တတ်လို့မဟုတ်ဘူးနော် ကိုယ်ပိုင်မှတ်စုကလေးကို ပြန်ရေးထားတာပါ သူငယ်ချင်းတို့လည်း မှတ်လို့ရတာပေါ့။ I hope to you in a better day. The best preparation for work is not thinking about work, talking about work, or studying for work: it is work.Knowledge is the candle, lightening your life, brightening your brain and shining your future.All the grammar you need to know.ပိုစ်တင်နိုင်အောင် ကြိုးစားနေပါတယ် သူငယ်ချင်းတို့ရေ နည်းနည်းကလေး ကျန်းမာရေး မကောင်းလို့နော်။

Monday, March 7, 2011

IDIOM

Dry စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ

ဒီတပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ တင်ပြပေးထားတဲ့ အီဒီယံအသုံးအနှုန်းများမှာ dry run, cut and dry, နဲ့ high and dry တို့ ဖြစ်ပါတယ်။
ပထမတင်ပြပေးမယ့် အီဒီယံမှာ dry run ဖြစ်ပါတယ်။ Dry = ခန်းခြောက်သည်၊ ခြောက်သွေ့သည်၊ Run ပြေးသည် တို့ ဖြစ်ကြပါသည်။ အီဒီယံအဓိပ္ပါယ်ကတော့ ပွဲမဝင်မီ အပြင်မှာ ကျင်းပတာကို ဆိုလိုတာဖြစ်ပါတယ်။ ဒီအီဒီယံ အသုံးအနှုန်း ဆင်းသက်လာတာကတော့ ဒုတိယကမ္ဘာစစ်ကြီးအတွင်းက ဖြစ်တယ်လို့ သိရပါတယ်။ ထိုအချိန်က စစ်သားတွေဟာ သေနတ်ပစ်လေ့ကျင့်ရာမှာ ကျည်းဆံမထဲ့ဘဲ လေ့ကျင့်ခဲရာကို တဦးတယောက်ကထွင်ပြီး dry run လို့ ပြောဆိုရမှ ခေတ်စားလာပြီး စစ်အပြီမှာ ဒီအသုံးဟာ အရပ်သားလောကထဲကို ရောက်ရှိလာတာဖြစ်ပါတယ်။

ဥပမာအားဖြင့် ပြောရရင် သိပ္ပံပညာရှင်တို့အနေနဲ့ ငွေကြေးကုန်ကျများတဲ့ သူတို့တီထွင်မှုများကို လက်တွေ့အသုံးမပြုမီ ပေါ်ပေါက်နိုင်တဲ့ ပြဿနာတွေကို ကြိုတင်သိရှိပြီး ဖြေရှင်းပေးနိုင်ဖို့ရာ စမ်းသပ်မှုတွေကို ကြိုတင်ပြုလုပ်လေ့ရှိပါတယ်။ အလားတူပဲ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့လည်း သူတို့စီမံကိန်းတွေ အကောင်းအထည်မဖော်မီ မြေစမ်းခရမ်းပျိုးကြရာမှာ ဓမ္မတာပါပဲ။

ဒီနေရာမှာ စမ်းသပ်လုပ်ဆောင်ခြင်းကို to do a dry run လို့ ပြောဆိုသုံးစွဲနိုင်ပါတယ်။ ဒီနေရာမှာ run ကို နာမ်စားအဖြစ် အသုံးပြုထားခြင်း ဖြစ်ပါတယ်။ ဒီအသုံးအနှုန်းနဲ့ ပတ်သက်ပြီး စီးပွားရေးလုပ်ငန်းကြီးတခုရဲ့  အမှုဆောင်အရာရှိ ပြောကြားချက်နဲ့ ပတ်သက်လို့ George Crows ပေးတဲ့ဥပမာကို လေ့လာကြည့်ရအောင်ပါ။
We are certainly glad we did a dry run on our new marketing plan for California before we sent our salesman out. We found so many things wrong that we were designing the whole thing over.

