တတ်လို့မဟုတ်ဘူးနော် ကိုယ်ပိုင်မှတ်စုကလေးကို ပြန်ရေးထားတာပါ သူငယ်ချင်းတို့လည်း မှတ်လို့ရတာပေါ့။ I hope to you in a better day. The best preparation for work is not thinking about work, talking about work, or studying for work: it is work.Knowledge is the candle, lightening your life, brightening your brain and shining your future.All the grammar you need to know.ပိုစ်တင်နိုင်အောင် ကြိုးစားနေပါတယ် သူငယ်ချင်းတို့ရေ နည်းနည်းကလေး ကျန်းမာရေး မကောင်းလို့နော်။

Wednesday, December 7, 2011

Usage in English


Pass! (ထားလိုက်ပါ/ရှိပါစေ)
You say pass! in an informal context when you cannot or do not want to answer a question.
(Pass(ထားလိုက်ပါတော့ /ရှိပါစေတော)့ကို မေးခွန်းတစ်ခုခုကို မဖြေနိုင်တဲ့အခါ (သို့) မဖြေချင်တဲ့အခါ အသုံးပြုပါတယ်။)
  • 'How can Jim possibly prefer Sue to his beautiful wife?'
    ( ဘယ်လိုလုပ်ပြီး ဂျင်(မ)(Jim)ဟာ ချောမောလှပတဲ့ သူ့မိန်းမထက် ဆူ(Sue)ကို ပိုပြီးတော့ နှစ်သက်နေရတာလဲ?)

'Pass!
It seems unbelievable.'
(ယုံချင်စရာ မကောင်းပေမဲ့လည်း ထားလိုက်ပါ!။)
  • 'Do you think Tom's a good workman?'
    တွမ်(Tom)ဟာ လုပ်သားကောင်းတစ်ယောက်လို့ မင်းထင်လား?)

  • 'Pass!
    He's my brother-in-law.'
    (ထားလိုက်ပါ!။ သူဟာငါ့ရဲ့ ယောက်ဖပါ။)
        The expression pass! comes from a quiz or a game show where a contestant cannot answer a question.
        (Pass ! ဟူသော အသုံးအနှုန်းသည် ပါဝင်ယှဉ်ပြိုင်သူ တစ်ဦးဦးက မေးခွန်းကို မဖြေနိုင်သော ပဟေဠိ (သို့) ကစားနည်း အစီအစဉ်တစ်ခုမှ ပေါ်ပေါက်လာခြင်းဖြစ်သည်။)

Take it from me (ငါပြောတာကိုယုံ)
You say take it from me when you ask someone to believe or accept what you say:
(take if from me(ငါပြောတာကိုယုံ) ကို တစ်စုံတစ်ယောက်အား သင်ပြောသည်ကို ယုံကြည်လာစေရန် (သို့) လက်ခံလာစေရန် တိုက်တွန်းရာတွင် ပြောသည်)

  • Take it from me. Anne is not to be trusted.
    (ငါပြောတာကိုယုံ၊ Anne (အန်း(န))က ယုံကြည်လောက်စရာ မရှိဘူး။)
  • Take it from me. Jack will be a famous actor one day.
    (ငါပြောတာကိုယုံ။  Jack (ဂျက်) က တစ်နေ့ကျရင် နာမည်ကြီး မင်းသား ဖြစ်လာလိမ့်မယ်။)

I'll tell you what! (ငါပြောပြမယ်!)
You use I'll tell you what! when you wish to suggest something: (I’ll tell you what (ငါပြောပြမယ်) ကို အကြံ တစ်စုံတစ်ခု ပေးလိုလျှင် သုံးသည်)

  • 'It's Dad's birthday next week and I can't think what to give him.'
    (နောက်တစ်ပါတ်ဆို အဖေ့မွေးနေ့ပဲ။ သူ့ကိုဘာပေးရမလဲ စဉ်းစားလို့မရသေးဘူး။)
    I’ll tell you what!
    We could give a surprise party for him.'
    (ငါပြောပြမယ်! သူ့ကို မထင်မှတ်ထားတဲ့ ပါတီလုပ်ပေးလိုက်ရအောင်။)
  • 'I've asked some people to dinner tonight and I can't think what to cook for them.
    ( လူအနည်းငယ်ကို ညစာစားဖို့အတွက် ဒီည ငါဖိတ်ထားတယ်။ ငါဘာချက်ပေးရမလဲ မသိသေးဘူး။)
    I”ll tell you what! Let's
    have a barbecue!'
    ငါပြောပြမယ်! အသားကင် လုပ်စားရအောင်!)

