တတ်လို့မဟုတ်ဘူးနော် ကိုယ်ပိုင်မှတ်စုကလေးကို ပြန်ရေးထားတာပါ သူငယ်ချင်းတို့လည်း မှတ်လို့ရတာပေါ့။ I hope to you in a better day. The best preparation for work is not thinking about work, talking about work, or studying for work: it is work.Knowledge is the candle, lightening your life, brightening your brain and shining your future.All the grammar you need to know.ပိုစ်တင်နိုင်အောင် ကြိုးစားနေပါတယ် သူငယ်ချင်းတို့ရေ နည်းနည်းကလေး ကျန်းမာရေး မကောင်းလို့နော်။

Sunday, February 13, 2011

အသိပေးခြင်း

အင်္ဂလိပ်စာနဲ့ပတ်သတ်ပြီး အနည်းအငယ် ပြောချင်ပါတယ် မိတ်ဆွေတို့ ယနေ့ခေတ်သည် နေ့စဉ်နှင့်အမျှ ဖွံ့ဖြိုးတိုးတက်နေတာလည်း လူတိုင်းအသိပင်ဖြစ်ပါတယ်။ ထို့နည်းတူစွာ လူမှုဆက်သွယ်ရေးကဏ္ဍဟာလည်း တစ်နေ့ထက်တစ်နေ့ လိုအပ်လာပါတယ်။ ထိုလိုအပ်ချက်များသည် အများကြီးဖြစ်နေစေဦးတော့ အဓိက အရေးကြီးသော အခန်းတစ်ခုကို မလွဲမသွေ တင်ပြရရင် ဘာသာစကားပင်ဖြစ်ပါသည်။ ထိုဘာသာစကားသည် ကမ္ဘာသုံးဖြစ်သော အင်္ဂလိပ်စာပင် ဖြစ်ပါသည်။ ထိုအင်္ဂလိပ်စာကို နိုင်ငံတော်တော်များများမှာ နေထိုင်းကြတဲ့ လူသားတိုင်းနည်းပါး လေ့လာနေကြသည်မှာ မငြင်းနိုင်ပေ။ ဒါကြောင့်လည်း နိုင်ငံတိုင်းမှာ ပညာရေးကဏ္ဍတွင် ပြဋ္ဌာန်းစာအဖြစ် ထည့်သွင်းခြင်းပင်ဖြစ်သည်မဟုတ်ပါလား။ ဒါကြောင့် ကျွန်ုပ်တို့အားလုံး အင်္ဂလိပ်စာကို မလွဲမသွေ လေ့လာသင့်သည်ဟု ပြောပါရစေ။ လေ့လာသည်များကိုလည်း တတ်နိုင်သမျှ ပေးဝေခြင်းဖြင့် သင်ကြားနိုင်အောင်လေ့လာသည်ဟုလည်း ပြောပါရစေ။ ဒါကြောင့် အခုလို တတ်နိုင်သမျှ ပေးဆပ်ခြင်းသာ ဖြစ်ပါတယ် တတ်လို့မဟုတ်ပါ၊ တတ်ကျွမ်းပါသည်လို့လည်း ဘယ်သောအခါမှ မခံယူဝံ့ပါ၊ ဒါကြောင့် စာဖတ်သူများ အနေဖြင့် ယူသင့်တာများကို ယူဆောင်ပြီး ထားသင့်တာများကို ထားခဲ့ကြပါလို့ တောင်းပန်ပါတယ်၊ အခုလို ရေးသားခြင်းသည် သင်ယူမှုနဲ့ လေ့လာမှုတို့မှ တဆင့် ပြန်လည်ပေးဆပ်ခြင်းပါ၊ အင်္ဂလိပ်စာသည် အသက်ရှိ သတ္တ၀ါတစ်ကောင်လို အမြဲတမ်းဖွံ့ဖြိုးနေသည်မို့ ကျွန်ုပ်တို့အနေနဲ့ အားလုံးကို မသိနိုင်ပါ။ မသိလို့ မသိဘူးလို့ ပြောခြင်းကိုလဲ အပြစ်မယူစေချင်ပါ။ အင်္ဂလိပ်လူမျိုးသည်ပင် အကုန်မသိ နိုင်ပါဟု မှတ်ယူစေ ချင်ပါသည်။ ဘာကြောင့်မသိသနည်းဟုမေးလျှင် အင်္ဂလိပ်စာသည် အမျိုးမျိုးကွဲလွဲ နေသည်မဟုတ်ပါလော။ စင်ကာပူ အင်္ဂလိပ်၊ သြဇီအင်္ဂလိပ်၊ စသည်ဖြင့်ကွဲပြားနေလို့ပင်ဖြစ်ပါသည်။ ထို့အပြင် အင်္ဂလိပ်စာလုံး အားလုံးတို့ဟာ အင်္ဂလိပ်စာမဟုတ်ပါ။ ဘာကြောင့်လည်းဟု ပြောရလျှင်ဖြင့် အားလုံးသိသော ငှက်ပျောသီးဆိုတဲ့(banana)ဟာ အာဖရိကစကား (shampoo) ဟာ အိန္ဒိယစကားပါ တစ်ခြားသော စကားလုံးများလည်း အများပင်ရှိပါသေးသည်။ ဒါကြောင့် တစ်ချို့စကားလုံးတွေဟာ မွေးစား စကားလုံးများဟု သိစေချင်ပါသည်။
