တတ်လို့မဟုတ်ဘူးနော် ကိုယ်ပိုင်မှတ်စုကလေးကို ပြန်ရေးထားတာပါ သူငယ်ချင်းတို့လည်း မှတ်လို့ရတာပေါ့။ I hope to you in a better day. The best preparation for work is not thinking about work, talking about work, or studying for work: it is work.Knowledge is the candle, lightening your life, brightening your brain and shining your future.All the grammar you need to know.ပိုစ်တင်နိုင်အောင် ကြိုးစားနေပါတယ် သူငယ်ချင်းတို့ရေ နည်းနည်းကလေး ကျန်းမာရေး မကောင်းလို့နော်။

Saturday, March 5, 2011

သတင်းစကား

၁၇ နှစ် အချိန်ယူပြုစုခဲ့တဲ့ အင်္ဂလိပ် ဗန်းစကား အဘိဓာန်သစ်ကြီး ထွက်ပြီ

အော့စ်ဖဒ့် အင်္ဂလိပ် အဘိဓာန် (OED) ကဲ့သို့ ဝေါဟာရနဲ့ အစ်ဒီယံ ၁၀၀,၀၀၀ ကျော် ပါရှိပြီး၊ အမေရိကန်၊ အင်္ဂလိပ်၊ နယူးဇီလန် စတဲ့ ဗန်းစကားပေါင်းစုံ ပါဝင်တဲ့ Green’s Dictionary of Slang စာအုပ်ကြီး
အတွဲသုံးတွဲဖြင့် ထွက်ရှိလာပြီ ဖြစ်သည်။
ထို အင်္ဂလိပ် ဗန်းစကား အဘိဓာန်သစ်ကို ဗြိတိန်နိုင်ငံသား ဘာသာဗေဒ ပညာရှင် ဂျော်နသန် ဂရင်း က ၁၇ နှစ်ကျော် အချိန်ယူ ပြုစုခဲ့ခြင်း ဖြစ်သည်။ ‘sweet bird turds’ ဆိုတဲ့ ဗန်းစကားမှာ အလုပ်ကြိုးစားခြင်း work hard ကို ဆိုလိုပြီး၊ ‘give someone the mitten’ ဆိုတဲ့ စကားမှာ ဆက်ဆံရေး အဆုံးသတ်မှု end a relationship ကို ရည်ညွှန်းကြောင်း စတဲ့ ဗန်းစကား ခြောက်ပေါက်များ ထောင်သောင်းချီပြီး လေ့လာနိုင်သည်။
မစ္စတာဂရင်း က ဗန်းစကားတွေမှာ တီထွင်မှု၊ လှုပ်ရှား သက်ဝင်နေမှု၊ ခေတ်ကို ဖော်ကြူးမှု၊ ကလိမှု ရိမှု၊ ထေ့ငေါ့မှု၊ ထွက်ပေါက်ရှာမှု၊ ရယ်မော လှောင်ပြောင်မှု စတာတွေ ပါဝင် နေတဲ့ အတွက် စိတ်ဝင်စားဖွယ် ကောင်းကြောင်း၊ လူသားထု ရဲ့ အတွေးအခေါ်သမိုင်းလည်း ဖြစ်ကြောင်း စာအုပ် အဖွင့်တွင် တင်ပြထားသည်။
ဗန်းစကားများကို လက်ရှိ လူ့အဖွဲ့အစည်း အသီးသီးမှ လှုမှု ၀န်းကျင်ထဲတွင် ရှာဖွေနိုင်သလို ရိုးရာပုံပြင်များ ဂန္တ၀င် စာပေ များတွင်လည်း ပြန်ရှာဖွေခဲ့ရသည်ဟု ဆိုသည်။ လူတွေ နေ့စဉ် ပြောဆိုနေကြတဲ့ ဘာသာစကားများမှာ ငြီးငွေ့ဖွယ် ကောင်းတဲ့ အတွက် စိတ်ကူးဖြင့် ရုတ်တရက် တီထွင် ကြံဆ ပြောဆိုခြင်း၊ သမားရိုးကျ အသုံးအနှုန်းမှ ခွဲထွက်ပြီး အဆန်းထွင် ပြောဆိုခြင်းများ ဖြစ်သည်ဟု ဆိုသည်။
ဗန်းစကားများမှာ critical thinking ဖောက်ထွက် တွေးတော ပြောဆိုမှုများ ဖြစ်တဲ့အတွက် အထင်မသေးအပ်ဟု ဆိုသည်။ လိင်၊ ငွေ၊ မူးယစ်ဆေးဝါး၊ ကြောက်ရွံမှု၊ တော်လှန်မှု၊ ရုန်းကန်မှု၊ ပျော်ရွှင်မှု၊ ရဲဝံ့မှု၊ ဒေါ်သဖြစ်မှု စတဲ့ လူသားနဲ့ သက်ဆိုင်သမျှ အတွေးများတွင် အခြေခံပြီး ဗန်းစကားများ ထွက်ပေါ်လာခြင်း ဖြစ်သည်ဟု ဆိုသည်။
ယခု ကမ္ဘာ့အကြီးဆုံး Green’s Dictionary of Slang စာအုပ်တွင် လိင်၊ အရက်ဆိုင်၊ ဘား၊ ပြည့်တန်ဆာရုံ၊ ဘူတာရုံ၊ ကောလိပ်၊ တော်ဝင်နန်းသုံး စတဲ့ ဗန်းစကား ပေါင်းစုံကို ဖွင့်ဆိုရှင်းလင်းချက်များနဲ့အတူ အမျိုးအစားအလိုက် ခေတ် အလိုက် ကျယ်ကျယ်ပြန့်ပြန့် တင်ပြထားသည်။
မောက္ခ နိုင်ငံတကာသတင်း

0 comments:

Post a Comment