တတ်လို့မဟုတ်ဘူးနော် ကိုယ်ပိုင်မှတ်စုကလေးကို ပြန်ရေးထားတာပါ သူငယ်ချင်းတို့လည်း မှတ်လို့ရတာပေါ့။ I hope to you in a better day. The best preparation for work is not thinking about work, talking about work, or studying for work: it is work.Knowledge is the candle, lightening your life, brightening your brain and shining your future.All the grammar you need to know.ပိုစ်တင်နိုင်အောင် ကြိုးစားနေပါတယ် သူငယ်ချင်းတို့ရေ နည်းနည်းကလေး ကျန်းမာရေး မကောင်းလို့နော်။
Showing posts with label ဆက်စပ်စကားလုံးများ. Show all posts
Showing posts with label ဆက်စပ်စကားလုံးများ. Show all posts

Friday, February 10, 2012

Words for word

စာမရေးဖြစ်တာလဲ တော်တော်ကလေးကြာသွားတယ်သူငယ်ချင်းတို့ရေ- လူဘ၀ကိုရောက်လာရင်တော့ဖြင့် လူ့အသိုင်းအ၀န်းထဲကို မလွဲမသွေ နေထိုင်ရတာမို့ လူမှုရေးကလေးကလဲ လုပ်ပေးရသေးတယ်မို့လား။ လူမှု့ရေးတွေနဲ့ အလုပ်နည်းနည်းများတယ်ပဲဆိုပါတော့နော်။ အဲဒါကြောင့်ပဲ သင်တန်းလဲ မတက်နိုင် စာလဲ မဖတ်နိုင် ဖြစ်နေရတာမို့ ပြန်လည် မျှဝေဖို့ မရှိဘဲ ဖြစ်နေရတာပါ။
        ဒီနေ့တော့ စာကလေးနည်းနည်းဖတ်ဖြစ်လိုက်လို့ ဖတ်သမျှထဲက မှတ်မိတာလေးကို ပြန်လည်ပြီး မျှဝေခြင်တာကတော့ Family ဆိုတဲ့ စကားလုံးလေးပဲနော်။ လူတိုင်းသိပါတယ်နော်။ မြန်မလိုတော့ မိသားစု လို့ပဲ ခြုံငုံပြီး ခေါ်ကြတယ် သိကြတယ်ပေါ့။ ဒါကြောင့်လည်း မိသားစု အသိုက်အမြုံကလေးကိုတော့ Nuclear family လို့ခေါ်တယ်နော်။ မိသားစုတင်မဟုတ်တော့ပဲ ဦးလေးတွေ အဒေါ်တွေနဲ့ ပေါင်းစပ်ပြီး တစ်အိမ်ထဲမှာ အတူနေရင်တော့ Extended family လို့ခေါ်တယ်နော်။
   မျိုးနွယ်စဉ်ဆက်ကုလည်း family လို့ ခေါ်တယ်။ ဥပမာပေါ့နော် ဘုရားနဲ့ မိဖုရားတွေရဲ့ ဆွေမျိုးစဉ်ဆက်ကို Royal family လို့ခေါ်ပါတယ်။
   Family ဆိုတဲ့စကားလုံးနဲ့ ပူးတွဲပြီး သုံးလေ့ရှိတဲ့ တွဲလုံးတွေ အများအပြားကိုလည်း မှတ်ထားလိုက်ဦးနော်။
