စာမရေးဖြစ်တာလဲ တော်တော်ကလေးကြာသွားတယ်သူငယ်ချင်းတို့ရေ- လူဘ၀ကိုရောက်လာရင်တော့ဖြင့် လူ့အသိုင်းအ၀န်းထဲကို မလွဲမသွေ နေထိုင်ရတာမို့ လူမှုရေးကလေးကလဲ လုပ်ပေးရသေးတယ်မို့လား။ လူမှု့ရေးတွေနဲ့ အလုပ်နည်းနည်းများတယ်ပဲဆိုပါတော့နော်။ အဲဒါကြောင့်ပဲ သင်တန်းလဲ မတက်နိုင် စာလဲ မဖတ်နိုင် ဖြစ်နေရတာမို့ ပြန်လည် မျှဝေဖို့ မရှိဘဲ ဖြစ်နေရတာပါ။
ဒီနေ့တော့ စာကလေးနည်းနည်းဖတ်ဖြစ်လိုက်လို့ ဖတ်သမျှထဲက မှတ်မိတာလေးကို ပြန်လည်ပြီး မျှဝေခြင်တာကတော့ Family ဆိုတဲ့ စကားလုံးလေးပဲနော်။ လူတိုင်းသိပါတယ်နော်။ မြန်မလိုတော့ မိသားစု လို့ပဲ ခြုံငုံပြီး ခေါ်ကြတယ် သိကြတယ်ပေါ့။ ဒါကြောင့်လည်း မိသားစု အသိုက်အမြုံကလေးကိုတော့ Nuclear family လို့ခေါ်တယ်နော်။ မိသားစုတင်မဟုတ်တော့ပဲ ဦးလေးတွေ အဒေါ်တွေနဲ့ ပေါင်းစပ်ပြီး တစ်အိမ်ထဲမှာ အတူနေရင်တော့ Extended family လို့ခေါ်တယ်နော်။
မျိုးနွယ်စဉ်ဆက်ကုလည်း family လို့ ခေါ်တယ်။ ဥပမာပေါ့နော် ဘုရားနဲ့ မိဖုရားတွေရဲ့ ဆွေမျိုးစဉ်ဆက်ကို Royal family လို့ခေါ်ပါတယ်။
Family ဆိုတဲ့စကားလုံးနဲ့ ပူးတွဲပြီး သုံးလေ့ရှိတဲ့ တွဲလုံးတွေ အများအပြားကိုလည်း မှတ်ထားလိုက်ဦးနော်။
Family business ဆိုတာ မိသားစုပိုင် လုပ်ငန်းပါပဲ၊ မိသားစု တစ်စုအတွင်း အစဉ်အဆက် ကျင့်သုံးလာတဲ့ ဓလေ့ထုံစံကို Family tradition လို့ခေါ်တယ်နော်။ Family name ကိုလည်း တစ်နည်းအားဖြင့် `Surname လို့ ခေါ်ကြပါတယ်။ တစ်ချို့သော လူမျိုးတွေမှာ မျိုးရိုးအမည်ရှိကြတယ်မဟုတ်လား။ What's your surname? အဲဒီလိုမေးလိုက်ရင်တော့ ဖြစ်နိုင်တဲ့အဖြေကတော့ Jones, Smith သို့မဟုတ် Deng, စသည်ဖြင့် ဖြစ်မယ်။ Family tree ဆိုတာက ဆွေမျိုးဆက်ဇယားကို ဆိုလိုတာနော်။ နိုင်ငံသားစိစစ်ရေး လက်မှတ်ရဖို့ လူဝင်မှု ကြီးကြပ်ရေးဌာနမှာ Family tree ရေးဆွဲတင်ပြခဲ့ကြတာ မှတ်မိကြမယ်ထင်တယ်နော်။
နောက်အရွယ်ရောက်လို့ အိမ်ထောင်ပြုလာရင် Family planning ကိုစဉ်းစားကြရသလို Family man ဖြစ်လာရင် သားချစ် သမီးချစ် မယားချစ် စတဲ့ အနှောင်အဖွဲ့ သံယောဇဉ်တွေ ဖြစ်တည်လာတယ်မို့လား။ အဲဒါကိုတော့ Family ties လို့ခေါ်ပါတယ်နော်။
Family ဆိုတဲ့ စကားလုံးနဲ့ ဆက်စပ်တဲ့ စကားလုံးတစ်ချို့ကို ဆက်လက်မှတ်လိုက်ကြဦးနော်။
Household ဆိုတာ အိမ်ထောင်စုကိုဆိုလိုတာနော်။အိမ်တွင်းမိသားစုနဲ့ဆိုင်တဲ့ ကိစ္စတွေကို Domestic လို့ခေါ်ပါတယ်။ Domestic help ဆိုတာ အိမ်စေရဲ့ လုပ်အားကိုပြောတာနော်။ Domestic problem ဆိုတာကတော့ အိမ်တွင်းရေး ပြဿနာလို့မှတ်လိုက်ကြပါ။
မိသားစုထဲက ဆွေမျိုးတစ်ဦးတစ်ယောက်ကို A relation လို့ခေါ်ပြီး ဆွေမျိုးကိုတော့ relative လို့ခေါ်တယ်။ မိသားစုတွေထဲမှာလည်း တစ်ချို့ဆိုရင် ဖအေတူ၊တစ်ချို့ဆိုရင် မအေတူလို့ရှိကြတယ်၊ခေါ်လည်းခေါ်ကြတယ် အဲဒါကိုတော့ take after လို့ခေါ်တယ်နော်။ You really take after your mother. လို့ပြောလိုက်တော့ ရှင်းသွားတာပေါ့နော်။
မိသားစုအတွင်းမှာ မျိုးရိုးလိုက်တတ်တာရှိတယ်ဆိုတာ လက်ခံနိုင်မလား၊ အဖေကထိပ်ပြောင်ရင် သားကော ထိပ်ပြောင်တတ်သလား။အဲဒါကိုတော့ hereditary လို့ပြောတာနော်။ All the men in that family are bald I suppose it's hereditary.
