တတ်လို့မဟုတ်ဘူးနော် ကိုယ်ပိုင်မှတ်စုကလေးကို ပြန်ရေးထားတာပါ သူငယ်ချင်းတို့လည်း မှတ်လို့ရတာပေါ့။ I hope to you in a better day. The best preparation for work is not thinking about work, talking about work, or studying for work: it is work.Knowledge is the candle, lightening your life, brightening your brain and shining your future.All the grammar you need to know.ပိုစ်တင်နိုင်အောင် ကြိုးစားနေပါတယ် သူငယ်ချင်းတို့ရေ နည်းနည်းကလေး ကျန်းမာရေး မကောင်းလို့နော်။
Monday, April 30, 2012
လက်ဆင့်ကမ်းခြင်း
Certainly not! (လုံးဝပဲ)
You use certainly not! as a stronger way of saying 'no' in answer to a question:
လုံးဝပဲ certainly not!ကို မေးခွန်းကို အငြင်းအနေဖြင့် ပြောရာတွင် ပိုမို ထိရောက်အောင် ပြောဆိုရာတွင် အသုံးပြုသည်။
  • 'Are you going to give up work now you are 60?'
    အခုအသက် ၆၀ ရှိပြီဆိုတော့ အလုပ်က အနားယူတော့မှာလား။
    'Certainly not! I'm fit and healthy and well able to work.'
    လုံးဝပဲ။ ငါက ကျန်းမာတယ်။ ပြီးတော့ အလုပ်လုပ်နိုင်သေးတယ်။
  • 'Did you lend Jack your car?'
    Jack ကို မင်းကားငှားလိုက်လား?
    Certainly not! He is a very bad driver.'
    လုံးဝပဲ။ သူက အရမ်းဆိုးတဲ့ ကားမောင်းသမားလေ။
Hardly (ဝေးပါသေးတယ်)
You say hardly when something seems very unlikely or unreasonable to you:
ဝေးပါသေးတယ် hardlyကို သင့်အတွက် တစ်စုံတစ်ခုသည် မဖြစ်နိုင် (သို့) ကျိုးကြောင်းမသင့်လျော်ပါက အသုံးပြုနိုင်သည်။
  • Will Sara be at Meg's wedding?'
    Sara က Meg ရဲ့ မင်္ဂလာဆောင်မှာ ရှိမှာလား။
    'Hardly! She used to be engaged to the groom.'
    ဝေးပါသေးတယ် သူမက သတို့သားနဲ့ အရင်တုန်းက စေ့စပ်ဖူးတယ်လေ။
  • Will we reach the hotel before dinner?'
    ဟိုတယ်ကို ညစာမစားခင်လောက်ရောက်နိုင်မလား။
    'Hardly! We've still 150 kilometres to go.
    ဝေးပါသေးတယ်။ နောက်ထပ် ကီလိုမီတာ ၁၅၀ လောက်သွားရဦးမယ်။
I've no idea (မပြောတတ်ဘူး)
You say I've no idea when you wish to emphasize that you do not know the answer to something:
မပြောတတ်ဘူး I’ve no idea ကို တစ်စုံတစ်ခုနှင့်ပတ်သက်၍ အဖြေမသိကြောင်းကို
အလေးပေး ပြောလိုသည့်အခါတွင် အသုံးပြုနိုင်ပါသည်။
  • 'Where has Jim gone?'
    Jim ဘယ်သွားလဲ
    'I've no idea. He left without saying anything.'
    မပြောတတ်ဘူး။ သူက ဘာမှမပြောပဲထွက်သွားတာပဲ။
  • I've no idea why Ben and Tom quarrelled.
    Ben နဲ့ Tom ဘာကြောင့်စကားများလဲတော့ မပြောတတ်ဘူး။
    They've always been such good friends.
     သူတို့က အမြဲတမ်း သူငယ်ချင်းကောင်းတွေ ပဲ။
It's just that
(အဲ့ဒါကတော့)
You say it's just that when you are giving a reason for something or explaining something:
အဲဒါကတော့ it’s just thatကို အကြောင်းတစ်စုံတစ်ရာနှင့်ပတ်သက်၍ အကြောင်းပြချက်ပေးလိုသောအခါ (သို့) ရှင်းပြလိုသော အခါတွင် အသုံးပြုနိုင်ပါသည်။
  • I'd like to go to the wedding. It's just that - I have to work that day.
    ငါက မင်္ဂလာဆောင်ကို သွားချင်ပါတယ်။ အဲ့ဒါက ငါအဲ့ဒီနေ့မှာ အလုပ်လုပ်ရမှာ မို့လို့ပါ။
    I know 1 said that I would finish the work by this afternoon. It's just that it is taking much longer than I thought it would.
    ဒီနေ့ နေ့လည်ခင်းမှာ အလုပ်ကို အပြီးလုပ်မယ်လို့ပြောခဲ့တာငါသိပါတယ်။ အဲ့ဒါကတော့ ငါမှန်းတာထက် အချိန်ပိုကြာသွားလို့ပါ။
What's the matter? (ဘာဖြစ်နေတာလဲ။)
You say what's the matter? when you ask why someone is upset, angry, etc:
ဘာဖြစ်နေတာလဲ what’s the matterကို တစ်စုံတစ်ယောက်အား ဘာအတွက်ကြောင့် ၀မ်းနည်း၊ စိတ်ဆိုးနေသည် စသည်တို့ကို မေးရာတွင် အသုံးပြုသည်။
  • Jane is crying. What’s the matter with her?
    Jane ငိုနေတယ်။ သူမဘာဖြစ်နေတာလဲသိဘူး။
    What's the matter with Ben? He's just left the house looking furious
    Ben ဘာဖြစ်နေတာလဲ။ အိမ်ထဲကနေ အခုလေးတင်ပဲ စိတ်ဆိုးနေတဲ့ပုံနဲ့ ထွက်သွားတယ်။
http://www.myanmar-network.net/forum/topic/show?id=3423487%3ATopic%3A603389&xgs=1&xg_source=msg_share_topic မှကူးယူဖော်ပြပါသည်။
Wednesday, April 25, 2012
ကမ္ဘာ့အံ့ဖွယ် သုတပန်းခင်းများ
-The only bird that can fly backwards is the humming bird.
-နောက်ပြန်ပျံသန်းနိုင်သည့် တစ်မျိုးတည်းသောငှက်မှာ “ငှက်ပိတုန်း” ဖြစ်သည်။
-The giant squid has the largest eyes in the world.
- ကမ္ဘာ့အကြီးဆုံးမျက်လုံးပိုင်ရှင်မှာ ဧရာမရေဘ၀ဲကောင်ဖြစ်သည်။
-An ostrich’s eye is bigger than its brain.
-ငှက်ကုလားအုတ်၏ မျက်လုံးသည် ၄င်း၏အုံးနှောက်ထက် ပို၍ကြီးမား၏။
-A rat can survive longer without water than a camel.
ကြွက်သည် ကုလားအုတ်ထက် ရေမရှိပဲ အချိန်ကြာမြှင့်စွာ အသက်ရှင်နိုင်သည်။
-A dolphin sleeps with one eye open.
-လင်းပိုင်သည် မျက်လုံးတစ်ဖက်ဖွင့်၍ အိပ်စက်သည်။
-A crocodile cannot stick its tongue out.
-မိချောင်းသည် ၄င်း၏ လျှာကိုအပြင်သို့မထုတ်နိုင်ပါ။
-A goldfish has a memory span of three seconds.
-ရွှေငါးတစ်ကောင်၏ မှတ်ဥာဏ်မှာ သုံးစက္ကန့်မျှသာကြာရှည်သည်။
-Camels will spit if they are annoyed.
-ကုလားအုတ်များသည် စိတ်အနှေက်အယှက်ပြုခံရလျှင် တံတွေးဖြင့် ထွေးတက်သည်။
-Only female mosquito bites.
-ခြင်အမများသာ ကိုက်တက်သည်။
-A mammal's blood is red, an insect's blood is yellow and a lobster's blood is blue.