Family business ဆိုတာ မိသားစုပိုင် လုပ်ငန်းပါပဲ၊ မိသားစု တစ်စုအတွင်း အစဉ်အဆက် ကျင့်သုံးလာတဲ့ ဓလေ့ထုံစံကို Family tradition လို့ခေါ်တယ်နော်။ Family name ကိုလည်း တစ်နည်းအားဖြင့် `Surname လို့ ခေါ်ကြပါတယ်။ တစ်ချို့သော လူမျိုးတွေမှာ မျိုးရိုးအမည်ရှိကြတယ်မဟုတ်လား။ What's your surname? အဲဒီလိုမေးလိုက်ရင်တော့ ဖြစ်နိုင်တဲ့အဖြေကတော့  Jones, Smith သို့မဟုတ် Deng, စသည်ဖြင့် ဖြစ်မယ်။ Family tree ဆိုတာက ဆွေမျိုးဆက်ဇယားကို ဆိုလိုတာနော်။ နိုင်ငံသားစိစစ်ရေး လက်မှတ်ရဖို့ လူဝင်မှု ကြီးကြပ်ရေးဌာနမှာ Family tree ရေးဆွဲတင်ပြခဲ့ကြတာ မှတ်မိကြမယ်ထင်တယ်နော်။
   နောက်အရွယ်ရောက်လို့ အိမ်ထောင်ပြုလာရင် Family planning ကိုစဉ်းစားကြရသလို Family man ဖြစ်လာရင် သားချစ် သမီးချစ် မယားချစ် စတဲ့ အနှောင်အဖွဲ့ သံယောဇဉ်တွေ ဖြစ်တည်လာတယ်မို့လား။ အဲဒါကိုတော့ Family ties လို့ခေါ်ပါတယ်နော်။
   Family ဆိုတဲ့ စကားလုံးနဲ့ ဆက်စပ်တဲ့ စကားလုံးတစ်ချို့ကို ဆက်လက်မှတ်လိုက်ကြဦးနော်။
Household ဆိုတာ အိမ်ထောင်စုကိုဆိုလိုတာနော်။အိမ်တွင်းမိသားစုနဲ့ဆိုင်တဲ့ ကိစ္စတွေကို Domestic လို့ခေါ်ပါတယ်။ Domestic help ဆိုတာ အိမ်စေရဲ့ လုပ်အားကိုပြောတာနော်။ Domestic problem ဆိုတာကတော့  အိမ်တွင်းရေး ပြဿနာလို့မှတ်လိုက်ကြပါ။
မိသားစုထဲက ဆွေမျိုးတစ်ဦးတစ်ယောက်ကို A relation လို့ခေါ်ပြီး ဆွေမျိုးကိုတော့ relative လို့ခေါ်တယ်။ မိသားစုတွေထဲမှာလည်း တစ်ချို့ဆိုရင် ဖအေတူ၊တစ်ချို့ဆိုရင် မအေတူလို့ရှိကြတယ်၊ခေါ်လည်းခေါ်ကြတယ် အဲဒါကိုတော့ take after လို့ခေါ်တယ်နော်။ You really take after your mother. လို့ပြောလိုက်တော့ ရှင်းသွားတာပေါ့နော်။
   မိသားစုအတွင်းမှာ မျိုးရိုးလိုက်တတ်တာရှိတယ်ဆိုတာ လက်ခံနိုင်မလား၊ အဖေကထိပ်ပြောင်ရင် သားကော ထိပ်ပြောင်တတ်သလား။အဲဒါကိုတော့ hereditary လို့ပြောတာနော်။ All the men in that family are bald I suppose it's hereditary.