What a thought! (စိတ်ညစ်လိုက်တာ)
You say what a thought! when you refer to what you think is a very unpleasant  idea.
(What a thought! (စိတ်ညစ်လိုက်တာ) ဆိုတဲ့ အသုံးအနှုန်းကို အကြောင်းအရာတစ်ခုခုသည်  နှစ်သက်စရာမကောင်းဘူးလို့ ယူဆတဲ့အခါမှာ အသုံးပြုပါတယ်။)

  • 'Perhaps your father will marry Sara?'
    (မင်းအဖေ ဆာရာ့(Sara) ကို လက်ထပ်ဖြစ်မှာလား?)
    'What a thought!
    We all dislike her'.
    ( စိတ်ညစ်လိုက်တာ! သူ့ကို ငါတို့အားလုံးက  ဒီလောက်မုန်းတာ။)
  • According to the weather forecast we're going to have a long, cold winter.
    (မိုးလေ၀သ သတင်းထုတ်ပြန်ချက်အရ ရှည်လျားပြီး အေးတဲ့ဆောင်းရာသီနဲ့ ကြုံရဦးမယ်။)

What a thought!
I think I’ll emigrate to somewhere warm and sunny!')
(စိတ်ညစ်လိုက်တာ! ငါတော့ နွေးပြီး နေသာတဲ့ အခြားတစ်နေရာရာကို ပြောင်းရွှေ့ဦးမှပဲ။)

About time too! (…………ပေဦးမှပဲ )
You say - about time too! When you mean that someone is late or has taken a long time to do something.
(About time too!(............ပေဦးမှပဲ)  ကို တစ်ဦးတစ်ယောက်က အချိန်နောက်ကျပြီး ရောက်လာတဲ့အခါ (သို့) အလုပ်တစ်ခုခုကို အချိန်အကြာကြီးဆွဲ လုပ်တဲ့အခါမှာ အသုံးပြုပါတယ်။)

  • About time too! I thought you were going to miss the train.”
    (ရောက်လာပေဦးမှပဲ! မင်းရထား မမှီတော့ဘူးလို့ ထင်နေတာ။)
  • “I’ve finished digging the garden”.(ပန်းခြံထဲမှာ မြေကြီးတူးလို့ ပြီးပါ ပြီ။)
    About time too!
    I thought that you would have finished it yesterday.’
    (တူးပြီးပေဦးမှပဲ! မနေ့ကတည်းက တူးလို့ပြီးသွားမယ်ထင်နေတာ။)
Note: I got this post from Myanmar Network.

words for word

ဒီနေ့တော့ သူငယ်ချင်းတို့ရေ မှတ်ခဲ့တာလေးတော့ English ကိုလေ့လာကြတဲ့ ငါတို့အားလုံး တစ်ခါတစ်ရံ မှတ်တတ်တဲ့ သတိလွတ်သွားတတ်တဲ့ In time နဲ့ On time မကွဲတတ်တာလေးကို မှတ်ခဲ့တယ်နော်။
အဲဒါလေးကို မျှလိုက်ချင်တယ်နော်။
               In time ဆိုတာ အချန်မီ၊ On time ဆိုတာ သတ်မှတ်ချိန် အတိအကျလို့ မှတ်ထားနော်။

                The train will arrive on time, so we must get to the station in time.
     ရထားက အချိန်အတိအကျ ၀င်လာမှာဆိုတော့ တို့တတွေ ဘူတာရုံကို အချိန်မီရောက်နေဖို့ လိုတာပေါ့။
at times ဆိုတာက ရံဖန်ရံခါလို့ မှတ်ထားဦးနော်။