-နို့တိုက်သတ္တ၀ါ၏သေသွေးသည် အနီရောင်၊ ပိုးမွှား၏သွေးသည် အ၀ါရောင်၊ ပုဇွန်တုပ်၏သွေးသည် အပြာရောင်အသီးသီးဖြစ်ကြသည်။
-Loud, fast  music makes termites chew faster.
-ကျယ်လောင်ပြီး မြန်ဆောင်သောဂီတသံသည် ခြကောင်များအား အစားအစာကို ပိုမိုလျင်မြန်စွာ ၀ါးစားစေသည်။
-A blue whale's tongue weights more than an elephant.
-ဝေလငါးအပြာ၏လျှာသည် ဆင်ကြီးတစ်ကောင်ထက် ပို၍ လေးသည်။
-Bats always exit a cave to the left.
-လင်းနို့များ ဂူထဲမှ အပြင်သို့ထွက်လျှင် ၀ဲဘက်သို့ ပျံသန်းတက်ကြသည်။
-Tigers have striped skin, not just striped fur.
-ကျားများ၏သားမွေးများသာမက အရေခွံပါ အစင်းကျားများ ဖြစ်သည်။
-The heart of a giraffe weights more than 25 lb, and is 2 feet wide.
-သစ်ကုလားအုတ်၏ နှလုံသည် (၂၅) ပေါင် ကျော်လေးပြီး အကျယ် နှစ်ပေရှိသည်။
-Elephants are not afraid of mice.
-ဆင်များသည် ကြွက် ကိုမကြောက်ပါ။
-Camels have three eyelids to protect their eyes from blown sand.
-ကန္တာရအတွင်းရှိ သဲမှုန်များမှ ကာကွယ်ရန် ကုလားအုတ်များတွင် မျက်ခွံသုံးထပ်စီရှိကြသည်။
-Slugs have four noses.
-ပတ်ကျိတွင် နှာခေါင်းပေါက်လေးခုရှိသည်။
-Snakes are immune to their own venom.
-မြွေများသည် ၄င်းတို့၏ကိုယ်ပိုင်အဆိပ်ကို ခံနိုင်စွမ်းရှိသည်။
-The fastest bird is the peregrine falcon and can fly faster than 190 miles per hour.
-အမြန်ဆုံးပျံသန်းနိုင်သော ငှက် မှာ "ပယ်ရာဂရင်းန်" လင်းယုန်ငှက်ဖြစ်ပြီး တစ်နာရီလျှင် မိုင်(၁၉၀) နှုန်းမက ပျံသန်းနိုင်သည်။
-Mosquitoes are attached to the colour blue more than any other colour.
-ခြင်များသည် အခြားအရောင်များထက် အပြာရောင်၏ ဆွဲဆောင် ခြင်းကို ပို၍ခံရသည်။
-Cats cannot taste sweet things.
-ကြောင်များသည် ချိုသောအရသာကိုမခံစားနိုင်ပါ။
-The largest egg is laid by the ostrich and can be 8 inches in length and 6 inches in diameter.
-ကမ္ဘာ့အကြီးဆုံးဥမှာ ငှက်ကလားအုတ်၏ ဥဖြစ်ပြီး၊ အလျှား (၈) လက်မ၊ အချင်း (၆) လက်မရှိသည်။
Tuesday, April 24, 2012
တံခါးပိတ်ပြီး လက်ယပ်ခေါ်နေသော လွှတ်တော်
တံခါးပိတ်ပြီး လက်ယပ်ခေါ်နေသော လွှတ်တော်
( မောင်မောင်ဝမ်း )
အစိုးရဘက်က ပြဌာန်းထားသော ကျမ်းသစ္စာဆိုချက်တွင်..အင်္ဂလိပ်လို..uphold ဆိုတာကို ရှင်းပြချင်ပါသည်..အဓိပ္ပါယ်က..(To maintain or affirm against opposition - မဆန့်ကျင်ဘို့ အတည်ပြုရမည်၊ထိန်းသိမ်းပါမည် ၊ To prevent from falling or sinking - ပျက်စီးမသွားအောင် တားဆီးပါမည် ) ......စဉ်းစားကြည့်ပါ....NLD ရွေးကောက်ပွဲမှာလူထုကို ကတိပေးထားတာက...၂၀၀၈ ဖွဲ့စည်းပုံပြင်မယ်ဆိုတာ ...အဓိကမူ...ဒီကိစ္စကို လွယ်လွယ်လေး ခပ်ပေါ့ပေါ့လုပ်လိုက်ရင်...လူထုကို ပေးထားတဲ့ကတိဖျက်ရာမရောက်ဘူးလား...NLD လုပ်ရပ်မှန်တယ်....ဒီကိစ္စဟာ...လူထုဆန္ဒကို ရွေးကောက်ပွဲအပြီးမှာ ထပ်ဆင့်ဖော်ဆောင်တာ
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ကြားဖြတ်ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ်တွေ အများစု အနိုင်ရရှိခဲ့တယ်ဆိုတာ..အားလုံးအသိဖြစ်ပါတယ်…သို့သော် လွှတ်တော် တက်ခါနီးဆဲဆဲမှာ ကျမ်းသစ္စာ ကျိန်ဆိုခြင်း စာသားနဲ့ ပတ်သက်လို့ အငြင်းပွားစရာ ကိစ္စကဖြစ်လာတယ်..ဒီကိစ္စဟာ သာမန်ကြည့်မယ် ဆို…အသေးဖွားလေးလိုလို…ကျော်လွှားသွားရင်ပဲဖြစ်တော့မရောင်ရောင် ပြောဆိုနေတဲ့ ခပ်ညံ့ညံ့ လွှတ်တော် ကိုယ်စားလှယ်ဆိုသူများရဲ့အင်တာဗျူးများကိုလည်း နားထောင်လိုက်ရပါတယ်….။
လွှတ်တော် ကိုယ်စားလှယ် တဦးဖြစ်တဲ့ ဦးခင်ရွှေ ကဆို….၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ပါဝင်တဲ့ ကျမ်းသစ္စာ ကတိပြုချက် ( အင်္ဂလိပ်လို ) ဟာနဲ့ တလွဲ ဒီမိုကရေစီဖွံ့ဖြိုးနေတဲ့.. နိုင်ငံတွေက… ကျမ်းသစ္စာ ကျိန်ဆိုချက်တွေကို မဆီမဆိုင် ကိုးကားပြီးပြောသွားလေရဲ့…ပြောသွားတော့လည်း အင်္ဂလိပ်လို တလွဲတွေချည်းပဲ…သူပြောသွားတာက………
အမေရိကန်မှာ ဆိုရင် - I will support to defend of the constitution.
ဂျာမနီမှာ ဆိုရင် - Defend of the visit law.
ဂျပန်မှာ ဆိုရင် - I will protect of the defend of the national chatter.
ဂရိမှာလည်း ဒီတိုင်းပဲ...
အိန္ဒယမှာ ဆိုရင် - Will to the best of the ability of the protect of the defend.
ဖိလစ်ပိုင်မှာ ဆိုရင် - Defend of the constitution.
စင်္ကာပူမှာ ဆိုရင် - l will preserve, protect of the defend of the Constitution of the Republic of Singapore.
