဲ့  လုံးကောက်အဓိပ္ပါယ်က ရေ သို့မဟုတ် ရေပြင်ကို စမ်းသပ်ကြည့်သည် ဖြစ်ပါတယ်။ အီဒီယံအသုံးမှာတော့ တခုခုကို စမ်းသပ်ကြည့်တာ။ မြန်မာစကားမှာတော့ မြေစမ်းခရမ်းပျိုး သဘောဖြစ်ပါတယ်။ ရေကို အေးသလား၊ ပူသလား စမ်းသပ်သလို၊ ရေပြင်ဟာ သွားရေးလာရေးအတွက် အန္တရာယ်ကင်းသလား၊ လှိုင်းချက်အနေအထား ဘယ်လိုရှိသလဲဆိုတာကို အရင်စူးစမ်းလေ့လာတဲ့ သဘောဖြစ်ပါတယ်။ ဒါကြောင့်မို့ တခုခုကို မပြုလုပ်ခင် ဘယ်လောက်အောင်မြင်မှု ရှိသလဲ၊ ဘယ်လောက်လက်ခံနိုင်စရာ ရှိမလဲဆိုတာကို အစမ်းသဘော ပြုလုပ်တာကို ရည်ညွှန်းပြောဆိုတာ ဖြစ်ပါတယ်။
ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးထားတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
Our company is testing the water to see if our new advertisement will increase our sale.

ကျနော်တို့ ကုမ္မဏီက ကြော်ငြာသစ်တွေထုတ်ပြီး အရောင်းပိုကောင်းလာမလားဆိုတဲ့ ရှေ့ ပြေးစမ်းသပ်မှုတွေ ပြုလုပ်နေပါတယ်။
နောက်ဆုံးတင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ fish out of water ဖြစ်ပါတယ်။ Fish = ငါး၊ Out of = အပြင်ကို ထွက်လာသည်၊ အပြင်ကိုရောက်နေသည်၊ Water = ရေ တို့ ဖြစ်ကြပြီး စကားစုတခုလုံးရဲ့  လုံးကောက်အဓိပ္ပါယ်မှာ ရေအပြင်ရောက်နေတဲ့ ငါး ဖြစ်ပါတယ်။ ရေထဲမှာ အသက်ရှင်တဲ့ ငါးအနေနဲ့ ရေအပြင်ဖက်၊ ကုန်ပေါ်ရောက်နေမယ်ဆိုရင် ဘယ်လိုအသက်ရှင် နေမလဲဆိုတာကို စဉ်းစားကြည့်ပါ။ တကယ်လည်း နေ့စဉ်ဘဝမှာ ကိုယ့်သာမန် အသိုင်းအဝိုင်း၊ ကိုယ်နေထိုင်နေကြ လှုပ်ရှားသွားလာနေကြ အပေါင်းအသင်းတွေကြားမဟုတ်တဲ့ အနေစိမ်းတဲ့ ပတ်ဝန်းကျင်ထဲ ရောက်နေတာကို ဆိုလိုပါတယ်။ တနည်းအားဖြင့် နေရထိုင်ရ ခက်ခဲတဲ့သဘောမျိုး၊ ကိုယ်နဲ့ ပတ်ဝန်းကျင် မရင်းနှီးတဲ့အတွက်ကြောင့် မနေတတ် မထိုင်တတ်၊ အူကြောင်ကြောင်၊ စိတ်ထဲမလုံမလဲ ဖြစ်တတ်တဲ့ သဘောမျိုးကို fish out of water လို့ ပြောဆိုသုံးစွဲနိုင်ပါတယ်။
ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးထားတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
I felt like a fish out of water at the director’s party. All of the guests are famous and rich. I am just ordinary compare to all of them.

ကျနော်တယောက် ဒါရိုက်တာရဲ့  ပါတီကိုရောက်နေတာ မနေတတ်မထိုင်တတ် ဖြစ်လိုက်တာဗျာ။ ဧည်သည်တွေအားလုံးက နံမည်ကြီး လူချမ်းသာတွေ။ သူတို့နဲ့ နှိုင်းယှဉ်လိုက်ရင် ကျနော်က အညတရသာမန် လူတယောက်ပါ။