He is a nice man but he is very queer at times.
သူသဘောတော့ ကောင်းပါရဲ့ ဒါပေမယ့် တစ်ခါတလေကျတော့ ကြောင်တောင်တောင်နိုင်တယ်။

time after time ဆိုတာက အထပ်ထပ် အခါခါ လို့ဆိုတယ်။
Once in a while ဆိုတာက တစ်ခါတလေ
Once in a blue moon ဆိုတာက ဖြစ်တောင့်ဖြစ်ခဲ တစ်ခါတလေ။
all his born days ဆိုတာက တစ်သက်လုံး တစ်ဘ၀လုံးလို့ အဓိပ္ပါယ်ရတယ်နော်။
in a moment / in a second/ in a tick / in less than no time/ in no time တို့ဟာ မကြာမီ မဆိုသလောက် အချိန်အတွင်းလို့ အဓိပ္ပါယ်ရတယ်နော်။

ကြာတဲ့အချိန်ကိုပြောချင်ရင်တော့။
For/ since +နဲ့ သုံးနှုန်းကြပါတယ်။
For a long time/ for ages/ since the year dot အရမ်းကြာပြီ လို့ ပြောလေ့ရှိတယ်။
I have been working there in this shipping line for ages.

ကြာတဲ့အချိန်ကို တစ်နည်းပြောကြည့်အောင်နော်။
 Fleeting ဆိုတာ ခဏတဖြုတ်လို့မှတ်၊
သူနဲ့တွဲလိုက်ရင်တော့ Fleeting glimpse/ fleeting visit/ fleeting smile / fleeting moment/ fleeting appearance/ စသည်ဖြင့် တွဲသုံးတတယ်နော်။
transient ဆိုတာ ခဏပန်း၊ယာယီ လို့ပြောတာ။ သူနဲ့တွဲလိုက်ရင်---
transient problems/ transient pleasure/ transient feeling/ transient population စသည်ဖြင့် သုံးတယ်နော်။

Persistent ဆိုတာ ဆက်တိုက်၊ထပ်တလဲလဲ လို့ပြောတာ။သူနဲ့တွဲလိုက်ရင်တော့။
persistent cough/ persistent problems/ persistent smell/ persistent failure စသည်ဖြင့် တွဲသုံးတယ်နော်။

inexorable ဆိုတာ မနားမနေလို့ပြောတာနော်။ သူနဲ့တွဲသုံးလိုက်ရင်တော့---
inexorable crisis/ inexorable rise/ inexorable pressure/ inexorable decline.

lingering ဆိုတာ တာရှည် ဆိုတဲ့ အဓိပ္ပါယ်ကိုပြောတာနော်။ သူနဲ့တွဲသုံးလိုက်ရင်တော့--
Lingering illness/ lingering doubt/ lingering kiss/ lingering perfume.

ကြာညောင်းနေပြီဖြစ်သော အီလေးနေသော ဆိုတဲ့စကားကိုတော့ protracted ဆိုတဲ့စကားလုံးနဲ့ တွဲလိုက်နော်။
Protracted negotiations/ protracted discussions/ protracted arguments/ protracted lunch break စသည်ဖြင့်သုံးတယ်လို့ မှတ်ထားနော်။
သူငယ်ချင်းတို့ရေ-- ဒီနေ့တို့လည်း ဒီလောက်ပဲ မှတ်လိုက်တော့မယ်နော်။