ဒီလိုမျိုးသစ္စာ ဆိုပြီးမှသာလျှင် လွှတ်တော်ထဲ ၀င်လို့ရတယ်... ဒါကြောင့်မို့လို့ ဘယ်လိုပဲ ဖြစ်ဖြစ် ဟောင်း အဲ့ဘား ပြည်သူတစ်ယောက်နဲ့ နေမယ်ဆိုရင်တော့ ရီစပက် ဆိုတဲ့ စကားလုံးနဲ့ နေလို့ရတယ်။ လွှတ်တော်ထဲ ၀င်မယ်ဆိုရင်တော့ ဒီဖန့်ဆိုတဲ့ စကားလုံးနဲ့မှ ၀င်လို့ရတယ်။ DBV နဲ့ အင်တာဗျူးမှာ ဒေါက်တာခင်ရွှေ ပြောသွားတဲ့ စကား အချို့ပါ။ မေးတာနဲ့ ဖြေတာ တလွှဲစီ ဖြစ်ရတဲ့ အထဲ အဓိပ္ပါယ် မသိပဲ ရွတ်ပြသွားတာ တော်တော်ဆိုးတယ်။ ( facebook မှာ တယောက်တင်ထားတဲ့ ဟာပါ )
၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ..ကျမ်းသစ္စာကျိန်ဆိုချက်မှာ..အင်္ဂလိပ်လိုသူပြောသွားတဲ့အထဲက ( defend ) ကာကွယ်ပါမည် ဆိုတာ တလုံးမှ မပါဘူး…မဆီမဆိုင်တွေ ငါ့စကားနွားရပြောသွားတယ်. …ဒါက ၂၀၀၈ ဖွဲ့စည်းပုံထဲက ကျမ်းကျိန်ချက်
SCHEDULE FOUR
Form of Oaths or Affirmation
(Refer to Section 125)
I ................ do solemnly and sincerely promise that as an elected representative
of the Pyithu Hluttaw/ the Amyotha Hluttaw/ the Region or State Hluttaw, I will uphold
and abide by the Constitution of the Union. I will be loyal to the Republic of the
Union of Myanmar and citizenry and hold always in esteem non-disintegration
of the Union, non-disintegration of national solidarity and perpetuation of sovereignty.
In addition, I will carry out the responsibilities uprightly to the best of my ability.
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ထဲမ၀င်ပဲ ဆိုင်းငံ့နေမှု့သည်..ဝေါဟာရပြသနာမဟုတ်ပါ ..ယုံချက်ချက်ပြသနာဖြစ်သည်..ဒီကိစ္စကိုပေါ့ပေါ့သဘောထားမရပါ..။ အစိုးရဘက်က ပြဌာန်းထားသော ကျမ်းသစ္စာဆိုချက်တွင်..အင်္ဂလိပ်လို..uphold ဆိုတာကို ရှင်းပြချင်ပါသည်..အဓိပ္ပါယ်က..
(To maintain or affirm against opposition - မဆန့်ကျင်ဘို့ အတည်ပြုရမည်၊ထိန်းသိမ်းပါ
မည် ၊ To prevent from falling or sinking - ပျက်စီးမသွားအောင် တားဆီးပါမည် ) ......စဉ်း
စားကြည့်ပါ....NLD ရွေးကောက်ပွဲမှာလူထုကို ကတိပေးထားတာက...၂၀၀၈ ဖွဲ့စည်းပုံပြင်မယ်ဆိုတာ ...အဓိကမူ...ဒီကိစ္စကို လွယ်လွယ်လေး ခပ်ပေါ့ပေါ့လုပ်လိုက်ရင်...လူထုကို ပေးထားတဲ့
ကတိဖျက်ရာမရောက်ဘူးလား...NLD လုပ်ရပ်မှန်တယ်....ဒီကိစ္စဟာ...လူထုဆန္ဒကို ရွေးကောက်
ပွဲအပြီးမှာ ထပ်ဆင့်ဖော်ဆောင်တာ....။
.အရပ်ထဲ ရွာထဲမှာ ပြောသလို ရမ်းတုတ် ရမ်းပြော ရမ်းလုပ်လို့ ရတဲ့ အရာမဟုတ်…အရေးကြီးပါတယ်..လွှတ်တော်ထဲမှာ ဖြေရှင်းတယ်ဆိုတာ….တရားရုံးတရုံးမှာ ထုချေရသလိုဖြစ်ပါတယ်…အချက်အလက်တွေ အထောက်အထားတွေ ယုတ္တိသဘောတရားတွေ လက်ခံနိုင်မှု့တွေနဲ့ ပေါင်းစပ်ကြိုးစားရတဲ့ အမျိုးပါ…ကိုယ်ထင်တာ မြင်တာတွေနဲ့ ရမ်းပြောလို့မရ။ ဥပမာပြောမယ်ဆိုရင်တောင်မှ…ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုခေါင်းဆောင်ဖြစ်တယ်။( မင်းပြောမှလား ငါတို့ သိတယ်လို့ ခွန်းတုန့်မပြန်ပါနဲ့ဦး ) ဆက်ရှင်းပါမယ်…..အရင်ပြောနေတဲ့ လူထုခေါင်းဆောင်ဆိုတာ လူထုကသတ်မှတ်ပေးထားတဲ့ ခေါင်းစဉ်….အခု လူထုခေါင်းဆောင်ဆိုတာ ဥပဒေအရပါ..( Legally ) လူထုခေါင်းဆောင်ဖြစ်သွားတယ်….။
တခါ ( defend ) ကာကွယ်ပါမည် ဆိုတဲ့စကားလုံးသုံးရအောင်လည်း…၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဒီမိုကရေစီ အင်္ဂါရပ်များနဲ့ညီညွတ်အောင် ဆောင်ရွက်ထားတဲ့ အရာမဟုတ်…ဒီစကားလုံးကို ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်နေတဲ့နိုင်ငံ ၊ လူ့အခွင့်ရေးဖွံ့ဖြိုးတဲ့ နိုင်ငံများမှာ ပြင်စရာမလိုလောက်တဲ့ အနေထားမို့ သုံးတာ….။
အမေရိကန်ပြည်ထောင်စုမှာ ကိုယ်စားလှယ်တွေကို လူထုကရွေးချယ်တင်မြှောက်အပြီး… ကွန်ဂရက်မစခင် ကျမ်းသစ္စာ ကျိန်ဆိုရပါတယ် ( နိုင်ငံတော်တော်များများလည်း ဒီအတိုင်းပါပဲ )…
A solemn affirmation or declaration, made with an appeal to God for the truth of what is
affirmed. The appeal to God in an oath, implies that the person imprecates his vengeance and
renounces his favor if the declaration is false, or if the declaration is a promise, the person
invokes the vengeance of God if he should fail to fulfill it. A false oath is called perjury.”
