တတ်လို့မဟုတ်ဘူးနော် ကိုယ်ပိုင်မှတ်စုကလေးကို ပြန်ရေးထားတာပါ သူငယ်ချင်းတို့လည်း မှတ်လို့ရတာပေါ့။ I hope to you in a better day. The best preparation for work is not thinking about work, talking about work, or studying for work: it is work.Knowledge is the candle, lightening your life, brightening your brain and shining your future.All the grammar you need to know.ပိုစ်တင်နိုင်အောင် ကြိုးစားနေပါတယ် သူငယ်ချင်းတို့ရေ နည်းနည်းကလေး ကျန်းမာရေး မကောင်းလို့နော်။
Thursday, February 16, 2012
Un, im, il, dis, mis နှင့် ရှေ့ဆက် အမျိုးမျိုး (Un, im, il, dis, mis and all that by Guy Perring)
အင်္ဂလိပ်ဘာသာစကားမှာ စကားလုံး ဖွဲ့စည်းဖို့ ရှေ့ဆက်နောက်ဆက်တွေကို သုံးပါတယ်။ နောက်ဆက် (Suffix) ဆိုတာ မူတည်စကားလုံးရဲ့ နောက်က ဆက်ပါတယ်။ ရှေ့ဆက်တွေကတော့ တည်ပုဒ်ရဲ့ ရှေ့မှာ ထည့်ရပါတယ်။ နောက်ဆက်တွေကတော့ တည်ပုဒ်ရဲ့ နောက်က ထည့်ရပါတယ်။ ရှေ့ဆက်တွေကို အရင် လေ့လာကြည့်ပါမယ်။
ဥပမာ invest (ရင်းနှီးမြှုပ်နှံသည်) ဆိုတဲ့ တည်ပုဒ်ကို ကြည့်ပါ။ ရှေ့ဆက် dis (ဆန့်ကျင်ဘက်ပြ) ကို ထည့်ခြင်းဖြင့် disinvest ဆိုတဲ့ စကားလုံးသစ် ဖြစ်လာပါတယ်။ ရင်းနှီးငွေကို ပြန်လည်ထုတ်ယူသည် လို့ ဆိုလိုပါတယ်။ ရှေ့ဆက်တွေဟာ သီးခြားမရပ်တည်နိုင်ဘူး၊ တည်ပုဒ်ရဲ့ အဓိပ္ပာယ်ကို ပြောင်းလဲပေးတာသာ ဖြစ်တယ်။
un, in, im, ir နဲ့ il လိုမျိုး ရှေ့ဆက်တွေ အများအပြားဟာ မရှိ၊ မဖြစ်၊ မလုပ် စသည်ဖြင့် အဓိပ္ပာယ်ရတဲ့ ဆန့်ကျင်ဘက်ပြ ရှေ့ဆက်တွေဖြစ်ပါတယ်။
အောက်ဖော်ပြပါ စကားလုံးတွေကို ကြည့်ပြီး ဆန့်ကျင်ဘက်အဓိပ္ပာယ်ရစေဖို့ သင့်တော်တဲ့ ရှေ့ဆက်ကို ရွေးထည့်ကြည့်ပါ။
__legal (ဥပဒေနှင့်အညီဖြစ်သော)
__possible (ဖြစ်နိုင်သော)
__clear (ရှင်းလင်းသော)
__formal (တရားဝင် ခန့်ခန့်ငြားငြားဖြစ်သော)
__regular (ပုံမှန်ဖြစ်သော)
အဖြေမှန်တွေကတော့ illegal, impossible, unclear, informal နဲ့ irregular တို့ ဖြစ်ပါတယ်။ ဒီနေရာမှာ တကယ်တော့ ပုံသေနည်းနဲ့ မှတ်ရင် မှားတတ်ပါတယ်။ အဓိပ္ပာယ်နဲ့ အသံထွက်တွေကို မှတ်မိအောင် လေ့လာမှတ်သားခြင်းသာလျှင် အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။
ရှေ့ဆက် Sub ကတော့ အောက်မှာ လို့ အဓိပ္ပာယ်ရပါတယ်။ ဒါကြောင sub + marine (အောက်+အဏ္ဏ၀ါ) ဆိုရင် submarine ရေငုပ်သင်္ဘော ဖြစ်သွားပါတယ်။
ရှေ့ဆက် Pre ကတော့ မတိုင်မီ လို့ အဓိပ္ပာယ်ရပါတယ်။
ဥပမာ - Paul McCartney’s failure to sign a pre-nuptial agreement has led to a potentially expensive divorce settlement. ပေါလ် မက်ကာတနီဟာ လက်မထပ်မီ သဘောတူညီချက် လက်မှတ်မထိုးထားမိခဲ့တာကြောင့် ကွာရှင်းဖို့ လုပ်တဲ့အခါ ငွေကုန်ကြေးကျများတဲ့ ဖြေရှင်းချက် ဖြစ်သွားဖို့ အလားအလာ ရှိပါတယ်။