California ပြည်နယ်ကို အရောင်းကိုယ်စားလှယ်တွေ စပြီး မစေလွတ်မီ ကျနော်တို့ရဲ့  ကြော်ငြာအရောင်းချဖို့ စီစဉ်သစ်ကို ကြိုတင်စမ်းသပ်ကြည့်ခဲ့တဲ့အတွက် ကျနော်တို့ အတော်လေး ဟန်ကျသွားတယ်။ အမှားအယွင်းတွေ အများကြီးတွေ့ခဲ့လို့ အစီအစဉ်တခုလုံးကို အစကအဆုံး ပြန်ရေးဆွဲဖို့ ပြင်ဆင်နေပါပြီ။
ဒုတိယတင်ပြပေးမယ့် အီဒီယံမှာ cut and dry ဖြစ်ပါသည်။ Cut = ခုတ်သည်၊ ထစ်သည်၊ Dry = ခြောက်သွေ့သည်၊ ခြောက်စေသည် တို့ ဖြစ်ကြပါသည်။  စကားစုတခုလုံးရဲ့  လုံးကောက်အဓိပ္ပါယ်မှာ ခုတ်ထစ်ဖြတ်တောက်ပြီးတော့ ခြောက်သွေ့စေသည် ဖြစ်ပါတယ်။ အီဒီယံအသုံးစကားမှာတော့ သွယ်ဝိုက်အဓိပ္ပါယ်ဖြစ်တဲ့အတိုင်း အားလုံးကသိထား မျှော်လင့်ထားတဲ့အတိုင်း လုပ်ရိုးလုပ်စဉ်လုပ်တာကို ဆိုလိုတာဖြစ်ပါတယ်။ တနည်းအားဖြင့်ပြောရရင် စာအုပ်ကြီးအတိုင်း လုပ်တာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ အသစ်အဆန်မဟုတ်လို့ ပျင်းစရာကောင်းနိုင်တယ်၊ စိတ်လှုပ်ရှားမှုမရှိတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

ဒီသဘောအတိုင်းပဲ အခုတင်ပြပေးမယ့် ဥပမာမှာ အမေရိကန်နိုင်ငံက နိုင်ငံရေးပါတီကြီး နှစ်ခုအနက် ပါတီတခုနဲ့ သက်ဆိုင်တဲ့ ပုဂ္ဂိုလ်တဦး ပြည်နယ်ပါတီ ညီလာခံမှာ ပြန်ရောက်လာတဲ့အခါ ပြောတာနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်။
It was a waste of time to go to my party state convention this year. It was all cut and dry. The same all speakers saying the same things they said last year.

"ဒီနှစ်ကျင်းပတဲ့ ပြည်နယ်ညီလာခံ တက်ရာတာ အချိန်ကုန်တာပဲ အဖတ်တင်တယ်။ အကုန်လုံးက စည်းဝါးရိုတ်ထားတာတွေ။ ပြောဆိုကြတဲ့ပုဂ္ဂိုလ်တွေကလည်း မနှစ်ကပြောဆိုခဲ့တဲ့ ဓါတ်ပြားဟောင်းတွေကို ပြန်ဖွင့်ပြောဆိုခဲ့တယ်။
နောက်ဆုံးတင်ပြပေးမယ့် အီဒီယံမှာ high and dry ဖြစ်ပါတယ်။ High = မြင့်သော၊ Dry = ခြောက်သွေ့သည် တို့ ဖြစ်ပါသည်။ စကားစုတခုလုံးရဲ့  အဓိပ္ပါယ်ကတော့ မြင့်ပြီးခြောက်သွေ့သည် ဖြစ်ပါတယ်။ ဘန်းစကား အီဒီယံအသုံးကတော့ ဘယ်သူကမှ လာမကယ်နိုင်တဲ့ အခြေအနေမှာ ရောက်နေတာကို ဆိုလိုပါတယ်။
အောက်တင်ပြပါ George Crows ပေးတဲ့ဥပမာကို လေ့လာကြည့်ရအောင်။
"Everybody had fun at Sally's party, but when it came to clean up the mess, all the guests left in a hurry. And, Sally was left high and dry to do all the work by herself.

Sally တည်ခင်းတဲ့ပါတီပွဲမှာ လူတွေအပျော်ကြီး ပျော်ခဲ့ကြတယ်။ ရှုပ်ပွနေတာကို ရှင်းဖို့အချိန်ရောက်တော့ တယောက်မှမရှိတော့ဘူး။ အားလုံး အလျှိုလျှိုပြေးကုန်ကြတယ်။ Sally တယောက်တည်း ကျန်ခဲ့ပြီး သိမ်းကြုံလုပ်ရတော့တယ်။

0 comments:

Post a Comment