ဆိုလိုရင်းအနှစ်ကို ဆီလျှော်အောင်တင်ပြပါမယ်….ကျမ်းသစ္စာ ကျိန်ဆိုတယ်ဆိုတာ အတည်ပြုပြဌာန်း ထားချက်များသည် အမှန်များဖြစ်ပါသည် ဒီအတိုင်း လိုက်နာပါမည် ဆိုတာကို ဘုရားသခင်ဆီ လျှောက်ထား ကတိပြုလိုက်တာ….။ဒါတွေကို ကတိပြုပြီးရင် လိုက်နာရမည်..သို့မဟုတ်က..( လူသားမဆိုထားဘိ ) ဘုရားသခင်ကတောင် ဒဏ်ခတ်မည်။ ကတိသစ္စာပြုပြီး..လိုက်နာရန်ပျက်ကွက်ခြင်းကို မုသားသက်သေခံခြင်း လို့ခေါ်တယ်။
ဒီလိုကိစ္စမျိုးကို ပေါ့ပေါ့ဆဆ ကျော်လွှားသွားသင့်ပါသလား…..။ပြင်စရာ မလိုလောက်အောင်နီးပါးရှိနေသော ဖွဲ့စည်းပုံအခြေခံဥပဒေအတွက် အကြောင်းမဟုတ်လှပေမဲ့…ပြင်စရာ အများကြီးနဲ့ ပြည့်နှက်နေသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို…လွယ်လွယ်ကူကူနဲ့..တို့ကတော့ လူထုက တရားဝင်ရွေးချယ်တင်မြှောက်လိုက်တဲ့..လွှတ်တော် ကိုယ်စားလှယ်တွေဖြစ်ပြီ…လွှတ်တော်ထဲ ၀င်ကြစို့ ဆို လုပ်လို့မရ..လွှတ်တော် တံခါးဝမှာ..ဆီးပိတ်ထားသော ကျမ်း သစ္စာကျိန်ဆိုခြင်း..ဆိုတဲ့ အရာကြီးရှိနေပါတယ်…ဒီတံခါးနောက်ကနေ..လက်ယပ်ခေါ်နေမှု့များကို…..လူပြိန်းဆန်သည်ဟုပြောချင်ပါသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဟာ ဘာ့ကြောင့် နဂိုက ဒီကိစ္စကို စမလုပ်တာလဲ
လွှတ်တော်တွင်း ကိစ္စကို နဂိုက ကြိုတင်ပြင်ဆင်ပြီးလုပ်ဆောင်ရန် ဘောင်မ၀င်နိုင်ပါ။ ယခင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ…တရားဝင်မှတ်ပုံတင်ထားတဲ့ ပါတီတောင်မှ မဟုတ်ပါ… မှတ်ပုံတင်ပြီး သည့် တိုင်အောင်လည်း….လူထုကရွေးချယ်တင်မြှောက်အပ်နှင်းထားတဲ့ ( Mandate ) ပါဝါ မရှိသေးပါ…..ယခု အချိန်ကာလသည်…ထိုကဲ့သို့သော ကိစ္စများကို ထောက်ပြပြောဆိုရန် ဥပဒေပါ အခွင့်အရေးများနှင့်အညီ ကိုက်ညီနေပြီဖြစ်သောကြောင့်….ဖွင့်ဟညွှန်ပြလိုက်ခြင်းဖြစ်သည်ဟုယုံကြည်မိပါတယ်။( ၁၉၉၀ ခုနှစ်က အကြောင်းအရာများနဲ့ အငြင်းပွားမယ်ဆိုရင်တော့…အဓိပ္ပါယ်တွေ အများကြီးထွက်နိုင်ပါတယ်..သို့သော် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က လိုလိုလားလား တဆစ်ချိုးပြောင်းလည်း ဦးတည်သွားခြင်းကိုတော့ မျက်ခြေမပြတ်မိဘို့ လိုကောင်းလိုပါလိမ့်မည် )
ယခု အငြင်းပွားဖွယ်ဖြစ်နေသော ကျမ်းသစ္စာ ကျိန်ဆိုခြင်း(Oaths or Affirmation ) သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ရွေးကောက်ပွဲတွင် ပြည်သူအား ပေးထားသော ကတိကို စတင်အကောင်ထည်ဖော်ခြင်းပင်ဖြစ်ပေသည်။ လွှတ်တော်တွင်းမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ၀င်ရောက် ဆောင်ရွက်ရန်အခြေနေမပေးသော်လည်း…လွှတ်တော်တွင်း ရှိနေသော…ပါတီအသီးသီး ၊ တသီးပုဂ္ဂိုလ အသီးသီးကနေ..ဒီကိစ္စကို စတင် တင်ပြဆွေးနွေး…ဖြင့်စတင်နိုင်မယ်လို့ ထင်ပါတယ်… .လွှတ်တော်ပြင်ပမှာ ရှိနေတဲ့ ပြည်တွင်း ပြည်ပ ဒီမိုကရေစီအင်အားစုများမှလည်း…၀ိုင်းဝန်း ဖိအားပေး ကြိုးစားလုပ်ဆောင်ဘို့လိုပါလိမ့်မည်။
ယခု ကိစ္စသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ( ဈေးသည် စကားနဲ့ပြောရရင် ) ဈေးဦးဖောက်ဖြစ်ပါတယ်…ဈေးဦးဖောက်မှာ…အလားအလာမကောင်းရင်…ဈေးရောင်းမကောင်းတတ်ဆိုတဲ့ ဗမာတွေ အယူအဆလိုဖြစ်သွားမှာ စိုးရိမ်မိပါတယ်…..အောင်မြင်ခဲ့မယ်ဆိုရင်…၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၏ ပထမဆုံးပြင်ဆင်ချက် ( First Amendment ) အဖြစ် သမိုင်းတွင်နေပါလိမ့်မယ်…အမေရိကန်ပြည်ထောင်စုရဲ့ ပထမဆုံး အခြေခံဥပဒေပြင်ဆင်ချက် ( Bill of Right )ဟာ လူသန်းပေါင်းများစွာ ကိုနှစ်ပေါင်းများစွာ စောင့်ရှောက်သွားနိုင်သလို မြန်မာနိုင်ငံရဲ့ (Oaths or Affirmation amendment ) ဟာလည်း ဒီမိုကရေစီ ပြတင်းပေါက်ကိုစတင်ဖွင့်လှစ်ပြီး အာဏာရှင် တံတိုင်းကြီးကို စတင်ရိုက်ချိုးမဲ့ အစဦးဖြစ်ပါလိမ့်မယ်။
အားလုံးကိုလေးစားစွာဖြင့်
( မောင်မောင်ဝမ်း )
Monday, April 23, 2012
အတိုအထွာကလေးများ
 အတိုအထွာကလေးများ
(1)          Mercury one way, Iron one way - ပြဒါးတစ်လမ်း သံတစ်လမ်း            
(2)          Hand free jasmine                         - လက်လွတ်စပယ်
(3)          Don’t make the teacher                 - ဆရာမလုပ်နဲ့
(4)          I want to break the water             - ရေချိုးချင်တယ်
(5)          Today, the sun is open                  - ဒီနေ့နေပွင့်တယ်
(6)          Please open the fire                      - ကျေးဇူးပြုပြီး မီးဖွင့်ပါ
(7)          Close the fire                                - မီးပိတ်လိုက်တော့
(8)          Stomach not hungry?           - ဗိုက်မဆာဘူးလား
(9)          Water enter run                           - ရေ၀င်ပြေး
(10)       Yesterday, My nose closed   - မနေ့က နှာခေါင်းပိတ်တယ်
(11)       Body is hot                                 - ကိုယ်ပူနေတယ်
(12)      Insert the force to the phone        - ဖုန်းအားသွင်းလိုက်
(13)      Song ear erect                    - သီချင်းနားထောင်
(14)      Ride you shoe                              - ဖိနပ်စီးတော့