Monday, December 5, 2011

words for word


          Time ဆိုတဲ့စကားလုံးရဲ့ ဆက်စပ်မှုကလေးကို ဒီနေ့လေ့လာမိတယ်သူငယ်ချင်းတို့ ဒါပေမဲ့ Time ဆိုတာ အချိန်ကာလကိုဖော်ပြပေးတယ်ဆိုတာ အင်္ဂလိပ်စာလေ့လာသူတို့ သိကြပြီးသားပါ။ ဒါပေမဲ့ Time ဆိုတာ စံတော်ချိန် လို့လည်းခေါ်တယ်နော်။ ဥပမာ- GMT(Greenwich Mean Time) ကမ္ဘာ့စံတော်ချိန်၊ Local Time ဆိုတာ ဒေသစံတော်ချိန်ဆိုတာလည်း လူတိုင်းသိလောက်ပါတယ်။
          သို့သော်လည်း-Time ရဲ့ရှေ့မှာ a ပေါင်းလိုက်ပြီး a time ဆိုရင်တော့ ခဏတာ လို့ခေါ်တယ်၊
We waited for a time and then went home.
ကျွန်တော်တို့ ခဏစောင့်ဆိုင်းခဲ့ပြီးနောက် အိမ်ပြန်သွားခဲ့ကြတယ်။
          Time မှာ S ထည့်ပြီး ancient times/ prehistoric times/ recent times စသည်ဖြင့် ခေတ်-လက်ထက် ကိုဖော်ပြတယ်ဆိုတာလဲမှတ်လိုက်ပါဦး။
တကယ်လို့ တစ်စုံတစ်ယောက်က Time’s up လို့ ပြောလိုက်ရင်တော့ အချိန်ပြည့်ပြီး၊အချိန်စေ့ပြီလို့ ပြောလိုက်တာပဲနော်။
          ကျွန်တော်နာရီအချိန်မှန်တယ်လို့ ပြောချင်ရင်တော့ My new watch keeps excellent time. လို့ပြောလိုက်ပါ။
          နေ့ရွှေ့ ညရွှေ့မလုပ်နဲ့လို့ ပြောချင်ရင်တော့ There is no time like the present. လို့ပြောလိုက်ပါ။
          မိုးရွာတုန်း ရေခံပါ၊ အချိန်ရှိခိုက် လုံးလစိုက်ပါ လို့ပြောချင်ရင်တော့ Time and tide wait for no man. လို့ပြောလိုက်နော်။
          ကဲ-အချိန်သင့်ပြီလို့ ပြောချင်ရင်တော့ The time is ripe.လို့ပြောလိုက်နော်။
          မြန်မာမှုနယ်ပယ်သုံးတဲ့ အချိန်ရင်တော့ နပိန်ကန်ပါလိမ့်မယ်လို့ ပြောချင်ရင်တော့- The time will tell. လို့သုံးလိုက်နော်။
          သုံးပါများလို့ ရိုးအိနေပြီလို့ ပြောချင်ရင်တော့ Time worn လို့ သုံးလိုက်ပေါ့။
 Don’t use time worn expressions in your essay.

          Time duration ကိုပြတဲ့ စကားလုံးတွေကို မှတ်လိုက်ရတယ်နော်။ အဲဒါတွေကတော့
All the time တစ်ချိန်လုံး လို့ ခေါ်တယ်နော်။ You can’t be busy all the time. လို့ပြောလိုက်။
All the time ရဲ့နောက်မှာ S ပေါင်းလိုက်ပြီး all the times လို့ပြောရင်တော့ အမြဲတမ်း အချိန်မရွေး၊ လို့သာမှတ်ထားနော်။  Our staff are not available at all the times. လို့ပြောပေါ့။
From time to time ဆိုတာ မကြာမကြာလို့ ခေါ်တယ်။
ကဲ-သူငယ်ချင်းတို့ရေ ဒီနေ့တော့ ဒီလောက်ပဲ မှတ်ထားခဲ့ရတယ်နော်။

Saturday, December 3, 2011

Usage in English

As a matter of fact (အမှန်တကယ်ကတော့)

အခြေအနေမှန်က အဲဒီလို မဟုတ်ဘူး ဒီလိုပါလို့ ပြောချင်ရင် as a matter of fact ကို သုံးနိုင်တယ်။

Your hotel was in the middle of town and so I suppose it is rather noisy.

No, as a matter of fact it is very quiet. They have good double glazing and we had rooms at the back.

ခင်ဗျားတည်းတဲ့ ဟိုတယ်က မြို့လယ်ခေါင်မှာဆိုတော့ အသံဆူညံမယ်ထင်တယ်နော်။
မဆူညံပါဘူး။ တကယ်တော့ အင်မတန် တိတ်ဆိတ်ပါတယ်။ မှန်နှစ်ထပ်တပ်ထားပြီး အခန်းကလည်း နောက်ထဲက အခန်းတွေလေ။

I suppose your daughter will have left home by now.