Bring up ဆိုတာ raise နဲ့တူသလို မိသားစုတစ်ခုဖြစ်သွားရင် မိဘတွေမှာ သူတို့ရဲ့ သားသမီးတွေကိုပြုစုရ ပျိုးထောင်ရတာကို မလွဲမသွေယူကြရတာပဲ အဲဒါကိုတော့ Bringing up လို့ခေါ်တယ်နော်။ Bringing up children is never easy. အဲဒီလိုဆိုရင် သဘောပေါက်တယ်ပေါ့နော်။ သားသမီးကို လိမ္မာယဉ်ကျေးအောင် ပြုစုပျိုးထောင်တာကိုကြတော့ Upbringing လို့ခေါ်တယ်နော်။ As a father you must know how to give a child a good upbringing.
မိသားစုတစ်ခုမှာ အဓိက၀င်ငွေရှာတဲ့သူကို breadwinner လို့ခေါ်တယ်နော်။ ဖခင်မရှိတော့ရင်တော့ မိခင်ပေါ့ ။My father recently lost his job so my mother's the main breadwinner now.
ကလေးငယ်များကို တစ်ယောက်တည်းအုပ်ထိန်းသူကိုတော့ single-parent family လို့ခေါ်ပါတယ်။ မိဘမေတ္တကို Parental love. မိခင်မေတ္တာကို motherly love. ဖခင်မေတ္တာကို fatherly love လို့ခေါ်တယ်နော်။
တစ်ချို့အိမ်ထောင်သည်တွေ သားသမီးမရလို့ သူများသားသမီးကို မွေးစားကြတာရှိတယ် အဲဒီသားသမီးကို adopted son, adopted daughter စသဖြင့်ခေါ်ကြတယ်နော်။ တရားဝင်စာချုပ်နဲ့ခေါ်တဲ့သားသမီးပေါ့။
အဲဒီလိုမဟုတ်ရင်တော့ Foster ဆိုတဲံစကားလုံးနဲ့တွဲပြီး foster father, foster mother, foster child စသည်ဖြင့် ခေါ်ကြတယ်နော် သူငယ်ချင်းတို့ရေ။
မိဘတွေနောက်အိမ်ထောင်ပြုတာတွေကိုလည်း သိထားကြပါတယ်နော်။ အဲဒါကို ပထွေးတို့ မိထွေးတို့နဲ့ ပြောကြတာကြားဖူးမယ်ထင်တယ်နော်။ အဲဒါကိုကြတော့ Step father- ပထွေး။ Step mother- မိထွေး။ Step son, Step daughter ဖြစ်တာကိုလည်း သဘောပေါက်နော်။ နောက်ပြီး Step sister, Step brother, half-brother, half- sister ဖြစ်သွားတာလဲ မှတ်ထားလိုက်ဦးနော်။
တစ်ချို့မိဘတွေမှာ အမွှာကလေးမွေးတာ ပါလာတတ်တယ် နှစ်မွှာပူမွေးရင်- Twins, သုံးမွှာပူးမွေးလာရင် Trip-lets, လေးမွှာပူးမွေးလာရင်တော့ quadruplets လို့ခေါ်ပါတယ်။
အိမ်ထောင်နဲ့ ဆက်စပ်ပြီးမှ တော်စပ်တဲ့ဆွေမျိုးတွေကို in-laws လို့ခေါ်ပါတယ်နော်။
Father-in-law=ယောက္ခထီး။ Mother-in-law= ယောက္ခမ၊ brother-in-law= ယောက်ဖ၊ခဲအို၊မတ်၊ sister-in-law ယောက္ခမ၊ခယ်မ၊မရီး စသည်ဖြင့်ခေါ်တယ်လို့မှတ်ထားကြပါနော် သူယ်ချင်းတို့။ ကဲ ဒီနေ့တော့ ဒီလောက်ပဲနော်။
0 comments:
Post a Comment