(15)       Catch the big market           - ဈေးကြီးမိလာတယ်
(16)      House will come alive            - အိမ်ရှင်လာလိမ့်မယ်
(17)      Air climbed already                        - လေတက်သွားပြီ
(18)      Market are climbing                       - ဈေးတွေတက်သွားပြီ
(19)      Give black                                    - မဲပေးကြပါ
(20)      Eat the pig’s son?                         - ၀က်သားစားသလား
(21)      Trick of the rivers                          - မြစ်တို့၏ မာယာ
Thursday, February 16, 2012
Un, im, il, dis, mis နှင့် ရှေ့ဆက် အမျိုးမျိုး (Un, im, il, dis, mis and all that by Guy Perring)
အင်္ဂလိပ်ဘာသာစကားမှာ စကားလုံး ဖွဲ့စည်းဖို့ ရှေ့ဆက်နောက်ဆက်တွေကို သုံးပါတယ်။ နောက်ဆက် (Suffix) ဆိုတာ မူတည်စကားလုံးရဲ့ နောက်က ဆက်ပါတယ်။ ရှေ့ဆက်တွေကတော့ တည်ပုဒ်ရဲ့ ရှေ့မှာ ထည့်ရပါတယ်။ နောက်ဆက်တွေကတော့ တည်ပုဒ်ရဲ့ နောက်က ထည့်ရပါတယ်။ ရှေ့ဆက်တွေကို အရင် လေ့လာကြည့်ပါမယ်။
ဥပမာ invest (ရင်းနှီးမြှုပ်နှံသည်) ဆိုတဲ့ တည်ပုဒ်ကို ကြည့်ပါ။ ရှေ့ဆက် dis (ဆန့်ကျင်ဘက်ပြ) ကို ထည့်ခြင်းဖြင့် disinvest ဆိုတဲ့ စကားလုံးသစ် ဖြစ်လာပါတယ်။ ရင်းနှီးငွေကို ပြန်လည်ထုတ်ယူသည် လို့ ဆိုလိုပါတယ်။ ရှေ့ဆက်တွေဟာ သီးခြားမရပ်တည်နိုင်ဘူး၊ တည်ပုဒ်ရဲ့ အဓိပ္ပာယ်ကို ပြောင်းလဲပေးတာသာ ဖြစ်တယ်။
un, in, im, ir နဲ့ il လိုမျိုး ရှေ့ဆက်တွေ အများအပြားဟာ မရှိ၊ မဖြစ်၊ မလုပ် စသည်ဖြင့် အဓိပ္ပာယ်ရတဲ့ ဆန့်ကျင်ဘက်ပြ ရှေ့ဆက်တွေဖြစ်ပါတယ်။
အောက်ဖော်ပြပါ စကားလုံးတွေကို ကြည့်ပြီး ဆန့်ကျင်ဘက်အဓိပ္ပာယ်ရစေဖို့ သင့်တော်တဲ့ ရှေ့ဆက်ကို ရွေးထည့်ကြည့်ပါ။
__legal (ဥပဒေနှင့်အညီဖြစ်သော)
__possible (ဖြစ်နိုင်သော)
__clear (ရှင်းလင်းသော)
__formal (တရားဝင် ခန့်ခန့်ငြားငြားဖြစ်သော)
__regular (ပုံမှန်ဖြစ်သော)
အဖြေမှန်တွေကတော့ illegal, impossible, unclear, informal နဲ့ irregular တို့ ဖြစ်ပါတယ်။ ဒီနေရာမှာ တကယ်တော့ ပုံသေနည်းနဲ့ မှတ်ရင် မှားတတ်ပါတယ်။ အဓိပ္ပာယ်နဲ့ အသံထွက်တွေကို မှတ်မိအောင် လေ့လာမှတ်သားခြင်းသာလျှင် အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။
ရှေ့ဆက် Sub ကတော့ အောက်မှာ လို့ အဓိပ္ပာယ်ရပါတယ်။ ဒါကြောင sub + marine (အောက်+အဏ္ဏ၀ါ) ဆိုရင် submarine ရေငုပ်သင်္ဘော ဖြစ်သွားပါတယ်။
ရှေ့ဆက် Pre ကတော့ မတိုင်မီ လို့ အဓိပ္ပာယ်ရပါတယ်။
ဥပမာ - Paul McCartney’s failure to sign a pre-nuptial agreement has led to a potentially expensive divorce settlement. ပေါလ် မက်ကာတနီဟာ လက်မထပ်မီ သဘောတူညီချက် လက်မှတ်မထိုးထားမိခဲ့တာကြောင့် ကွာရှင်းဖို့ လုပ်တဲ့အခါ ငွေကုန်ကြေးကျများတဲ့ ဖြေရှင်းချက် ဖြစ်သွားဖို့ အလားအလာ ရှိပါတယ်။
ဒီနေရာမှာ Nuptial ဆိုတာ လက်ထပ်ခြင်းလို့ အဓိပ္ပာယ်ရတဲ့ စာဟန်အသုံးအနှုန်းဖြစ်ပါတယ်။ pre-nuptial agreement ဆိုတာ လင်မယား ကွာရှင်းမှု ဖြစ်ခဲ့သည်ရှိသော် ငွေကြေးဥစ္စာစည်းစိမ်တွေကို ဘယ်လို ခွဲဝေမလဲဆိုပြီး သဘောတူ စာချုပ် ချုပ်ထားတာကို ဆိုပါတယ်။ “pre-nuptial” ဆိုတဲ့ စကားလုံးမှာ မျဉ်းတို့ hyphen ထည့်သုံးရကြောင်း သတိပြုပါ။ အသစ်ပေါ်ပေါက်လာတဲ့ စကားလုံးတွေမှာ အဲဒီလိုဘဲ မျဉ်းတို hyphen ထည့်သုံးရတတ်ပါတယ်။
ရှေ့ဆက် mis ကတော့ မှားယွင်းစွာ သို့မဟုတ် ဆိုးရွားစွာလို့ အဓိပ္ပာယ်ရတယ်။
  • The board was misinformed about the extent of losses of its American subsidiary
    အမေရိကန်က လက်အောက်ခံ ကုမ္ပဏီမှာ အရှုံးပေါ်နေတာတွေရဲ့ အတိုင်းအတာကို ဘုတ်အဖွဲ့က အမှန်အတိုင်း မသိဘူး။
အဲဒီဥပမာမှာ ဘုတ်အဖွဲ့ကို မမှန်တာတွေ ပြောထားတယ်လို့ ဆိုလိုပါတယ်။ ဒီနေရာမှာ misinformation အပြင် disinformation ဆိုတဲ့ စကားလုံးလည်း ရှိတယ်။ လိမ်ညာလှည့်ဖြားလိုတဲ့ ပြောဆိုမှုလို့ ဆိုလိုတယ်။ “Information” ဆိုတဲ့ တည်ပုဒ်တစ်ခုထဲပေမယ့် တွဲလို့ရတဲ့ ရှေ့ဆက်တွေကတော့ တစ်ခုမက ရှိပါတယ်။
ရှေ့ဆက်တွေရဲ့ စာလုံးပေါင်းကတော့ သာမန်အားဖြင့် အပြောင်းအလဲ မရှိတတ်ဘူး။ ဒါပေမယ့် all- ရှေ့ဆက်ကတော့ altogether နဲ့ always လို စကားလုံးမျိုးတွေမှာ ‘L’ တစ်လုံး ပြုတ်ပါတယ်။
အောက်ဖော်ပြပါ အသုံးများတဲ့ ရှေ့ဆက်တွေ စာရင်းကို ကြည့်ပြီး ကွင်းခတ်ဖော်ပြထားတဲ့ အဓိပ္ပာယ်တွေကနေ တည်ပုဒ်ကို ခန့်မှန်းကြည့်ပါ။
  • Anti_____________ (hates the company of other people)
    အခြားသူတွေနဲ့ ပေါင်းသင်းဆက်ဆံရခြင်းကို မနှစ်သက်
  • Trans____________ (extending across both North and South Poles)  မြောက်နှင့်တောင် ၀င်ရိုးစွန်းများကို ဖြတ်ကျော်ဆန့်ထွက်
  • Under_____________ (less than normal)
    ပုံမှန်ထက်နည်းပါး
  • Super_______________ (part of the building above the foundation)
    အုတ်မြစ်ရဲ့ အပေါ်က အဆောက်အအုံရဲ့ အစိတ်အပိုင်း
  • Over________________ (too heavy)
    လေးလံလွန်း
  • Re___________________ (to commit money again into shares rather than spending the profits)