No, as a matter of fact she is still at home. She is studying at the local university.
အခုလောက်ဆို သမီးက အိမ်မှာ မနေတော့ဘူးထင်တယ်နော်။
ဟင့်အင်း၊ တကယ်တော့ သမီးက အိမ်မှာနေတုံးဘဲ။ အနားက တက္ကသိုလ်မှာ တက်နေတယ်။

ပြောလက်စ စကားမှာ ထပ်ဖြည့်ပြီး စိတ်ဝင်စားစရာ ဒါမှမဟုတ် အံ့သြစရာကို as a matter of fact ကို သုံးနိုင်တယ်။

I've decided to accept the job offer. As a matter of fact I start on Monday.
အလုပ်ကို လက်ခံဖို့ ဆုံးဖြတ်လိုက်ပြီ။ တကယ်တော့ တနင်္လာနေ့မှာ အလုပ်စတက်မှာ။


For goodness' sake (အမလေး)

အံ့သြတယ်၊ တုန်လှုပ်တယ်၊ စိတ်တိုတယ်လို့ ပြောချင်ရင် for goodness' sake ကို သုံးနိုင်တယ်။

For goodness' sake, Jane. You can't go to a formal party wearing those jeans.
အမလေး ဂျိန်းရယ်၊ ဒီဂျင်းဘောင်းဘီဝတ်ပြီး ပွဲနေပွဲထိုင်သွားလို့ ဘယ်ဖြစ်မှာလဲ။

For goodness' sake, hurry up. We'll miss the plane if we don't leave now.
အမလေး မြန်မြန်လုပ်ပါ။ အခုအိမ်ကမထွက်ရင် လေယာဉ်မီတော့မှာ မဟုတ်ဘူး။


In all honesty (အမှန်အတိုင်း အားမနာတမ်း ပြောရရင်)

အခုပြောမယ့်စကား လုံးဝမှန်တယ်လို့ အလေးအနက်ပြုချင်ရင် in all honesty ကို သုံးနိုင်တယ်။

Jack studies hard, but in all honesty, he is not a good enough student to get into university.
ဂျက်က စာကြိုးစားပါတယ်။ ဒါပေမယ့် မှန်တာပြောရမယ်ဆိုရင် တက္ကသိုလ် တက်ရလောက်အောင် စာမတော်ရှာဘူး။

You can certainly apply for the job, but, in all honesty, I don't think you'll get it.
မင်း အလုပ်လျှောက်မယ်ဆိုရင်တော့ လျှောက်လို့ ရတာပေါ့။ ဒါပေမယ့် မှန်တဲ့အတိုင်း ပြောရမယ်ဆိုရင် မင်း အဲဒီအလုပ်ကို ရလိမ့်မယ်လို့ မထင်ဘူး။


Not to mention (မဆိုထားနဲ့။)

ပြောမယ့်စကားကို အလေးအနက်ပြုဖို့ နောက်ထပ် အချက်အလက်တစ်ခု ထပ်ဖြည့်ချင်ရင် not to mention ကို သုံးနိုင်တယ်။

Jim has a lot of property. He owns three flats in London, not to mention the house in the south of France and one in Scotland.

ဂျင်မ်မှာ အိမ်တွေ အများကြီးဘဲ။ ပြင်သစ်တောင်ပိုင်းက အိမ်နဲ့ စကော့တလန်က အိမ်ကို ထည့်မပြောနဲ့အုံး၊ လန်ဒန်မှာ တိုက်ခန်း သုံးခန်းပိုင်တယ်။

Why are you buying more clothes? You have a wardrobe full of them, not to mention the ones in the attic.
ဘာဖြစ်လို့ အဝတ်အစားတွေ နောက်ထပ်ဝယ်နေတာလဲ။ ထပ်ခိုးက အဝတ်အစားတွေကို ထည့်မပြောနဲ့အုံး၊ တစ်ဘီဒိုစာအပြည့် ရှိတယ်လေ။


Note: I got this post from Myanmar Network.