       သဒ္ဒါစကားအနည်းအငယ် ပြောပါရစေ စာရေးခြင်းအတတ်ကို တတ်ချင်ရင် သဒ္ဒါကိုလေ့လာရမည်မှာ မလွဲပေ လုံးဝရှောင်လွဲလို့မရပေ။ မည်သည့်စာရေးနည်းစာအုပ်ကိုပင်လေ့လာလေ့လာ အကောင်းဆုံးပင် ဖြစ်သည် သို့သော် မရောစေချင်ပါ နည်းစနစ်ကို ယူလိုက်ခြင်းသာ အကောင်းဆုံး ဖြစ်ပါသည်။ ဘာကြောင်းနည်း သဒ္ဒါဟူက ယေဘုယျ မုချမမှတ်ရဟု ရှေ့ဆရာများဆိုခဲပြီမဟုတ်လော။ မှန်ပေသည် တစ်ချို့စာအုပ်များမှာ ၀ါစင်္ဂ ရှစ်မျိုးကို ပြဆိုထားသော်လည်း၊ တစ်ချို့စာအုပ်များမှာ ၀ါစင်္ဂကို ကိုးမျိုးပြထားတာကို တွေ့ရသည်၊ ထိုကဲ့သို့ ယူသောသူကိုလည်း အပြစ်မတင်သင့်ပေ သူ့အယူအဆအရ Article သုံးလုံးကို Adjective အနေဖြင့် သီးခြားယူဆနေခြင်းပင် ဖြစ်ပါသည်။
           ကျွန်ုပ်အနေဖြင့် ဒီဘလော့ကို ရေးသားတွင် ကိုယ်တိုင်ရေးသားခြင်းဖြင့်လည်းကောင်း အခြားသောဆိုက်များမှ လေ့လာပြီး ပြန်လည် ဖော်ပြခြင်းဖြင့်လည်းကောင်း မျှဝေပေးခြင်း ဖြစ်ပါသည်။ မရှင်းလင်းသောအရာများကိုလည်း shareman009@gmail.comကို စာရေးပြီးမေးမြန်းနိုင်ပါတယ်။ အမှန်ကို ၀န်ခံရလျှင် ကျွန်ုပ်သည် တကယ်မတတ်ပါ သိသလောက်ဖြင့် မျှဝေခြင်းသာဖြစ်ပါသည်။
       သင်္ခန်းစာများကို ရေးသားရာတွင် ကဏ္ဍအသီးသီးခွဲပြီး ရေးသားပါမည်။ ရေးသားရာတွင်လည်း အခြေခံမှ စတင်ပြီး ရေးသားမည် ဖြစ်ပါသည်။ အဆင့်မြင့် သီးသန့်သိလိုလျှင် ကဏ္ဍတစ်ခုဖြင့် ဖော်ပြပြီး ရေးသာပါမည်။ လေ့လာရန်အတွက် ဗီဒီယိုဖိုင်များကိုလည်း တတ်နိုင်သမျှ စုဆောင်းပြီးတင်ပေးပါမည်။ ကြိုက်နှစ်သက်လျှင် ဒေါင်းလုပ်၍ယူကြပါ။ မေးခွန်းများကို ပြန်လည်ဖြေရာတွင် ရက်အနည်းငယ် ကြာခဲ့လျှင် သည်းခံပေးကြပါရန်တောင်းပန်ပါတယ်။ မေးခွန်းမေးသူများခဲ့လျှင် တစ်လစသည်ဖြင့်ကြာနိုင်ပါသည်။ ဗီဒီယိုဖိုင်များ အသံဖိုင်းများကို ဒေါင်းလုပ်လုပ်ရာတွင် အဆင်မပြေပါက ပြန်လည်ပြောပေးကြပါနော်။
ဆေးပညာရပ်နှင့်ပတ်သတ်သောအရာများကို ပြည့်စုံအောင် ဖြေဆိုနိုင်မည် မဟုတ်ပါ။
    IF YOU WANT TO SPEAK ENGLISH, SPEAK IT.
    IF YOU WANT TO WRITE ENGLISH, WRITE IT.


MAY YOU BE HIGHLY EFFECTIVE PERSON IN THE WORLD.

                   အားလုံးချမ်းမြေ့နိုင်ကြပါစေလို့
                          ဆုတောင်းရင်းဖြင့်
                                                       ကြယ်စင်ကလေး (ရေနံ့သာ)


             

0 comments:

Post a Comment