   Bring up ဆိုတာ raise နဲ့တူသလို မိသားစုတစ်ခုဖြစ်သွားရင် မိဘတွေမှာ သူတို့ရဲ့ သားသမီးတွေကိုပြုစုရ ပျိုးထောင်ရတာကို မလွဲမသွေယူကြရတာပဲ အဲဒါကိုတော့ Bringing up လို့ခေါ်တယ်နော်။  Bringing up children is never easy. အဲဒီလိုဆိုရင် သဘောပေါက်တယ်ပေါ့နော်။ သားသမီးကို လိမ္မာယဉ်ကျေးအောင် ပြုစုပျိုးထောင်တာကိုကြတော့ Upbringing လို့ခေါ်တယ်နော်။  As a father you must know how to give a child a good upbringing.
   မိသားစုတစ်ခုမှာ အဓိက၀င်ငွေရှာတဲ့သူကို breadwinner လို့ခေါ်တယ်နော်။ ဖခင်မရှိတော့ရင်တော့ မိခင်ပေါ့ ။My father recently lost his job so my mother's the main breadwinner now.
   ကလေးငယ်များကို တစ်ယောက်တည်းအုပ်ထိန်းသူကိုတော့ single-parent family လို့ခေါ်ပါတယ်။ မိဘမေတ္တကို Parental love. မိခင်မေတ္တာကို motherly love. ဖခင်မေတ္တာကို fatherly love လို့ခေါ်တယ်နော်။
တစ်ချို့အိမ်ထောင်သည်တွေ သားသမီးမရလို့ သူများသားသမီးကို မွေးစားကြတာရှိတယ် အဲဒီသားသမီးကို adopted son, adopted daughter စသဖြင့်ခေါ်ကြတယ်နော်။ တရားဝင်စာချုပ်နဲ့ခေါ်တဲ့သားသမီးပေါ့။
 အဲဒီလိုမဟုတ်ရင်တော့ Foster ဆိုတဲံစကားလုံးနဲ့တွဲပြီး foster father, foster mother, foster child စသည်ဖြင့် ခေါ်ကြတယ်နော် သူငယ်ချင်းတို့ရေ။
   မိဘတွေနောက်အိမ်ထောင်ပြုတာတွေကိုလည်း သိထားကြပါတယ်နော်။ အဲဒါကို ပထွေးတို့ မိထွေးတို့နဲ့ ပြောကြတာကြားဖူးမယ်ထင်တယ်နော်။ အဲဒါကိုကြတော့ Step father- ပထွေး။ Step mother- မိထွေး။ Step son, Step daughter ဖြစ်တာကိုလည်း သဘောပေါက်နော်။  နောက်ပြီး Step sister, Step brother, half-brother, half- sister ဖြစ်သွားတာလဲ မှတ်ထားလိုက်ဦးနော်။
   တစ်ချို့မိဘတွေမှာ အမွှာကလေးမွေးတာ ပါလာတတ်တယ် နှစ်မွှာပူမွေးရင်- Twins, သုံးမွှာပူးမွေးလာရင် Trip-lets, လေးမွှာပူးမွေးလာရင်တော့ quadruplets လို့ခေါ်ပါတယ်။
   အိမ်ထောင်နဲ့ ဆက်စပ်ပြီးမှ တော်စပ်တဲ့ဆွေမျိုးတွေကို in-laws လို့ခေါ်ပါတယ်နော်။
Father-in-law=ယောက္ခထီး။  Mother-in-law= ယောက္ခမ၊ brother-in-law= ယောက်ဖ၊ခဲအို၊မတ်၊ sister-in-law ယောက္ခမ၊ခယ်မ၊မရီး စသည်ဖြင့်ခေါ်တယ်လို့မှတ်ထားကြပါနော် သူယ်ချင်းတို့။ ကဲ ဒီနေ့တော့ ဒီလောက်ပဲနော်။