words for word


ကဲ-မနေ့ကစခဲ့မှတ်စုကလေးကို ပြန်စလိုက်ရအောင်နော်သူငယ်ချင်တို့။
လူတွေဟာ များသောအားဖြင့် သဘာဝမဟုတ်တဲ့ synthetic ingredientsတွေကို ရှောင်ကြဉ်ကြတယ်။
အဲဒါကြောင့်လဲ whole-some” farmhouse” original” traditional” farm fresh” country fresh စတဲ့ စကားလုံးလှလှကလေးတွေကိုပဲသုံးကြတယ်နော်သူငယ်ချင်းတို့။
          ဆီးချိုရောဂါ၊နှလုံးရောဂါရှိတဲ့လူတွေအတွက်တော့ starch free, sugar free.fat free. Calorie freeလို့ရေးထားရင်တော့ စလို့ရတယ်နော်။
ဒါပေမဲ့- low-fat, low sugar, low alcohol, low calorie အဲဒီလိုရေးထားရင်တော့ ပါဝင်မှုမများဘူးလို့ ဖော်ပြတာပဲဖြစ်ပါတယ်။ ၅%နှုန်းထက်မများဘူးလို့မှတ်ထားလိုက်ပေါ့နော်။
          ဒီလိုမဟုတ်ဘဲ-reduced fat, reduced sugar, reduced calorie အဲဒီလိုရေးထားရင်တော့ ၂၅%နှုန်း လျှော့ထားတယ်လို့ မှတ်ထားပါ။
          low-fat cheese မှာတော့ fat ပါဝင်မှုနှုန်း ၅% ထက် မများနိုင်ဘူး။
          Reduced fat cheese မှာတော့ သာမန် Cheese ပါတဲ့ Fat အောက်၂၅% လျှော့နည်းတယ်လို့ မှတ်လိုက်တော့။
          အစားမက်သူ၊အစားကြူးသူကိုတော့ glutton လို့ပြောရတယ်။
          အချိုကြိုက်တယ်ဆိုရင်တော့ You have a sweet tooth. လို့ပြောလို့ရတယ်။
          ၀-မှာကိုကြောက်တဲ့ လူဆိုရင်တော့  I have to count the calories.
                                                 I have to be a bit calorie-conscious.
ပိန်ချင်တဲ့လူတွေ အသားလျှော့စားပြီ low calorie ဖြစ်တဲ့ သစ်ရွက်သစ်သီးကိုစားရမယ်လို့မှတ်နော်။
သွေးတိုးရောဂါရှိတဲ့ လူတွေကတော့ savoury dish ဖြစ်တဲ့ ငန်တဲ့အစာကိုရှောင်ကြပေတော့။
အစားအသောက်ဂျီကျရင်တော့ fussy eater လို့သာခေါ်လိုက်နော်။
အပြင်ထွက်စားလေ့ရှိရင်တော့ We always eat in and seldom eat out.
စားသောက်ဆိုင်မှာ အစားအသသောက်နဲ့ တည်ခင်းဧည့်ခံတာကို wine and dine လို့ခေါ်တယ်နော်။
အစားကိုပဲစားတယ် အရက်သောက်တာကိုရှောင်ကြဉ်သူကို teetotaler လို့ခေါ်လိုက်နော်။
          နောက်တစ်ခုဖြစ်တဲ့ dietကို နည်းနည်းလေးမျှလိုက်မယ်နော်။ အတိုင်းအချင့်နဲ့ စားရတဲ့ အစာလို့ အဓိပ္ပါယ်ရတယ်။
ဥပမာ- salt free diet ပေါ့-သွေးတိုးရောဂါအခံရှိသူများ စားကြရမယ်။
          Liquid diet ကို သွေးတိုးရောဂါ အခံရှိသူများ စားကြရမယ်လို့မှတ်။
          Soft diet ကိုတော့နှာစေးချောင်းဆိုတုပ်ကွေး ဖြစ်နေရင်တော့စားရမယ်လို့မှတ်။
          Full diet ဆိုရင်တော့ ကျန်းမာတဲ့လူတိုင်း စားလို့ရတယ်လို့ မှတ်လိုက်ပေါ့။
နောက်ဆုံးတော့လဲ ဆေးလဲ-အစာ၊အစာလဲဆေး၊လို့စကားရှိတဲ့အတိုင်း အားလုံး balanced diet ဖြစ်တဲ့ အသီးအရွက်တွေကို မျှအောင်သာစားကြပါတော့လို့ တိုက်တွန်းလိုက်ပါတယ်။

Friday, December 2, 2011

Usage in English

Not anywhere near (အများကြီး လိုသေးတယ်)
အများကြီးနည်းသေးတယ်၊ လိုသေးတယ်လို့ အလေးအနက် ပြောချင်ရင် not anywhere near ကို သုံးနိုင်တယ်။
I've not done anywhere near enough work to pass the exam.
စာမေးပွဲအောင်ဖို့ စာတွေ အများကြီး ထပ်ကျက်ဖို့ လိုသေးတယ်။ 