    အမြတ်အစွန်းကို ထုတ်ယူသုံးစွဲခြင်းမပြုဘဲ အစုရှယ်ယာများအဖြစ် ပြန်လည်ထည့်ဝင်
  • Inter_________________ (in the middle position)
    အလယ်နေရာမှာ
  • Post___________________ (a review of a finished event)
    ပြီးဆုံးသွားပြီး ဖြစ်ရပ်ကို ပြန်လည်သုံးသပ်ခြင်း
  • Ante___________________ (a large entrance or reception area)
အဖြေတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
antisocial, transpolar, undersized, superstructure, overweight, reinvest, intermediate, postmortem နဲ့ anteroom
အသုံးများတဲ့ ရှေ့ဆက်တွေနဲ့ အဲဒီရှေ့ဆက်တွေရဲ့ အဓိပ္ပာယ်ကို သိမယ်ဆိုရင် vocabulary က အလိုလို အများကြီး နယ်ကျယ်သွားတယ်ဆိုတာ သိလောက်ပြီထင်ပါတယ်။ မူလအစိတ်အပိုင်းတွေကို အလွယ်တကူ ခွဲခြားပြီး သိမြင်နိုင်မှာဖြစ်တဲ့အတွက် မှတ်သားဖို့လည်း မခက်ခဲပါဘူး။
  www.myanmar-network.net/forum/topics/un-im-il-dis-mis မှကူးယူကြောင်းတင်ပြအပ်ပါသည်။
Friday, February 10, 2012
Words for word
စာမရေးဖြစ်တာလဲ တော်တော်ကလေးကြာသွားတယ်သူငယ်ချင်းတို့ရေ- လူဘ၀ကိုရောက်လာရင်တော့ဖြင့် လူ့အသိုင်းအ၀န်းထဲကို မလွဲမသွေ နေထိုင်ရတာမို့ လူမှုရေးကလေးကလဲ လုပ်ပေးရသေးတယ်မို့လား။ လူမှု့ရေးတွေနဲ့ အလုပ်နည်းနည်းများတယ်ပဲဆိုပါတော့နော်။ အဲဒါကြောင့်ပဲ သင်တန်းလဲ မတက်နိုင် စာလဲ မဖတ်နိုင် ဖြစ်နေရတာမို့ ပြန်လည် မျှဝေဖို့ မရှိဘဲ ဖြစ်နေရတာပါ။
        ဒီနေ့တော့ စာကလေးနည်းနည်းဖတ်ဖြစ်လိုက်လို့ ဖတ်သမျှထဲက မှတ်မိတာလေးကို ပြန်လည်ပြီး မျှဝေခြင်တာကတော့ Family ဆိုတဲ့ စကားလုံးလေးပဲနော်။ လူတိုင်းသိပါတယ်နော်။ မြန်မလိုတော့ မိသားစု လို့ပဲ ခြုံငုံပြီး ခေါ်ကြတယ် သိကြတယ်ပေါ့။ ဒါကြောင့်လည်း မိသားစု အသိုက်အမြုံကလေးကိုတော့ Nuclear family လို့ခေါ်တယ်နော်။ မိသားစုတင်မဟုတ်တော့ပဲ ဦးလေးတွေ အဒေါ်တွေနဲ့ ပေါင်းစပ်ပြီး တစ်အိမ်ထဲမှာ အတူနေရင်တော့ Extended family လို့ခေါ်တယ်နော်။
   မျိုးနွယ်စဉ်ဆက်ကုလည်း family လို့ ခေါ်တယ်။ ဥပမာပေါ့နော် ဘုရားနဲ့ မိဖုရားတွေရဲ့ ဆွေမျိုးစဉ်ဆက်ကို Royal family လို့ခေါ်ပါတယ်။
   Family ဆိုတဲ့စကားလုံးနဲ့ ပူးတွဲပြီး သုံးလေ့ရှိတဲ့ တွဲလုံးတွေ အများအပြားကိုလည်း မှတ်ထားလိုက်ဦးနော်။
Family business ဆိုတာ မိသားစုပိုင် လုပ်ငန်းပါပဲ၊ မိသားစု တစ်စုအတွင်း အစဉ်အဆက် ကျင့်သုံးလာတဲ့ ဓလေ့ထုံစံကို Family tradition လို့ခေါ်တယ်နော်။ Family name ကိုလည်း တစ်နည်းအားဖြင့် `Surname လို့ ခေါ်ကြပါတယ်။ တစ်ချို့သော လူမျိုးတွေမှာ မျိုးရိုးအမည်ရှိကြတယ်မဟုတ်လား။ What's your surname? အဲဒီလိုမေးလိုက်ရင်တော့ ဖြစ်နိုင်တဲ့အဖြေကတော့  Jones, Smith သို့မဟုတ် Deng, စသည်ဖြင့် ဖြစ်မယ်။ Family tree ဆိုတာက ဆွေမျိုးဆက်ဇယားကို ဆိုလိုတာနော်။ နိုင်ငံသားစိစစ်ရေး လက်မှတ်ရဖို့ လူဝင်မှု ကြီးကြပ်ရေးဌာနမှာ Family tree ရေးဆွဲတင်ပြခဲ့ကြတာ မှတ်မိကြမယ်ထင်တယ်နော်။
   နောက်အရွယ်ရောက်လို့ အိမ်ထောင်ပြုလာရင် Family planning ကိုစဉ်းစားကြရသလို Family man ဖြစ်လာရင် သားချစ် သမီးချစ် မယားချစ် စတဲ့ အနှောင်အဖွဲ့ သံယောဇဉ်တွေ ဖြစ်တည်လာတယ်မို့လား။ အဲဒါကိုတော့ Family ties လို့ခေါ်ပါတယ်နော်။
   Family ဆိုတဲ့ စကားလုံးနဲ့ ဆက်စပ်တဲ့ စကားလုံးတစ်ချို့ကို ဆက်လက်မှတ်လိုက်ကြဦးနော်။
Household ဆိုတာ အိမ်ထောင်စုကိုဆိုလိုတာနော်။အိမ်တွင်းမိသားစုနဲ့ဆိုင်တဲ့ ကိစ္စတွေကို Domestic လို့ခေါ်ပါတယ်။ Domestic help ဆိုတာ အိမ်စေရဲ့ လုပ်အားကိုပြောတာနော်။ Domestic problem ဆိုတာကတော့  အိမ်တွင်းရေး ပြဿနာလို့မှတ်လိုက်ကြပါ။
မိသားစုထဲက ဆွေမျိုးတစ်ဦးတစ်ယောက်ကို A relation လို့ခေါ်ပြီး ဆွေမျိုးကိုတော့ relative လို့ခေါ်တယ်။ မိသားစုတွေထဲမှာလည်း တစ်ချို့ဆိုရင် ဖအေတူ၊တစ်ချို့ဆိုရင် မအေတူလို့ရှိကြတယ်၊ခေါ်လည်းခေါ်ကြတယ် အဲဒါကိုတော့ take after လို့ခေါ်တယ်နော်။ You really take after your mother. လို့ပြောလိုက်တော့ ရှင်းသွားတာပေါ့နော်။
   မိသားစုအတွင်းမှာ မျိုးရိုးလိုက်တတ်တာရှိတယ်ဆိုတာ လက်ခံနိုင်မလား၊ အဖေကထိပ်ပြောင်ရင် သားကော ထိပ်ပြောင်တတ်သလား။အဲဒါကိုတော့ hereditary လို့ပြောတာနော်။ All the men in that family are bald I suppose it's hereditary.
   Bring up ဆိုတာ raise နဲ့တူသလို မိသားစုတစ်ခုဖြစ်သွားရင် မိဘတွေမှာ သူတို့ရဲ့ သားသမီးတွေကိုပြုစုရ ပျိုးထောင်ရတာကို မလွဲမသွေယူကြရတာပဲ အဲဒါကိုတော့ Bringing up လို့ခေါ်တယ်နော်။  Bringing up children is never easy. အဲဒီလိုဆိုရင် သဘောပေါက်တယ်ပေါ့နော်။ သားသမီးကို လိမ္မာယဉ်ကျေးအောင် ပြုစုပျိုးထောင်တာကိုကြတော့ Upbringing လို့ခေါ်တယ်နော်။  As a father you must know how to give a child a good upbringing.
   မိသားစုတစ်ခုမှာ အဓိက၀င်ငွေရှာတဲ့သူကို breadwinner လို့ခေါ်တယ်နော်။ ဖခင်မရှိတော့ရင်တော့ မိခင်ပေါ့ ။My father recently lost his job so my mother's the main breadwinner now.
