တတ်လို့မဟုတ်ဘူးနော် ကိုယ်ပိုင်မှတ်စုကလေးကို ပြန်ရေးထားတာပါ သူငယ်ချင်းတို့လည်း မှတ်လို့ရတာပေါ့။ I hope to you in a better day. The best preparation for work is not thinking about work, talking about work, or studying for work: it is work.Knowledge is the candle, lightening your life, brightening your brain and shining your future.All the grammar you need to know.ပိုစ်တင်နိုင်အောင် ကြိုးစားနေပါတယ် သူငယ်ချင်းတို့ရေ နည်းနည်းကလေး ကျန်းမာရေး မကောင်းလို့နော်။

Tuesday, February 8, 2011

IDIOM

IDIOMဆိုတာ အတော်ကို အနက်သဘောကောက်ရတာ အတော်ကို ခက်ခဲလှပါတယ်။ အမှန်အတိုင်း ပြောရပါစေ။ ဒီလိုရေးသားခြင်းသည် ကိုယ်ပိုင်မဟုတ်ပါ တစ်ခြားသော ပညာရှင်များ တစ်ခြားသော ဆိုက်များကို အမှီပြုပြီးလည်းကောင်း ပြန်လည်ကူပြီးသော်လည်းကောင် လေ့လာထားသမျှကို ပြန်လည်းတင်ပြခြင်းဖြစ်ပါ။ အပြစ်ရှိခဲ့လျှင်တော့ တောင်းပန်ပါတယ်နော်။
ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ water down ဖြစ်ပါတယ်။ Water = ရေ၊ Down = အောက်ဖက် ဖြစ်ပါတယ်။ Water ကို Down နဲ့ တွဲသုံးထားတဲ့ အီဒီယံအဓိပ္ပါယ်က ထိရောက်မှုကို လျော့နည်းအောင်၊ အားပျော့အောင်၊ ပြင်းထန်မှုကို သက်သာအောင် ပြုလုပ်တဲ့ သဘောမျိုးဖြစ်ပါတယ်။ တခုခုကို ရေနဲ့ရောလိုက်တဲ့အခါ အဲဒီ အရောခံရတဲ့ နဂိုရှိရင်က အားပျော့၊ အာနိသင် လျော့သွားတာ။ ဟင်းတွေဘာတွေဆိုရင်လည်း ရေရောလိုက်ရင် ကျဲသွားတဲ့ သဘောဖြစ်ပါတယ်။ ဒါကြောင့် တခုခုကို အားလျော့စေတယ်၊ အားနည်းစေတယ်၊ အာနိသင်လျော့စေချင်တယ်ဆိုရင် water down ဆိုတဲ့ အသုံးအနှုန်းကို သုံးစွဲနိုင်ပါတယ်။
ဒီ အသုံးနဲ့ ပတ်သက်လို့ George Crows ပေးထားတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
The new policy is a water down version of the old one. So, it will not protect the worker’s rights.