We haven't anywhere near the money it takes to rent a flat there.
အဲဒီရပ်ကွက်မှာ အခန်းငှားနိုင်ဖို့ ဒို့မှာ ရှိတဲ့ငွေနဲ့ဆို အများကြီး လိုသေးတယ်။

Believe it or not (မယုံနိုင်စရာဘဲ)
 (တစ်ချို့ကတော့ ယုံချင်ယုံ မယုံချင်နေလို့လဲသုံးကြပါတယ်)
အံ့သြစရာကောင်းတယ်၊ မဖြစ်လောက်ဖူးလို့ ထင်ရတယ်၊ ဒါပေမယ့် အမှန်ဖြစ်တယ်လို့ ပြောချင်ရင် believe it or not ကို သုံးနိုင်တယ်။

Believe it or not, it didn't rain all the time we were in London.
မယုံနိုင်စရာဘဲ၊ ကျွန်တော် ၊ကျွန်မတို့ လန်ဒန်မှာ ရှိနေတဲ့တစ်ချိန်လုံး မိုးမရွာဘူး။
Believe it or not, we found a cheap and comfortable place to stay right in the city centre.
မယုံနိုင်စရာဘဲ၊ ကျွန်တော်၊ကျွန်မတို့ မြို့လယ်ခေါင်မှာ အခန်းငှားခသက်သာပြီး ကောင်းကောင်းမွန်မွန် တည်းလို့ရတဲ့နေရာ တွေ့ခဲ့တယ်။

Fancy (ကြားသားမိုးကြိုး၊ ဟန်ကျလိုက်တာ)
အံ့သြတုန်လှုပ်တဲ့အခါ် Fancy ကို သုံးနိုင်တယ်။
Fancy the boss given an extra day's holiday at Christmas! He's usually so mean!
ကြားသားမိုးကြိုး၊ ခရစ်စမတ်ကျရင် ဘော့စ်က အားလပ်ရက်တစ်ရက် အပိုဆောင်းပေးမယ်တဲ့။
Fancy! My new boyfriend's parents have just moved in next door to my uncle and aunt.
ဟန်ကျလိုက်တာ၊ ဒို့ကောင်လေးရဲ့ အဖေနဲ့အမေက ဒို့ ဦးလေးနဲ့ အဒေါ် နေတဲ့အိမ်ရဲ့ ဘေးအိမ်ကို ပြောင်းလာတယ်။


You’ll never guess! (မင်းအံသြသွားမှာ)
အံ့သြစရာ၊ စိတ်လှုပ်ရှားစရာတစ်ခုခုကို ပြောတော့မယ်ဆိုရင် you’ll never guess! နဲ့ အစပျိုးနိုင်တယ်။

You'll never guess what the boss wanted to talk to me about! He wants me to be the office manager!
ဘော့စ်က ငါ့ကို ဘာခေါ်ပြောသလဲ မင်းသိရင် အံ့သြသွားမှာ။ ငါ့ကို ရုံးခန်းရဲ့ မန်နေဂျာ လုပ်ခိုင်းမလို့။
You'll never guess who was at the charity reception last night! Prince William!
မနေ့ညက ရန်ပုံငွေဧည့်ခံပွဲကို ဘယ်သူလာသလဲ မင်းသိရင် အံ့သြသွားမှာ။ မင်းသား ဝီလီယံ လာတယ်။

Guess what? ကို အလားတူ သုံးနိုင်တယ်။
Guess what? I've just got a big pay rise!
မင်းသိရင် အံ့သြသွားမှာ၊ ငါအခုလေးတင် လစာအများကြီး တိုးသွားပြီ။

I didn't win the first prize but guess what? I was commended highly for good citizenship!
ငါ ပထမဆုတော့ မရဘူး။ ဒါပေမယ့် မင်းသိရင် အံ့သြသွားမှာ၊ ငါ နိုင်ငံသားကောင်းပီသမှုအတွက် ဂုဏ်ပြု မှတ်တမ်းတင်ခံရတယ်။