   ကလေးငယ်များကို တစ်ယောက်တည်းအုပ်ထိန်းသူကိုတော့ single-parent family လို့ခေါ်ပါတယ်။ မိဘမေတ္တကို Parental love. မိခင်မေတ္တာကို motherly love. ဖခင်မေတ္တာကို fatherly love လို့ခေါ်တယ်နော်။
တစ်ချို့အိမ်ထောင်သည်တွေ သားသမီးမရလို့ သူများသားသမီးကို မွေးစားကြတာရှိတယ် အဲဒီသားသမီးကို adopted son, adopted daughter စသဖြင့်ခေါ်ကြတယ်နော်။ တရားဝင်စာချုပ်နဲ့ခေါ်တဲ့သားသမီးပေါ့။
 အဲဒီလိုမဟုတ်ရင်တော့ Foster ဆိုတဲံစကားလုံးနဲ့တွဲပြီး foster father, foster mother, foster child စသည်ဖြင့် ခေါ်ကြတယ်နော် သူငယ်ချင်းတို့ရေ။
   မိဘတွေနောက်အိမ်ထောင်ပြုတာတွေကိုလည်း သိထားကြပါတယ်နော်။ အဲဒါကို ပထွေးတို့ မိထွေးတို့နဲ့ ပြောကြတာကြားဖူးမယ်ထင်တယ်နော်။ အဲဒါကိုကြတော့ Step father- ပထွေး။ Step mother- မိထွေး။ Step son, Step daughter ဖြစ်တာကိုလည်း သဘောပေါက်နော်။  နောက်ပြီး Step sister, Step brother, half-brother, half- sister ဖြစ်သွားတာလဲ မှတ်ထားလိုက်ဦးနော်။
   တစ်ချို့မိဘတွေမှာ အမွှာကလေးမွေးတာ ပါလာတတ်တယ် နှစ်မွှာပူမွေးရင်- Twins, သုံးမွှာပူးမွေးလာရင် Trip-lets, လေးမွှာပူးမွေးလာရင်တော့ quadruplets လို့ခေါ်ပါတယ်။
   အိမ်ထောင်နဲ့ ဆက်စပ်ပြီးမှ တော်စပ်တဲ့ဆွေမျိုးတွေကို in-laws လို့ခေါ်ပါတယ်နော်။
Father-in-law=ယောက္ခထီး။  Mother-in-law= ယောက္ခမ၊ brother-in-law= ယောက်ဖ၊ခဲအို၊မတ်၊ sister-in-law ယောက္ခမ၊ခယ်မ၊မရီး စသည်ဖြင့်ခေါ်တယ်လို့မှတ်ထားကြပါနော် သူယ်ချင်းတို့။ ကဲ ဒီနေ့တော့ ဒီလောက်ပဲနော်။
Wednesday, January 11, 2012
စနစ်တကျပုဒ်ဖြတ်ခြင်း
၂၀၀၃ ခုနှစ် ခရစ္စမတ်ကာလတုန်းက ဗြိတိန်နိုင်ငံမှာ မျှော်လင့်မထားဘဲ ရောင်းအားအကောင်းဆုံးစာရင်းမှာ ပါဝင်သွားခဲ့တဲ့ စာအုပ်တစ်အုပ်ကတော့ Lynn Truss ရေးတဲ့ Eats, Shoots and Leaves (စားတယ်၊ ပစ်တယ်၊ ထွက်သွားတယ်) ဆိုတဲ့စာအုပ်ပဲဖြစ်ပါတယ်။
စာအုပ်အမည်ကို ဟာသတစ်ခုကနေ ရယူထားတာဖြစ်ပါတယ်။ ပန်ဒါဝက်ဝံတစ်ကောင်က ကော်ဖီဆိုင်တစ်ဆိုင်ထဲကို ၀င်သွားပါသတဲ့။ ပန်ဒါဝက်ဝံက အသားညှပ်မုန့်တစ်ခုကို စားတယ်။ သေနတ်ကိုထုတ်၊ လေထဲထောင်ပစ်ပြီး တံခါးပေါက်ကနေ ထွက်သွားမလို့လုပ်ပါသတဲ့။ အဲဒီတော့ စားပွဲထိုးကနားမလည်တာနဲ့ ပန်ဒါဝက်ဝံကို ဒါကဘာလုပ်တာလဲလို့ မေးပါတယ်။ ၀က်ဝံက တောရိုင်းတိရစ္ဆာန်တွေအကြောင်းရေးသားထားတဲ့ စနစ်တကျပုဒ်ဖြတ်မထားတဲ့ စာအုပ်တစ်အုပ်ကိုပြပါသတဲ့။ စာအုပ်ထဲမှာ “Panda. Large black-and - white bear-like mammal, native to China. Eats, shoots and leaves.” (ပန်ဒါဝက်ဝံ၊ အဖြူနှင့်အမည်းနှစ်ရောင်စပ်ဝက်ဝံနှင့်တူသော အရွယ်အစားကြီးသော နို့တိုက်သတ္တ၀ါ၊ တရုတ်နိုင်ငံမှ ပေါက်ဖွား။ စားသည်၊ ပစ်သည်၊ ထွက်ခွာသွားသည်။) လို့ရေးထားတယ်။ (Eats shoots and Leaves= ရွက်နုနှင့် သစ်ရွက်များစားသည်။) လို့ဆိုရမယ့်အစား ကော်မာပိုထည့်မိလို့ အဓိပ္ပာယ်ပြောင်းသွားတာဖြစ်ပါတယ်။ Shoot ကို noun အနေနဲ့သုံးရင် ရွက်နု၊ Verb အနေနဲ့သုံးရင် ပစ်သည်လို့ အဓိပ္ပာယ်ပြောင်းပါတယ်။) စာရေးသူက ပုဒ်ဖြတ်မမှန်ကန်ရင် နားလည်မှုလွဲမှားနိုင်ကြောင်း၊ ဒါမှမဟုတ် ရှုပ်ထွေးမှုဖြစ်နိုင်ကြောင်းပြတာဖြစ်ပါတယ်။ ပုဒ်ဖြတ်ရခြင်း ရည်ရွယ်ချက်ကတော့ အဓိပ္ပာယ်တတ်နိုင်သလောက် ရှင်းလင်းစေဖို့ ဖြစ်ပါတယ်။
Full-stop
ပြည့်စုံတဲ့ ၀ါကျအဆုံးမှာ သုံးရပါတယ်။ ကော်မာလောက်နဲ့ မလုံလောက်ပါဘူး။ သီးခြားမရပ်တည်နိုင်တဲ့အထူးပြပုဒ်များအတွက်တော့ Full-stop ကိုမသုံးရဘူး။ ဥပမာ if the outstanding amount is not paid. (ကျန်ရှိနေသော ငွေပမာဏကို မပေးချေပါက။) လို့သုံးရင်မမှန်ဘူး။ အခုခေတ်အသုံးနှုန်းမှာ ယေဘုယျအားဖြင့် အတိုကောက်စကားလုံးတွေနောက်မှာ Full-stop ကိုမထည့်တော့ဘူး။
Question mark
သုံးပုံသုံးနည်းကတော့ သိသာထင်ရှားပါတယ်။ သတိပြုရမယ့်အချက်ကတော့ မေးခွန်းကိုတစ်ဆင့်ပြန်ပြောရင် မေးခွန်းတွေမဟုတ်တော့ဘဲ အဆိုပါဝါကျမှာလို ကတ္တားနောက်ကြိယာလိုက်တဲ့ အစီအစဉ်အတိုင်းသုံးရမယ်။ ဒါကြောင့် Question mark လည်း မလိုတော့ဘူးဆိုတာပဲဖြစ်ပါတယ်။ ‘Are you going to London next week?’ (နောက်အပတ်မင်းလန်ဒန်ကို သွားမှာလား) - Question mark လိုတယ်။ The Chairman asked if I was going to London the following week. (နောက်အပတ်ကျွန်တော် လန်ဒန်သွားမသွားဥက္ကဋ္ဌကမေးပါသည်။) - Question Mark မလိုတော့ဘူး။
 Semi-colon