Wednesday, December 7, 2011

words for word

ဒီနေ့တော့ သူငယ်ချင်းတို့ရေ မှတ်ခဲ့တာလေးတော့ English ကိုလေ့လာကြတဲ့ ငါတို့အားလုံး တစ်ခါတစ်ရံ မှတ်တတ်တဲ့ သတိလွတ်သွားတတ်တဲ့ In time နဲ့ On time မကွဲတတ်တာလေးကို မှတ်ခဲ့တယ်နော်။
အဲဒါလေးကို မျှလိုက်ချင်တယ်နော်။
               In time ဆိုတာ အချန်မီ၊ On time ဆိုတာ သတ်မှတ်ချိန် အတိအကျလို့ မှတ်ထားနော်။

                The train will arrive on time, so we must get to the station in time.
     ရထားက အချိန်အတိအကျ ၀င်လာမှာဆိုတော့ တို့တတွေ ဘူတာရုံကို အချိန်မီရောက်နေဖို့ လိုတာပေါ့။
at times ဆိုတာက ရံဖန်ရံခါလို့ မှတ်ထားဦးနော်။

He is a nice man but he is very queer at times.
သူသဘောတော့ ကောင်းပါရဲ့ ဒါပေမယ့် တစ်ခါတလေကျတော့ ကြောင်တောင်တောင်နိုင်တယ်။

time after time ဆိုတာက အထပ်ထပ် အခါခါ လို့ဆိုတယ်။
Once in a while ဆိုတာက တစ်ခါတလေ
Once in a blue moon ဆိုတာက ဖြစ်တောင့်ဖြစ်ခဲ တစ်ခါတလေ။
all his born days ဆိုတာက တစ်သက်လုံး တစ်ဘ၀လုံးလို့ အဓိပ္ပါယ်ရတယ်နော်။
in a moment / in a second/ in a tick / in less than no time/ in no time တို့ဟာ မကြာမီ မဆိုသလောက် အချိန်အတွင်းလို့ အဓိပ္ပါယ်ရတယ်နော်။

ကြာတဲ့အချိန်ကိုပြောချင်ရင်တော့။
For/ since +နဲ့ သုံးနှုန်းကြပါတယ်။
For a long time/ for ages/ since the year dot အရမ်းကြာပြီ လို့ ပြောလေ့ရှိတယ်။
I have been working there in this shipping line for ages.

ကြာတဲ့အချိန်ကို တစ်နည်းပြောကြည့်အောင်နော်။
 Fleeting ဆိုတာ ခဏတဖြုတ်လို့မှတ်၊
သူနဲ့တွဲလိုက်ရင်တော့ Fleeting glimpse/ fleeting visit/ fleeting smile / fleeting moment/ fleeting appearance/ စသည်ဖြင့် တွဲသုံးတတယ်နော်။
transient ဆိုတာ ခဏပန်း၊ယာယီ လို့ပြောတာ။ သူနဲ့တွဲလိုက်ရင်---
transient problems/ transient pleasure/ transient feeling/ transient population စသည်ဖြင့် သုံးတယ်နော်။

Persistent ဆိုတာ ဆက်တိုက်၊ထပ်တလဲလဲ လို့ပြောတာ။သူနဲ့တွဲလိုက်ရင်တော့။
persistent cough/ persistent problems/ persistent smell/ persistent failure စသည်ဖြင့် တွဲသုံးတယ်နော်။

inexorable ဆိုတာ မနားမနေလို့ပြောတာနော်။ သူနဲ့တွဲသုံးလိုက်ရင်တော့---
inexorable crisis/ inexorable rise/ inexorable pressure/ inexorable decline.

lingering ဆိုတာ တာရှည် ဆိုတဲ့ အဓိပ္ပါယ်ကိုပြောတာနော်။ သူနဲ့တွဲသုံးလိုက်ရင်တော့--
Lingering illness/ lingering doubt/ lingering kiss/ lingering perfume.

ကြာညောင်းနေပြီဖြစ်သော အီလေးနေသော ဆိုတဲ့စကားကိုတော့ protracted ဆိုတဲ့စကားလုံးနဲ့ တွဲလိုက်နော်။
Protracted negotiations/ protracted discussions/ protracted arguments/ protracted lunch break စသည်ဖြင့်သုံးတယ်လို့ မှတ်ထားနော်။
သူငယ်ချင်းတို့ရေ-- ဒီနေ့တို့လည်း ဒီလောက်ပဲ မှတ်လိုက်တော့မယ်နော်။