ပေါ်လစီအသစ်က အဟောင်းမှာပါတာထက် အားပျော့နေတော့ အလုပ်သမားတွေရဲ့  အခွင့်အရေးကို အကာအကွယ် ပေးနိုင်မှာ မဟုတ်ဘူး။
ဒုတိယတင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ test the water or test the waters ဖြစ်ပါတယ်။ Test = စမ်းသပ်သည်။ Water = ရေ တို့ ဖြစ်ပါတယ်။ အကယ်၍ waters ဆိုရင် ရေပြင် လို့ အဓိပ္ပါယ်ရှိပါတယ်။ စကားစုတခုလုံးရဲ့  လုံးကောက်အဓိပ္ပါယ်က ရေ သို့မဟုတ် ရေပြင်ကို စမ်းသပ်ကြည့်သည် ဖြစ်ပါတယ်။ အီဒီယံအသုံးမှာတော့ တခုခုကို စမ်းသပ်ကြည့်တာ။ မြန်မာစကားမှာတော့ မြေစမ်းခရမ်းပျိုး သဘောဖြစ်ပါတယ်။ ရေကို အေးသလား၊ ပူသလား စမ်းသပ်သလို၊ ရေပြင်ဟာ သွားရေးလာရေးအတွက် အန္တရာယ်ကင်းသလား၊ လှိုင်းချက်အနေအထား ဘယ်လိုရှိသလဲဆိုတာကို အရင်စူးစမ်းလေ့လာတဲ့ သဘောဖြစ်ပါတယ်။ ဒါကြောင့်မို့ တခုခုကို မပြုလုပ်ခင် ဘယ်လောက်အောင်မြင်မှု ရှိသလဲ၊ ဘယ်လောက်လက်ခံနိုင်စရာ ရှိမလဲဆိုတာကို အစမ်းသဘော ပြုလုပ်တာကို ရည်ညွှန်းပြောဆိုတာ ဖြစ်ပါတယ်။
ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးထားတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
Our company is testing the water to see if our new advertisement will increase our sale.

ကျနော်တို့ ကုမ္မဏီက ကြော်ငြာသစ်တွေထုတ်ပြီး အရောင်းပိုကောင်းလာမလားဆိုတဲ့ ရှေ့ ပြေးစမ်းသပ်မှုတွေ ပြုလုပ်နေပါတယ်။
နောက်ဆုံးတင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ fish out of water ဖြစ်ပါတယ်။ Fish = ငါး၊ Out of = အပြင်ကို ထွက်လာသည်၊ အပြင်ကိုရောက်နေသည်၊ Water = ရေ တို့ ဖြစ်ကြပြီး စကားစုတခုလုံးရဲ့  လုံးကောက်အဓိပ္ပါယ်မှာ ရေအပြင်ရောက်နေတဲ့ ငါး ဖြစ်ပါတယ်။ ရေထဲမှာ အသက်ရှင်တဲ့ ငါးအနေနဲ့ ရေအပြင်ဖက်၊ ကုန်ပေါ်ရောက်နေမယ်ဆိုရင် ဘယ်လိုအသက်ရှင် နေမလဲဆိုတာကို စဉ်းစားကြည့်ပါ။ တကယ်လည်း နေ့စဉ်ဘဝမှာ ကိုယ့်သာမန် အသိုင်းအဝိုင်း၊ ကိုယ်နေထိုင်နေကြ လှုပ်ရှားသွားလာနေကြ အပေါင်းအသင်းတွေကြားမဟုတ်တဲ့ အနေစိမ်းတဲ့ ပတ်ဝန်းကျင်ထဲ ရောက်နေတာကို ဆိုလိုပါတယ်။ တနည်းအားဖြင့် နေရထိုင်ရ ခက်ခဲတဲ့သဘောမျိုး၊ ကိုယ်နဲ့ ပတ်ဝန်းကျင် မရင်းနှီးတဲ့အတွက်ကြောင့် မနေတတ် မထိုင်တတ်၊ အူကြောင်ကြောင်၊ စိတ်ထဲမလုံမလဲ ဖြစ်တတ်တဲ့ သဘောမျိုးကို fish out of water လို့ ပြောဆိုသုံးစွဲနိုင်ပါတယ်။
ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးထားတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
I felt like a fish out of water at the director’s party. All of the guests are famous and rich. I am just ordinary compare to all of them.

ကျနော်တယောက် ဒါရိုက်တာရဲ့  ပါတီကိုရောက်နေတာ မနေတတ်မထိုင်တတ် ဖြစ်လိုက်တာဗျာ။ ဧည်သည်တွေအားလုံးက နံမည်ကြီး လူချမ်းသာတွေ။ သူတို့နဲ့ နှိုင်းယှဉ်လိုက်ရင် ကျနော်က အညတရသာမန် လူတယောက်ပါ။

0 comments:

Post a Comment