ပုဒ်ဖြတ်တွေထဲမှာ နားမလည်ကြဆုံး ပုဒ်ဖြတ်ဖြစ်ပါတယ်။ Semi-colon ကကော်မာထက်စာရင် Full-Stop နဲ့ပိုပြီးနီးစပ်တယ်။ ကော်မာအစား မသုံးရဘူး။ တစ်ခါတစ်ခါ Full-stop နဲ့ Semi-colon နှစ်သက်ရာသုံးနိုင်တဲ့ အနေအထားမျိုးလည်းရှိတယ်။ Semi-colon အသုံးပြုပုံကတော့-- ဆက်စပ်နေတဲ့ ၀ါကျနှစ်ခုအကြားမှာ သုံးနိုင်တယ်။ I wrote the letter: John posted it. (ကျွန်တော်စာရေးတယ်၊ ဂျွန်ကစာတိုက်ကို ပို့ပေးတယ်။) ဒီနေရာမှာ Semi-colon အစား ကော်မာတစ်ခုတည်း သုံးရင်မှားပါတယ်။ ကော်မာနဲ့ and တွဲပြီး ဒါမှမဟုတ် ကော်မာနဲ့ but တွဲပြီးသုံးရင်တော့မှန်ပါတယ်။
- စာရင်းတစ်ခုမှာပါနေတဲ့ စကားလုံးတစ်လုံးချင်းမဟုတ်တဲ့ စကားလုံးစုတွေအကြားမှာ သုံးနိုင်ပါတယ်။ (ယခင်အချက်မှာလိုပဲ ဖြစ်ပါတယ်။)
 Comma
ကော်မာတချို့က ကော်မာကို ဖောဖောသီသီသုံးလေ့ရှိတယ်။ တချို့လည်း ချွေချွေတာတာသုံးကြတယ်။ ကော်မာကို လွတ်လပ်စွာသုံးနိုင်ပါတယ်။ အောက်ဖော်ပြပါ အရေးကြီးတဲ့စည်းမျဉ်းတွေကို လိုက်နာမယ်ဆိုရင် ပြီးပါတယ်။
- သီးခြားရပ်တည်နိုင်တဲ့ စကားစုပုဒ် ဒါမှမဟုတ် ၀ါကျတွေအကြားမှာ ကော်မာချည်းသက်သက် မသုံးရဘူး။ (Semicolon အပိုင်းမှာလည်း ရှင်းပြထားပါတယ်။ )
- အထူးပြုပုဒ်နောက်က သီးခြားရပ်တည်နိုင်တဲ့ပုဒ်လိုက်မယ်ဆိုရင် ကော်မာခံပြီးမှ သီးခြားရပ်တည်နိုင်တဲ့ပုဒ်ကို ရေးလေ့ရှိပါတယ်။ ဒါပေမဲ့ သီးခြားရပ်တည်နိုင်တဲ့ပုဒ်နောက်က အထူးပြုပုဒ်လိုက်မယ်ဆိုရင်တော့ ကော်မာသုံးလေ့မရှိဘူး။ ဥပမာ မိုးရွာနေပေမဲ့ သူလမ်းလျှောက်ထွက်တယ်ဆိုတာကို ကော်မာပါ၊ မပါနှစ်မျိုးရေးပုံကို လေ့လာကြည့်ပါ။ ကော်မာနဲ့ရေးတာက အထူးပြုပုဒ်ရှေ့မှာရှိလို့ Although it was raining, he went for a walk. ဖြစ်ပြီး ကော်မာမပါဘဲရေးတာက အထူးပြုပုဒ်က နောက်ကလိုက်လို့ He went for a walk although it was raining. ဖြစ်ပါတယ်။
 Colon
အသုံးကျမယ့် စည်းမျဉ်း ၂ ခုကိုဖော်ပြပါတယ်။
- ၀ါကျတစ်ကြောင်းကနေ နောက်တစ်ကြောင်းကို တိုက်ရိုက်ဆက်စပ်သွားတဲ့အခါ ဒါမှမဟုတ် တိုက်ရိုက်ဦးတည်သွားတဲ့အခါ colon ကိုသုံးပါတယ်။ ဥပမာ He looked out of the window: the sky was cloudy and overcast. (ပြူတင်းပေါက်အပြင်ကို သူကြည့်လိုက်တယ် - ကောင်းကင်မှာ တိမ်ဖုံးပြီးမည်းမှောင်နေပါတယ်။)
- စာရင်းတစ်ခုကို ဖော်ပြဖို့၊ ဒါမှမဟုတ် ဥပမာတစ်ခုကိုဖော်ပြဖို့ colon ကိုသုံးပါတယ်။ (ဥပမာ “for example:” “as follows:” (အောက်ပါအတိုင်း ဖြစ်ပါသည်) ဆိုပြီးသုံးလေ့ရှိတယ်။ မျဉ်းတိုအသုံးဝင်ပေမယ့် အတိအကျအဓိပ္ပာယ်ဖော်ပြဖို့ခက်တဲ့ ပုဒ်ဖြတ်အမှတ်အသားတစ်မျိုးဖြစ်ပါတယ်။ အောက်ပါတို့အတွက် သုံးနိုင်ပါတယ်။
- ထပ်ဖြည့်အတွေးတစ်ခုကို ဖော်ပြဖို့သုံးနိုင်တယ်။ We shall arrive on Monday -at least, I hope  so. (ကျွန်တော်တို့ တနင်္လာနေ့မှာရောက်ပါမယ်- အနည်းဆုံးတော့ ကျွန်တော်က အဲဒီလိုမျှော်လင့်ပါတယ်။)
- အတွေးတစ်ခုမပြီးခင် နောက်တစ်ခုက ကြားဖြတ်တာမျိုး၊ အတွေးတစ်ခုနဲ့တစ်ခု ဆက်စပ်မှုပြတ်တောက်နေတာမျိုးကို ဖော်ပြဖို့သုံးနိုင်တယ်။ ဥပမာ Winston Churchill- whom I briefly met when I was a child - had a career in Parliament which spanned 65 years. (၀င်စတန်ချာချီဟာ- ကျွန်တော်ကလေးဘ၀က ခဏလေးတွေ့ဖူးတာပေါ့ - လွှတ်တော်အမတ်လုပ်သွားတာ ၆၅ နှစ်ကြာခဲ့တယ်။)
 Quotation marks (inverted commas)
လက်သည်းကွင်း (တိုက်ရိုက်ဖော်ပြချက်)
- စကားလုံးတစ်လုံးတည်းကို တိုက်ရိုက်ကိုးကားဖော်ပြတဲ့အခါ ဒါမှမဟုတ် စကားလုံးကို ထူးခြားတဲ့နည်းလမ်းနဲ့ သုံးထားတဲ့အခါ တစ်ခုတည်းလက်သည်းကွင်းအစုံ single quotation marks (‘ ‘) ကိုသုံးပါတယ်။
- ပြောစကားကို တိုက်ရိုက်ကိုးကားဖော်ပြရာမှာ တစ်ခုတည်းလက်သည်းကွင်းအစုံ (‘ ‘) ဒါမှမဟုတ် နှစ်ခုပေါင်းလက်သည်းကွင်းအစုံ (“ “) ကိုသုံးနိုင်တယ်။ တိုက်ရိုက်ကိုးကားဖော်ပြတဲ့အထဲမှာ နောက်ထပ်တိုက်ရိုက်ကိုးကားဖော်ပြချက်ပါနေရင် လက်သည်းကွင်းပုံစံ ၂ ခုရှိတဲ့အထဲက ပင်မကိုးကားချက်အတွက် သုံးထားတဲ့ အပြင်ကလက်သည်းကွင်းနဲ့မတူတဲ့ လက်သည်းကွင်းပုံစံကို လွှဲသုံးပါ။ စာအုပ်တိုက်တွေမှာ ကိုယ်ပိုင်သတ်မှတ်ထားတဲ့ စာဟန်ရှိကြပါတယ်။ ဒါကြောင့် အထက်မှာ ဆွေးနွေးဖော်ပြခဲ့တဲ့အချက်တွေကို ယတိပြတ်လိုက်နာရမယ့် မူသေစည်းမျဉ်းတွေလို့မယူဆဘဲ လမ်းညွှန်ချက်သဘောသာ ယူဆကြဖို့ဖြစ်ပါတယ်။
အထက်ပါသင်ခန်းစာများအား Myanmar Network မှ ဖြစ်ပြီး နေ့စဉ်အခမဲ့အင်္ဂလိပ်စာသင်ခန်းစာများ လေ့လာလိုပါက www.myanmarnetwork.net တွင် သွားရောက်လေ့လာနိုင်သည်။