Monday, December 5, 2011

words for word


          Time ဆိုတဲ့စကားလုံးရဲ့ ဆက်စပ်မှုကလေးကို ဒီနေ့လေ့လာမိတယ်သူငယ်ချင်းတို့ ဒါပေမဲ့ Time ဆိုတာ အချိန်ကာလကိုဖော်ပြပေးတယ်ဆိုတာ အင်္ဂလိပ်စာလေ့လာသူတို့ သိကြပြီးသားပါ။ ဒါပေမဲ့ Time ဆိုတာ စံတော်ချိန် လို့လည်းခေါ်တယ်နော်။ ဥပမာ- GMT(Greenwich Mean Time) ကမ္ဘာ့စံတော်ချိန်၊ Local Time ဆိုတာ ဒေသစံတော်ချိန်ဆိုတာလည်း လူတိုင်းသိလောက်ပါတယ်။
          သို့သော်လည်း-Time ရဲ့ရှေ့မှာ a ပေါင်းလိုက်ပြီး a time ဆိုရင်တော့ ခဏတာ လို့ခေါ်တယ်၊
We waited for a time and then went home.
ကျွန်တော်တို့ ခဏစောင့်ဆိုင်းခဲ့ပြီးနောက် အိမ်ပြန်သွားခဲ့ကြတယ်။
          Time မှာ S ထည့်ပြီး ancient times/ prehistoric times/ recent times စသည်ဖြင့် ခေတ်-လက်ထက် ကိုဖော်ပြတယ်ဆိုတာလဲမှတ်လိုက်ပါဦး။
တကယ်လို့ တစ်စုံတစ်ယောက်က Time’s up လို့ ပြောလိုက်ရင်တော့ အချိန်ပြည့်ပြီး၊အချိန်စေ့ပြီလို့ ပြောလိုက်တာပဲနော်။
          ကျွန်တော်နာရီအချိန်မှန်တယ်လို့ ပြောချင်ရင်တော့ My new watch keeps excellent time. လို့ပြောလိုက်ပါ။
          နေ့ရွှေ့ ညရွှေ့မလုပ်နဲ့လို့ ပြောချင်ရင်တော့ There is no time like the present. လို့ပြောလိုက်ပါ။
          မိုးရွာတုန်း ရေခံပါ၊ အချိန်ရှိခိုက် လုံးလစိုက်ပါ လို့ပြောချင်ရင်တော့ Time and tide wait for no man. လို့ပြောလိုက်နော်။
          ကဲ-အချိန်သင့်ပြီလို့ ပြောချင်ရင်တော့ The time is ripe.လို့ပြောလိုက်နော်။
          မြန်မာမှုနယ်ပယ်သုံးတဲ့ အချိန်ရင်တော့ နပိန်ကန်ပါလိမ့်မယ်လို့ ပြောချင်ရင်တော့- The time will tell. လို့သုံးလိုက်နော်။
          သုံးပါများလို့ ရိုးအိနေပြီလို့ ပြောချင်ရင်တော့ Time worn လို့ သုံးလိုက်ပေါ့။
 Don’t use time worn expressions in your essay.

          Time duration ကိုပြတဲ့ စကားလုံးတွေကို မှတ်လိုက်ရတယ်နော်။ အဲဒါတွေကတော့
All the time တစ်ချိန်လုံး လို့ ခေါ်တယ်နော်။ You can’t be busy all the time. လို့ပြောလိုက်။
All the time ရဲ့နောက်မှာ S ပေါင်းလိုက်ပြီး all the times လို့ပြောရင်တော့ အမြဲတမ်း အချိန်မရွေး၊ လို့သာမှတ်ထားနော်။  Our staff are not available at all the times. လို့ပြောပေါ့။
From time to time ဆိုတာ မကြာမကြာလို့ ခေါ်တယ်။
ကဲ-သူငယ်ချင်းတို့ရေ ဒီနေ့တော့ ဒီလောက်ပဲ မှတ်ထားခဲ့ရတယ်နော်။