ဒီနေရာမှာ Nuptial ဆိုတာ လက်ထပ်ခြင်းလို့ အဓိပ္ပာယ်ရတဲ့ စာဟန်အသုံးအနှုန်းဖြစ်ပါတယ်။ pre-nuptial agreement ဆိုတာ လင်မယား ကွာရှင်းမှု ဖြစ်ခဲ့သည်ရှိသော် ငွေကြေးဥစ္စာစည်းစိမ်တွေကို ဘယ်လို ခွဲဝေမလဲဆိုပြီး သဘောတူ စာချုပ် ချုပ်ထားတာကို ဆိုပါတယ်။ “pre-nuptial” ဆိုတဲ့ စကားလုံးမှာ မျဉ်းတို့ hyphen ထည့်သုံးရကြောင်း သတိပြုပါ။ အသစ်ပေါ်ပေါက်လာတဲ့ စကားလုံးတွေမှာ အဲဒီလိုဘဲ မျဉ်းတို hyphen ထည့်သုံးရတတ်ပါတယ်။
ရှေ့ဆက် mis ကတော့ မှားယွင်းစွာ သို့မဟုတ် ဆိုးရွားစွာလို့ အဓိပ္ပာယ်ရတယ်။
  • The board was misinformed about the extent of losses of its American subsidiary
    အမေရိကန်က လက်အောက်ခံ ကုမ္ပဏီမှာ အရှုံးပေါ်နေတာတွေရဲ့ အတိုင်းအတာကို ဘုတ်အဖွဲ့က အမှန်အတိုင်း မသိဘူး။
အဲဒီဥပမာမှာ ဘုတ်အဖွဲ့ကို မမှန်တာတွေ ပြောထားတယ်လို့ ဆိုလိုပါတယ်။ ဒီနေရာမှာ misinformation အပြင် disinformation ဆိုတဲ့ စကားလုံးလည်း ရှိတယ်။ လိမ်ညာလှည့်ဖြားလိုတဲ့ ပြောဆိုမှုလို့ ဆိုလိုတယ်။ “Information” ဆိုတဲ့ တည်ပုဒ်တစ်ခုထဲပေမယ့် တွဲလို့ရတဲ့ ရှေ့ဆက်တွေကတော့ တစ်ခုမက ရှိပါတယ်။
ရှေ့ဆက်တွေရဲ့ စာလုံးပေါင်းကတော့ သာမန်အားဖြင့် အပြောင်းအလဲ မရှိတတ်ဘူး။ ဒါပေမယ့် all- ရှေ့ဆက်ကတော့ altogether နဲ့ always လို စကားလုံးမျိုးတွေမှာ ‘L’ တစ်လုံး ပြုတ်ပါတယ်။
အောက်ဖော်ပြပါ အသုံးများတဲ့ ရှေ့ဆက်တွေ စာရင်းကို ကြည့်ပြီး ကွင်းခတ်ဖော်ပြထားတဲ့ အဓိပ္ပာယ်တွေကနေ တည်ပုဒ်ကို ခန့်မှန်းကြည့်ပါ။
  • Anti_____________ (hates the company of other people)
    အခြားသူတွေနဲ့ ပေါင်းသင်းဆက်ဆံရခြင်းကို မနှစ်သက်
  • Trans____________ (extending across both North and South Poles)  မြောက်နှင့်တောင် ၀င်ရိုးစွန်းများကို ဖြတ်ကျော်ဆန့်ထွက်
  • Under_____________ (less than normal)
    ပုံမှန်ထက်နည်းပါး
  • Super_______________ (part of the building above the foundation)
    အုတ်မြစ်ရဲ့ အပေါ်က အဆောက်အအုံရဲ့ အစိတ်အပိုင်း
  • Over________________ (too heavy)
    လေးလံလွန်း
  • Re___________________ (to commit money again into shares rather than spending the profits)
    အမြတ်အစွန်းကို ထုတ်ယူသုံးစွဲခြင်းမပြုဘဲ အစုရှယ်ယာများအဖြစ် ပြန်လည်ထည့်ဝင်
  • Inter_________________ (in the middle position)
    အလယ်နေရာမှာ
  • Post___________________ (a review of a finished event)
    ပြီးဆုံးသွားပြီး ဖြစ်ရပ်ကို ပြန်လည်သုံးသပ်ခြင်း
  • Ante___________________ (a large entrance or reception area)
အဖြေတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
antisocial, transpolar, undersized, superstructure, overweight, reinvest, intermediate, postmortem နဲ့ anteroom
အသုံးများတဲ့ ရှေ့ဆက်တွေနဲ့ အဲဒီရှေ့ဆက်တွေရဲ့ အဓိပ္ပာယ်ကို သိမယ်ဆိုရင် vocabulary က အလိုလို အများကြီး နယ်ကျယ်သွားတယ်ဆိုတာ သိလောက်ပြီထင်ပါတယ်။ မူလအစိတ်အပိုင်းတွေကို အလွယ်တကူ ခွဲခြားပြီး သိမြင်နိုင်မှာဖြစ်တဲ့အတွက် မှတ်သားဖို့လည်း မခက်ခဲပါဘူး။
  www.myanmar-network.net/forum/topics/un-im-il-dis-mis မှကူးယူကြောင်းတင်ပြအပ်ပါသည်။
0 comments:
Post a Comment