words for word

         နည်းနည်းကလေးလေရှည်ကြည့်လိုက်ချင်တယ်သူငယ်ချင်းတို့ အဲဒီအကြောင်းလေးကတော့ ဒီနေ့ ဖတ်လိုက်ရတဲ့ စကားလုံးကလေးတွေကို ပြန်ပြီးတော့မျှလိုက်ချင်လို့ပါ။ အဲဒါကတော့ Food လို့ခေါ်တဲ့ အစားစာအကြောင်းနဲ့ဆက်စပ်တဲ့စကားလုံးလေးတွေကို ပြောချင်လို့ပါ။
 ကဲစလိုက်ရအောင်နော်။
         ကလေးတွေအတွက် သီးသန့်ထုတ်လုပ်တဲ့အစာကို Baby food လို့ခေါ်တယ်။
ခွေးမွေးတဲ့အိမ်မှာဆိုရင်တော့ dog food။
အစားအသောက်စက်ရုံကသေချာစီမံထုတ်လုပ်ရင်တော့ Processed food။
မပုပ်မသိုးအောင်၊တာရှည်ခံနိုင်အောင်ထားဘို့လုပ်ထားရင်တော့ Frozen food။
ဈေးပေါပေါးနဲ့အမြန်စားလို့ရပြီတာကိုတော့ Junk foodလို့ခေါ်တယ်။
      ဒီခေတ်ကာလမှာတော့ Fast food တွေကို ၀ယ်စားရတာအဆင်ပြေတယ်လေ၊မြန်မြန်စားချင်ရင်တော့ fast food restaurant ကိုသွားလိုက်ရင်တော့ အိုကေပြီပဲပေါ့။
                 
                  နောက်တစ်ခုသွားကြည့်လိုက်ရအောင် အဲဒါကတော့ Dish ဟင်းပွဲပဲဆိုပါတော့။
သက်သတ်လွတ်စားတဲ့လူတွေအတွက်တော့ Vegetable dish။
မြန်မာချက်ထားတဲ့ဟင်းကို Myanmar dish
အိန္ဒိယချက်တဲ့ဟင်းကို Indian dish လို့ခေါ်လိုက်ပေါ့။
စားလို့ကောင်းအောင်ချက်ထားရင်တော့ delicious dish.

             အစားအသောက်တွေကို ဈေးကွက်မှာအမျိုးမျိုးပြုပြင်ထုတ်လုပ်ပြီး ရောင်းကောင်းအောင်
ထုတ်လုပ်ထားတာကိုတွေ့ကြပါလိမ့်မယ်။ ဒီလို Food products တွေကိုဝယ်တဲ့အခါ အထုပ်ပေါ်မှာ ရေထားတဲ့ label ကိုဖတ်ပြီးနားလည်လိုက်ပါ။
              ဥပမာ။ပင်ကိုယ်သဘာဝအတိုင်းစီမံထုတ်လုပ်ထားတဲ့အစားအစာဆိုရင် Organic, wholefood, wholemeal လို့တွေ့လိမ့်မယ်နော်။
သဘာဝအတိုင်းမဟုတ်ဘဲ အနံ့အတုတွေနဲ့လုပ်ထားတွေကိုတော့(ဥပမာ chocolate flavour လို့ပါရင် ချော့ကလက်အနံ့အရသာကို တုထားတဲ့အစားအစာပဲ) အလားတူ Strawberry flavour yogurt ဒိန်ချဉ်အရည်ထဲမှာ စတော်ဗယ်ရီအနံ့ကို ထည့်ထားတာလို့သိလိုက်တော့။
Orange drink ကိုလည်း အလားတူသိလိုက်ပါ။ ဒါပေမဲ့ Orange juice လို့ရိုက်ထားရင်တော့ လိမ္မော်ရည်ကိုညှစ်ပြီး အရည်ထုတ်ထားတဲ့သဘောပါတယ်။
Farmhouse chicken လို့ရေးထားရင်တော့ အသားပွဖို့ ဆေးကျွေးပြီး ပြုစုထားတဲ့ ကြက်ခြံလှောင်အိမ်က ကြက်သားလို့တာ မှတ်လိုက်ပေတော့။
တကယ်လို့ Freerange chicken လို့ရေးထာရင်တော့ ခြံကျယ်ကြီးမှာ လွတ်လပ်စွာ သွားလာ စားသောက် နေတဲ့ ကြက်ဖြစ်လို့ ပိုပြီး Natural ဖြစ်လို့၊အဲဒီကြက်သားဟာ ပိုပြီအရသာရှိတယ်။
ဒီနေ့တော့ ဒီလောက်ပဲနော် သူငယ်ချင်းတို့။