Saturday, December 3, 2011

words for word


ကဲ-မနေ့ကစခဲ့မှတ်စုကလေးကို ပြန်စလိုက်ရအောင်နော်သူငယ်ချင်တို့။
လူတွေဟာ များသောအားဖြင့် သဘာဝမဟုတ်တဲ့ synthetic ingredientsတွေကို ရှောင်ကြဉ်ကြတယ်။
အဲဒါကြောင့်လဲ whole-some” farmhouse” original” traditional” farm fresh” country fresh စတဲ့ စကားလုံးလှလှကလေးတွေကိုပဲသုံးကြတယ်နော်သူငယ်ချင်းတို့။
          ဆီးချိုရောဂါ၊နှလုံးရောဂါရှိတဲ့လူတွေအတွက်တော့ starch free, sugar free.fat free. Calorie freeလို့ရေးထားရင်တော့ စလို့ရတယ်နော်။
ဒါပေမဲ့- low-fat, low sugar, low alcohol, low calorie အဲဒီလိုရေးထားရင်တော့ ပါဝင်မှုမများဘူးလို့ ဖော်ပြတာပဲဖြစ်ပါတယ်။ ၅%နှုန်းထက်မများဘူးလို့မှတ်ထားလိုက်ပေါ့နော်။
          ဒီလိုမဟုတ်ဘဲ-reduced fat, reduced sugar, reduced calorie အဲဒီလိုရေးထားရင်တော့ ၂၅%နှုန်း လျှော့ထားတယ်လို့ မှတ်ထားပါ။
          low-fat cheese မှာတော့ fat ပါဝင်မှုနှုန်း ၅% ထက် မများနိုင်ဘူး။
          Reduced fat cheese မှာတော့ သာမန် Cheese ပါတဲ့ Fat အောက်၂၅% လျှော့နည်းတယ်လို့ မှတ်လိုက်တော့။
          အစားမက်သူ၊အစားကြူးသူကိုတော့ glutton လို့ပြောရတယ်။
          အချိုကြိုက်တယ်ဆိုရင်တော့ You have a sweet tooth. လို့ပြောလို့ရတယ်။
          ၀-မှာကိုကြောက်တဲ့ လူဆိုရင်တော့  I have to count the calories.
                                                 I have to be a bit calorie-conscious.
ပိန်ချင်တဲ့လူတွေ အသားလျှော့စားပြီ low calorie ဖြစ်တဲ့ သစ်ရွက်သစ်သီးကိုစားရမယ်လို့မှတ်နော်။
သွေးတိုးရောဂါရှိတဲ့ လူတွေကတော့ savoury dish ဖြစ်တဲ့ ငန်တဲ့အစာကိုရှောင်ကြပေတော့။
အစားအသောက်ဂျီကျရင်တော့ fussy eater လို့သာခေါ်လိုက်နော်။
အပြင်ထွက်စားလေ့ရှိရင်တော့ We always eat in and seldom eat out.
စားသောက်ဆိုင်မှာ အစားအသသောက်နဲ့ တည်ခင်းဧည့်ခံတာကို wine and dine လို့ခေါ်တယ်နော်။
အစားကိုပဲစားတယ် အရက်သောက်တာကိုရှောင်ကြဉ်သူကို teetotaler လို့ခေါ်လိုက်နော်။
          နောက်တစ်ခုဖြစ်တဲ့ dietကို နည်းနည်းလေးမျှလိုက်မယ်နော်။ အတိုင်းအချင့်နဲ့ စားရတဲ့ အစာလို့ အဓိပ္ပါယ်ရတယ်။
ဥပမာ- salt free diet ပေါ့-သွေးတိုးရောဂါအခံရှိသူများ စားကြရမယ်။
          Liquid diet ကို သွေးတိုးရောဂါ အခံရှိသူများ စားကြရမယ်လို့မှတ်။
          Soft diet ကိုတော့နှာစေးချောင်းဆိုတုပ်ကွေး ဖြစ်နေရင်တော့စားရမယ်လို့မှတ်။
          Full diet ဆိုရင်တော့ ကျန်းမာတဲ့လူတိုင်း စားလို့ရတယ်လို့ မှတ်လိုက်ပေါ့။
နောက်ဆုံးတော့လဲ ဆေးလဲ-အစာ၊အစာလဲဆေး၊လို့စကားရှိတဲ့အတိုင်း အားလုံး balanced diet ဖြစ်တဲ့ အသီးအရွက်တွေကို မျှအောင်သာစားကြပါတော့လို့ တိုက်တွန်းလိုက်ပါတယ်။

Friday, December 2, 2011

words for word

         နည်းနည်းကလေးလေရှည်ကြည့်လိုက်ချင်တယ်သူငယ်ချင်းတို့ အဲဒီအကြောင်းလေးကတော့ ဒီနေ့ ဖတ်လိုက်ရတဲ့ စကားလုံးကလေးတွေကို ပြန်ပြီးတော့မျှလိုက်ချင်လို့ပါ။ အဲဒါကတော့ Food လို့ခေါ်တဲ့ အစားစာအကြောင်းနဲ့ဆက်စပ်တဲ့စကားလုံးလေးတွေကို ပြောချင်လို့ပါ။
 ကဲစလိုက်ရအောင်နော်။
         ကလေးတွေအတွက် သီးသန့်ထုတ်လုပ်တဲ့အစာကို Baby food လို့ခေါ်တယ်။
ခွေးမွေးတဲ့အိမ်မှာဆိုရင်တော့ dog food။
အစားအသောက်စက်ရုံကသေချာစီမံထုတ်လုပ်ရင်တော့ Processed food။
မပုပ်မသိုးအောင်၊တာရှည်ခံနိုင်အောင်ထားဘို့လုပ်ထားရင်တော့ Frozen food။
ဈေးပေါပေါးနဲ့အမြန်စားလို့ရပြီတာကိုတော့ Junk foodလို့ခေါ်တယ်။
      ဒီခေတ်ကာလမှာတော့ Fast food တွေကို ၀ယ်စားရတာအဆင်ပြေတယ်လေ၊မြန်မြန်စားချင်ရင်တော့ fast food restaurant ကိုသွားလိုက်ရင်တော့ အိုကေပြီပဲပေါ့။
                 
                  နောက်တစ်ခုသွားကြည့်လိုက်ရအောင် အဲဒါကတော့ Dish ဟင်းပွဲပဲဆိုပါတော့။
သက်သတ်လွတ်စားတဲ့လူတွေအတွက်တော့ Vegetable dish။
မြန်မာချက်ထားတဲ့ဟင်းကို Myanmar dish
အိန္ဒိယချက်တဲ့ဟင်းကို Indian dish လို့ခေါ်လိုက်ပေါ့။
စားလို့ကောင်းအောင်ချက်ထားရင်တော့ delicious dish.

             အစားအသောက်တွေကို ဈေးကွက်မှာအမျိုးမျိုးပြုပြင်ထုတ်လုပ်ပြီး ရောင်းကောင်းအောင်
ထုတ်လုပ်ထားတာကိုတွေ့ကြပါလိမ့်မယ်။ ဒီလို Food products တွေကိုဝယ်တဲ့အခါ အထုပ်ပေါ်မှာ ရေထားတဲ့ label ကိုဖတ်ပြီးနားလည်လိုက်ပါ။
              ဥပမာ။ပင်ကိုယ်သဘာဝအတိုင်းစီမံထုတ်လုပ်ထားတဲ့အစားအစာဆိုရင် Organic, wholefood, wholemeal လို့တွေ့လိမ့်မယ်နော်။
သဘာဝအတိုင်းမဟုတ်ဘဲ အနံ့အတုတွေနဲ့လုပ်ထားတွေကိုတော့(ဥပမာ chocolate flavour လို့ပါရင် ချော့ကလက်အနံ့အရသာကို တုထားတဲ့အစားအစာပဲ) အလားတူ Strawberry flavour yogurt ဒိန်ချဉ်အရည်ထဲမှာ စတော်ဗယ်ရီအနံ့ကို ထည့်ထားတာလို့သိလိုက်တော့။
Orange drink ကိုလည်း အလားတူသိလိုက်ပါ။ ဒါပေမဲ့ Orange juice လို့ရိုက်ထားရင်တော့ လိမ္မော်ရည်ကိုညှစ်ပြီး အရည်ထုတ်ထားတဲ့သဘောပါတယ်။
Farmhouse chicken လို့ရေးထားရင်တော့ အသားပွဖို့ ဆေးကျွေးပြီး ပြုစုထားတဲ့ ကြက်ခြံလှောင်အိမ်က ကြက်သားလို့တာ မှတ်လိုက်ပေတော့။
တကယ်လို့ Freerange chicken လို့ရေးထာရင်တော့ ခြံကျယ်ကြီးမှာ လွတ်လပ်စွာ သွားလာ စားသောက် နေတဲ့ ကြက်ဖြစ်လို့ ပိုပြီး Natural ဖြစ်လို့၊အဲဒီကြက်သားဟာ ပိုပြီအရသာရှိတယ်။
ဒီနေ့တော့ ဒီလောက်ပဲနော် သူငယ်ချင်းတို့။